Friday 8 April 2011

မြတ်သာသနာ ဘလော့ဂ် ရည်ရွယ်ရာ..

မြတ်သာသနာ ဘလော့ဂ်၏ရည်ရွယ်ရာစေတနာမှာ…

ရခဲလှ၊ တိုတောင်းလှသောလူ့ ဘ၀ရခိုက်၊ ကြုံလဲကြုံခဲသည့်မြတ်သာသနာတွင်း…မြတ်သာသနာနှင့်ကြုံသည့်တိုင်၊ ကြိုက်လဲကြိုက်ခဲသည့် မြတ်ဆရာကောင်းထံမှ မြတ်တရားကောင်းများ နာယူရရှိဖို့ ရာ သာ၍ပင်မလွယ်ကူပါပေ။ ဤ ဘလော့ဂ်လေးမှ အနည်းငယ်သောဓမ္မအသိတို့ ကို ပေးစွမ်းနိုင်ငြားပါစေ.. လမ်းညွှန်နိုင်သည်ဖြစ်ပါစေ… များစွာပီတိဖြစ်ပါပေမည်။


ကုန်းဘောင်ခေတ်နှောင်းမှစပြီး မြန်ပြည်တစ်လွှားထင်ရှားကျော်ကြားလာခဲ့သော ပဋိပတ်ဆောင်
ဝိပဿနာအကျင့်ကောင်း၊ အကျင့်မြတ်များ ကိုယ်တိုင်ကြိုးစားကျင့်ဆောင် ပေါက်မြောက်ခဲ့ကြသည့် ရဟန္တာ၊ အရိယာအဖြစ်ကျော်ကြားကြသော….

ထွဋ်ခေါင်ဆရာတော်(၁၁၆၀-၁၂၄၂)
ဘုန်းတော်ကြီးဦးသီလ(၁၁၉၄-၁၂၆၉)

လယ်တီဆရာတော်(၁၂၀၈-၁၂၈၅)
သေက္ချတောင်တော်ဆရာတော်(၁၂၃၃-၁၂၉၃)
မိုးညှင်းဆရာတော်(၁၂၃၄-၁၃၂၆)

၁၃၀၉-ခု၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း…

သထုံဇေတ၀န်ဆရာတော်(၁၂၃၁-၁၃၁၆)
စွန်းလွန်းဆရာတော်(၁၂၃၉-၁၃၁၄)
ကန္နီဆရာတော်(၁၂၄၁-၁၃၂၈)
ဝေဘူဆရာတော်(၁၂၅၇-၁၃၃၉)
မိုးကုတ်ဆရာတော်(၁၂၆၁-၁၃၂၄)
မဟာစည်ဆရာတော်(၁၂၆၆-၁၃၄၄)

စသည်မှသည် ယနေ့ ခေတ် ဖားအောက်ဆရာတော်၊ ပခုက္ကူဆရာတော်၊ ပိုင်းလော့ဆရာတော်တို
တိုင်အောင်လက်လှမ်းမှီသမျှ ၀ိပဿနာနည်းနာများစွာမှ
“မိုးကုတ်၊ မဟာစည်၊ လယ်တီ၊ သဲအင်း၊ စွန်းလွန်း၊ ကသစ်ဝိုင်၊ ကန္နီ” စသောနည်းနာများအပြင်
ဖားအောက်၊ ပခုက္ကူ၊ ပိုင်းလော့ဆရာတော်… စသောယနေ့ ခေတ်ဝိပဿနာနည်းနာကောင်းများနှင့်
ဓမ္မကထိကအကျော်တို့ ၏ သိသိသမျှလင့်ခ်များတင်ပြပေးထားပါသည်။
မိမိသည်မှာတော့ ပိုင်းလော့ဆရာတော်ဘုရားကြီးတရားတော်များနှင့် သံဝေဂရလျှက် နာယူစုဆောင်းထားသမျှတို့ ကို 
မိမိကဲ့သို့ လေ့လာနာယူလိုသူများအတွက် လွယ်ကူစွာနာယူကျင့်ကြံအားထုတ်နိုင်ပါစေရန် ရည်သန်ကာ "မြတ်သာသနာ"
ဘလော့ဂ်အား ကြိုးစားတင်ပြလိုက်ရပါသည်။ 

ထိုမျှမက နိုင်ငံရပ်ခြားရောက် မြန်မာများအတွက် မြန်မာဖိုရမ်များ၊ မြန်မာမဂ္ဂဇင်း-ဂျာနယ်၊ မြန်မာရုပ်ရှင်-ဗွီဒီယို၊ သီချင်း၊ သတင်းစာ၊ သတင်း-မီဒီယာ မြန်မာတယ်လီဖုန်းလမ်းညွှန်၊ ကဏ္ဍစုံအတွက်လည်းလင့်ခ်များ ဖော်ပြပေးထားပါသည်။

My Blog is my personal DAIRY...

No comments: