Monday 19 September 2011

စွန်းလွန်းဆရာတော်ကြီး

 စွန်းလွန်းဆရာတော်ကြီး

၁၂၃၉ တပေါင်းလဆန်း(၂)ရက် မြင်းခြံမြို့နယ် စွန်းလွန်းရွာတွင် အဘဦးသန့်၊ အမိဒေါ်တုတ်တို့မှ ဖွားမြင်ခဲ့ပြီးငယ်နာမည် မောင်ကျော်ဒင် ဖြစ်၏။ ငယ်စဉ်က မြင်းခြံမြို့ မင်းကျောင်းဆရာတော်ထံ အပ်နှံ၍ စာပေသင်စေခဲ့သော်လည်းဉာဏ်ထုံထိုင်းလှ၍ စာကောင်းစွာမတတ်ခဲ့။ (၁၅)နှစ် အရွယ်တွင် ဖခင်ဦးသန့်နှင့်အတူ မြင်းခြံမြို့ အရေးပိုင်မင်းရုံးတော်၌မင်းခစား(၀ါ)မင်းစေအဖြစ် ၀င်ရောက် အမှုထမ်း၏။ အရွယ်ရောက်သောအခါ တစ်ရွာတည်းနေ မရွှေရီနှင့်လက်ထပ်ပြီးသားသမီး (၄)ယောက် ထွန်းကားသော်လည်း (၃)ယောက်မှာ ငယ်စဉ်ကပင် သေဆုံးခဲ့၏။ ယာသမားဘ၀ဖြင့်
ကုသိုလ်ပြုဆုတောင်းခြင်းကို ဦးကျော်ဒင်သည် မင်းခစားအလုပ်ဖြင့် တိုးတက်ရန် လမ်းစမမြင်၍ အသက် (၃၀)အရွယ်တွင်အလုပ်မှနုတ်ထွက်ပြီး မိဘတို့၏ လက်ငုတ်ယာအလုပ် လုပ်ကိုင်၏။ ယာသစ်တစ်ကွက် ထပ်ဝယ်ပြီး ယာသစ်ထဲတွင်နှမ်းကြဲရာမှ နှမ်းတင်းရေ (၄၀)တိတိထွက်သဖြင့် ဆီကြိတ်ပြီး၊ ဘုရား (၉)ပိသာ၊ သံဃာ(၉)ပိသာလှူ၏။(၈.၁၀.၁၉၁၉)တွင် ရေစက်ချပရိတ် တရားနာယူပြီး ညဘက်တွင် ရွာအရှေ့တောင်ဘက်စေတီ၌ဆီမီးများထွန်းညှိပူဇော်၏။ ကြွရောက်လာသော ပရိသတ်များကို ဒေါ်ရွှေရီက ကွမ်းဆေးလက်ဖက်ဖြင့် ဧည့်ခံနေစဉ်ဦးကျော်ဒင်သည် စေတီတော်နားကပ်ပြီး ဆီမီးများကိုကြည့်နေ၏။ ဆီမီးမီးစာအဖျားမှ မဲလာပြီးဆီမီးညွန့်ကလေးများတလျှပ်လျှပ်နှင့် ဆီများဆူပွက်နေသည်ကို မြင်ရသောအခါ ကြက်သီးမွေးညှင်းထကာ ဦးကျော်ဒင်တစ်ကိုယ်လုံးတုန်တုန်သွား၏။ အခုနေအခါ ငါဆုတောင်းရရင် ရတော့မှာပဲဟု ယုံကြည်နေခိုက်၊ ရဟန်းဘောင်တက်လိုသောဆန္ဒပြင်းပြစွာ ဖြစ်ပေါ်လာသဖြင့် “ ရဟန်းဖြစ်ရပါလို၏။ ရဟန်းဖြစ်သောအခါ တရားဟောပြော ဆုံးမရပါလို၏။ သတ္တ၀ါတွေ
ငါဟောပြော ဆုံးမတဲ့အတိုင်း ငါကဲ့သို့ တရားကျင့်ကြံအားထုတ်နိုင်ကြပါစေသတည်း ” ဟု လှိုက်လှိုက်လှဲလှဲ သဘောကျဆုတောင်းလိုက်၏။ ဆုတောင်းတဲ့အတိုင်း ရတော့မှာပဲ ဟုလည်း အလွန်ဝမ်းသာနေ၏။ ထိုနှစ်မှာပင် ဥစ္စာပစ္စည်းအထူးတိုးတက်လာသဖြင့် ခုနေများသေသွားရင် ကုသိုလ်ဆိုလို့ တစ်စက်မှမရှိဘူး၊ အကုသိုလ်ချည်းပဲ၊ ပစ္စည်းကလည်းဒီနှစ်မှ သိပ်တိုးတက်လေတော့ သေချင်လို့ပဲလားဟု တွေးတောမိပြီး သေရမှာ အကြောက်ကြီး ကြောက်လာမိ၏။
အိပ်မက်မက်ခြင်း
၁၉၂၀ မတ်လ ညတစ်ညတွင် “ ငါယခုသာစကားပြောမယ်၊ နောက်ကို ငါစကားမပြောတော့ဘူး ” ဟု
ဘုရားဆင်းတုတော်က စကားပြောသည်ကို အိပ်မက်မက်၏။ နောက်များမကြာမီ “ လမ်းမှန်လိုက်ချင်ရင် လမ်းဆုံ လမ်းမလမ်းလေးခွကနေ စောင့်ပါ၊ လမ်းမှန်ပြတတ်တဲ့ပုဂ္ဂိုလ် ပေါ်လာပါလိမ့်မယ်ဟု အိပ်မက်မက်ပြန်၏။ “ အိပ်မက်အတိုင်းလမ်းဆုံ လမ်းမ လမ်းလေးခွ ထောင့်တွင်ရှိသော ဦးကျော်ဒင်၏အိမ်ရှေ့တွင် မဏ္ဍပ်ထိုးရာ (၃)ရက်မြောက်ညတွင်စတီးဘရားသား စက်ထဲမှ စာရေးကြီးဦးဘစံမပင့်မဖိတ်ဘဲ ရောက်လာပြီး လယ်တီဆရာတော် ဘုရားကြီး၏ ၀ိပဿနာ
အာနာပါန အကြောင်းပြောပြ၏။ အာနာပါနဟု ကြားလိုက်လျှင်ပင် ဦးကျော်ဒင်သည် ကြက်သီးတွေ
တဖြန်းဖြန်းနှင့်ဖြစ်လာပြီး၊ ဒီတရားတော့ငါအားထုတ်ရရင် ရတော့မှာပဲဟု ယုံကြည်ပြီး ၀မ်းသာမိ၏။ ထို့နောက်ငါ့မှာစာတစ်လုံးမှ မတတ်ဘူး၊ တရားအလုပ်က စာတတ်မှဖြစ်မယ်ဆိုရင် အခက်ပဲ ဟုလည်း တွေးမိပြန်၏။
ထိ၊သိ၊သတိ တရား စတင်အားထုတ်ခြင်း
“ စာတတ်တာ၊ မတတ်တာ လိုရင်းမဟုတ်ပါဘူး ၊ သဒ္ဓါနဲ့ဝီရိယ သာလိုရင်းပါ ” ဟု နောက်နေ့ညတွင်
စာရေးကြီးဦးဘစံကပြောသဖြင့် မုချတရားရတော့မှာပဲဟု ယုံကြည်ပြီး အလွန်ထက်သန်သော သဒ္ဓါ၊၀ီရိယဖြင့်အာနာပါနကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်တော့၏။ တစ်နေ့တွင် ဦးရွှေလုပ် ရောက်လာပြီး အသိလိုက်ရသေးတယ်၊ကုသိုလ်ရတယ်ဟုပြောသဖြင့် ကုသိုလ်ရရင်လုပ်မယ်ကွာဆိုပြီး ရှူပြန်လည်း နှာသီးဖျားမှာ လေတိုးထိတော့ သိတယ်၊သိတဲ့အပေါ်မှာ သတိထားပြီးရှူ၏။ လမ်းသွားလည်း မြေကြီးနဲ့ ခြေဖ၀ါးထိတော့ သိတယ်၊ သိတဲ့အပေါ်မှာသတိထားပြီးသွား၏။ ပေါင်းထိုးတော့လည်း သတိနဲ့ထိုး၊ ပေါက်တူးပေါက်လည်း သတိနဲ့ပေါက်၊ ရေခပ်လည်း သတိနဲ့ခပ်၏။
နေ့ညမပြတ် အချိန်ရတိုင်း အိမ်(သို့)ယာခင်းထဲတွင်တရားအားထုတ်သည့်အပြင် မောင်ရင်ပေါ်ချောက်တောထဲ၌လည်းသဒ္ဓါ၊၀ီရိယ ထက်သန်စွာဖြင့် ညဥ့်အိပ်ညနေအားထုတ်ပြန်၏။ အားထုတ်ပါများသဖြင့် ကိုယ်ပေါ်၌ ဒုက္ခဝေဒနာများပေါ်လာသောအခါ ဝေဒနာ၏ မမြဲခြင်းနှင့် ဆင်းရဲခြင်းသက်သက်မျှသာရှိသော အမှန်တရားကို သိစေရန်ဝေဒနာပေါ်သတိကပ်ပြန်၏။ သမာဓိအားကောင်းလာပြီး အလင်းရောင်များပေါ်လာသောအခါ ငါဒီတရားအားထုတ်လို့
ဘုရားရောင်ခြည်တော်ဖူးရတယ်ဟု ၀မ်းသာအားရဖြင့် ကြိုးစားအားထုတ်ပြန်၏။ မပြတ်မလပ် ကြိုးစားအားထုတ်ပါများလာသည်နှင့်အမျှ စကားပြောလျှင်ပါ မိမိနားလည်လာသော သဘာဝတရားကိုသာ ပြောတော့ခြင်းကြောင့်အရပ်ထဲကလူများနှင့် စကားပြောမတည့် ဖြစ်လာ၏။ အရပ်ထဲရှိလူများက ဒီအကောင်တော့ ရူးပြီ၊ ရူးပြီဟု ပြောကြ၏။ ဦးကျော်ဒင်ကမူ ရူးတာ ကောင်းတယ် ခေါ်သူ၊
ပြောသူမရှိဘူး၊ စကားလည်းမပြောရဘူး၊ နေရာကျလိုက်တာဆိုပြီးတရားအလုပ်ကိုသာ နေမအားညမအား အားထုတ်တော့၏။ သမာဓိအား အလွန်ကောင်းလာသဖြင့် မိမိခန္ဓာကိုယ်ကို
မှန်ထဲမှာမြင်ရသလို လူတွေဗိုက်ထဲမှ အသည်းနှလုံးကစပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းတို့ကို သေချာစွာမြင်ရ၏။ အောက်ကြည့်ပြန်လျှင်လည်း ခွေးသေကောင်ပုပ်မှာ လောက်တွေခေါင်းချင်းစီပြီး တိုးဝှေ့နေသလို ငရဲသူ ငရဲသားများကိုမြင်ရ၏။
တစ်လစီခြား၍ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် တရားထူးများရတော်မူခြင်း
၁၉၂၀ ဧပြီလခန့်တွင် တရားစတင်အားထုတ်ခဲ့ရာ (၁၂.၈.၁၉၂၀) ည (၁၀)နာရီ ခန့်တွင် ပထမအကြိမ်
တရားထူးရတော်မူ၏။ ဆက်လက်တရားအားထုတ်သောအခါ ဒေါ်ရွှေရီက အိမ်အလုပ် ပျက်တယ်ဆိုကာ စူဆောင့်ပြီးတရားအားထုတ်နေသော ဦးကျော်ဒင်အား ခုတင်ပေါ်မှ တွန်းချ၏။ ကြမ်းပြားများကိုလည်း တစ်ချောင်းစီအကုန်ဆွဲနုတ် ၏။နောက်ဆုံး ကြမ်းတစ်ချောင်းမျှ မကျန်သော်လည်း ဦးကျော်ဒင်က ဆင့်ပေါ်တွင်ပေပြီး မလှုပ်မယှက် အားထုတ်မြဲအားထုတ်နေ၏။ ဘာမှအသုံးမကျဘူး တေမိလိုပဲ၊ ဒါလောက်တောင် တရားအားထုတ်ချင်ရင် ကျောင်းသွားပြီးဘုန်းကြီးလုပ်နေပါလား စသည်ဖြင့် နေ့စဉ်လိုလို အမျိုးမျိုး မြည်တွန်တောက်တီး၊ ဆူပူကြိမ်းမောင်း ပြောဆိုသည်ကိုလည်းခံရ၏။ ဒုက္ခဝေဒနာပေါ်မှာ သတိလိုက်ပါများလာသည်နှင့်အမျှ ဒေါသဖြစ်ရမည့်အစား တစ်စထက်တစ်စသည်းခံလာနိုင်ခြင်းကြောင့် သူတကာက “ နင့်အမေ၊ နင့်နှမနဲ့” ဆဲလိုက်လျှင် မကြိုက်တဲ့စိတ်ဖြစ် ပေါ်လာသော်လည်းဒေါသပါလားဟု သတိရလိုက်ခြင်းကြောင့် ဒေါသဆက်မဖြစ်တော့ဘဲ အဖြစ်လည်းနည်းလာ၏။ ရူပါရုံကလေး မြင်သောအခါ
သာယာမှုဖြစ်လာသော်လည်း သာယာတာက လောဘ၊ မျက်စိကမြင်ရုံတင်မြင်တာ ရူပါရုံကသညာ၊ နင်နဲ့ဘာဆိုင်သတုံးဟူသောအသိက သာယာမှုကိုဖြတ်လိုက်၏။ နောက်တော့ ကြားတာလည်း အသိနဲ့ဖြတ်၊ ထိတာလည်း အသိနဲ့ဖြတ်၊နံတာလည်း အသိနဲ့ဖြတ်၊ ထိုသို့ ဖြတ်ဖြတ်သွားရင်း
အာရုံနောက်သို့လိုက်သောစိတ် များနည်းလာသည်နှင့်အမျှ
လောကီသာယာစိတ်များလည်း တဖြည်းဖြည်းနည်းလာ၏။ ဆက်လက် အားထုတ်ရာ (၁၁.၉.၁၉၂၀) ည(၁၀)နာရီခန့်တွင်
ဒုတိယအကြိမ် တရားထူးရတော်မူပြန်၏။
တစ်ကြိမ်ရပြီးဖြစ်၍ သွားလမ်းလာလမ်း သိပြီးဖြစ်သဖြင့် အတွင်းဝေဒနာတက်ခြင်းမျှလောက်သာ ထူးခြား၏။
ဦးကျော်ဒင်သည် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ မိမိတရား အလုပ်ကိုသာ မလျှော့တမ်း ဇွဲသန်သန်ဖြင့် ကြိုးစားအားထုတ်ခဲ့ရာ
(၁၀.၁၀.၁၉၂၀) ည(၁၀)နာရီခန့်တွင် တစ်ကိုယ်လုံးရှိသမျှ အကြောအခြင်တွေ ပြတ်သွားမတတ်
အလွန်ပြင်းထန်လှသည့်ဝေဒနာကို သည်းခံပြီးနောက် တတိယအကြိမ်တရားထူးကို ရတော်မူပြန်၏။
နောက်တစ်နေ့၌ မိမိရှေ့တွင် မိုးကြိုးကျသော်လည်း အလျင်းပင် မထိတ်လန့်မတုန်လှုပ်တော့သည်ကို တွေ့ရ၏။
လူ့ဝတ်ကြောင်ဘ၀ကို သေခန်း၊ ရှင်ခန်းဖြတ်ခြင်း ဆက်လက်တရားအားထုတ်ရင်း အာရုံနောက် တစ်ကောက်ကောက်
လိုက်နေကြသည့် လူတွေကြား မနေလိုစိတ်၊ ရဟန်းပြုလိုစိတ် ပြင်းထန်စွာ ဖြစ်ပေါ်လာသဖြင့် ဇနီးသည်ထံ
သာသနာဘောင် ၀င်ခွင့်တောင်းရာ ခွင့်မပြုသဖြင့် အတော်ကြာသွား၏။ တခြားလူများကပါ ဒေါ်ရွှေရီကို နားချတော့မှ
ဆယ့်လေးငါးရက်ခန့် ခွင့်ပေးသော်လည်း ဒေါ်ရွှေရီက ထယ်ရေးပက်လက်နဲ့မို့ ရဟန်းမခံမီ ပဲကလေးကြဲပေးခဲ့ရန်
ပြောသဖြင့် ပဲကြဲရန် (၁.၁၁.၁၉၂၀) တွင် နွားတစ်ရှဉ်း နှင့် ယာထဲဆင်းရပြန်၏။ ယာထဲရောက်၍ ထွန်ပေါ်တက်၊
နွားငေါက်သောအခါ ဘယ်တုန်းကမှ ထုံပေပေ မနေတတ်သော နွားနှစ်ကောင်သည် လှည့် ကြည့်၊လှည့်ကြည့်နှင့် မသွားဘဲ
ရပ်နေကြ၏။ ငါတော့မဖြစ်ချေဘူး၊ နွားနှစ်ကောင်ကတောင် နှင်နေပါပေါ့လား၊ “ ဒီတစ်ခါမှ ကိုယ့်ဟာကိုယ်မဆုံးဖြတ်နိုင်ရင်
ဘာအသုံးကျသေးလဲဟု ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ပြီး ထွန်ပေါ်ကဆင်း၊ ထွန်ကလန့်ကိုဖြုတ်၊ ထွန်ကိုင်း ကိုကိုင်၊
ထွန်တုံးကိုထောင်ကာ မင်းတို့နဲ့ ငါနဲ့တော့ သေခန်းရှင်ခန်းပြတ်ကရောပေါ့ကွယ် ဟုဆိုပြီး နွားနှစ်ကောင်ကိုပါ ကြိုးဖြုတ်၍
ဘေးမဲ့ပေးလိုက်တော့၏။” ဘုန်းကြီးကျောင်းသို့ အသွားလမ်းတွင် ဒေါ်တင်က ဧကသီအနွမ်းကလေးတစ်ထည်ကို
ဒေါ်ရွှေရီမသိစေနဲ့ ဟုမှာပြီးပေးလိုက်၏။ ဘုန်းကြီးကျောင်း ရောက်သောအခါ ဘုန်းကြီးက သင်းပိုင်တစ်ထည်စွန့်ပြီး
ရှင်က၀ိဆိုသောဘွဲ့နှင့် ရှင်သာမဏေအဖြစ် ချီးမြှင့်ပေးလိုက်၏။ ဆုတောင်းတာနဲ့ ရဟန်းဖြစ်တာ တစ်နှစ်သာကြာ၏။
သာမဏေဖြစ်သည်နှင့်တစ်ပြိုင်နက် ရှင်က၀ိသည် စွန်းလွန်းရွာ တောင်ဘက် မောင်ရင်ပေါ်ချောက်သို့
တစ်ကိုယ်တည်းသွားပြီး တရားအားထုတ်နေတော့၏။ ဦးကျော်ဒင်သင်္ကန်းဝတ်ပြီး (၅) ရက်အကြာတွင် ဦးရွှေလုပ်လည်း
ရှင်ဝိဇယအမည်နှင့် သင်္ကန်းဝတ်ပြီး ရှင်က၀ိနှင့်အတူ လာရောက်နေထိုင်၏။
ကိုရင်ကြီးဘ၀ဖြင့် ရဟန်းကိစ္စပြီးခြင်း၊သာသနာပြုတော်မူပြီး ခန္ဓာဝန်ချတော်မူခြင်း
တစ်နေ့ ကျောင်းဘေးနားတွင် မှိုကြီးတစ်ပွင့်ပေါက်နေသည်ကို ကိုရင်ကြီးရှင်က၀ိတွေ့မြင်ရ၍ ဆွဲနုတ်လိုက်ရာ
မှိုငုံကလေးများပါ တစ်အုံလုံးပါလာသဖြင့် သံသရာဝဋ်ဒုက္ခမှ ကျွတ်လွတ်တော့မည့် အတိတ်နိမိတ်ဟု အားတက်ကာ
အရိုးကြေကြေ အရေခမ်းခမ်း မပြတ်မလပ် နောက်မဆုတ်တမ်း ဆက်လက်အားထုတ်၏။ (၉.၁၁.၁၉၂၀) အင်္ဂါနေ့ည
(၁၀)နာရီခန့်တွင် ငွေစောင်းတန်းကြီးတစ်ခုကို မြင်လာပြီး ၀ီဝီ၀ီဝီဟု မြည်လျက် ရထားပျံတစ်စင်း အလွန်အရှိန်ပြင်းစွာဖြင့်
မိမိထံ တည့်တည့်လာနေသည်ကို တွေ့သော်လည်း ဂရုမစိုက်ဘဲ တရားကိုသာ အားထုတ်မြဲ အားထုတ်နေစဉ်
ခန္ဓာကိုယ်ကြီးပေါ့လာကာ အထက်သို့မြောက်သွား၏။ ငြိမ့်ခနဲဖြစ်သွားသဖြင့် ကြည့်သောအခါ ရထားက
မိမိအောက်သို့ရောက်နေပြီး ထောင့်လေးထောင့်တွင် နတ်မင်းကြီးလေးပါးနှင့် လက်ယာဘက်တွင်
သိကြားမင်းကိုမြင်ရခြင်းကြောင့် တရားထူးရတော့မည်ဖြစ်၍ လာရောက်စောင့်ရှောက်သည်ဟု ထင်မိပြီး ဣရိယာပုတ်ကို
မပြင်ဘဲ တရားအားထုတ်မြဲအားထုတ်ရာမှ စတုတ္ထ အကြိမ် နောက်ဆုံးတရားထူးကို ရခြင်းဖြစ်၏။ ရှင်က၀ိသည်
ကိစ္စပြီးသည်နှင့် သတိရ၍ ကြည့်လိုက်ရာ သိကြားမင်းအပါအ၀င် နတ်မင်းကြီးလေးပါးနှင့် ရထားပျံပါ
ကွယ်ပျောက်သွားကြ၏။ ထိုသို့ စတုတ္ထ မဂ်ရပြီးနောက် အထက်ဘ၀ဂ်မှ အောက်အ၀ီစိတိုင်အောင်
ဟင်းလင်းပြင်ကြီးဖြစ်ကာ အကုန်အစင်မြင်ရ၏။ အတွင်းလောကသုံးပါး၊ အပြင်လောကသုံးပါး၊ ဘုရားဂုဏ်တော်၊
တရားဂုဏ်တော်များကိုလည်း ကွက်ကွက်ကွင်းကွင်းသိမြင်လာ၏။ နတ်ပြည်ပြန်သွားကြသော
သိကြားမင်းနှင့်နတ်မင်းကြီးလေးပါးက လူ့ပြည်မှာ ရဟန္တာတစ်ပါးပေါ်ထွန်းနေပြီ သွားဖူးကြဟုတစ်ခဲနက်
ကြွေးကြော်နေသည်ကိုပါ တွေ့မြင်ရ၏။ ထို့နောက် ဘုမ္မစိုး၊ ရုက္ခစိုးနတ်များနှင့်တကွ အထက်နတ်ဗြဟ္မာများ
ဖူးမျှော်ကန်တော့လာကြသည်ကို ကြည့်မဆုံးနိုင်အောင် မြင်ရ၏။ အတိတ်ဘ၀ ဇာတ်ကြောင်းအထွေထွေ ရှင်က၀ိသည်
မိမိဘယ်ဘ၀ကလာသည်ကို အကျိုးပေါ်ကနေပြီး အကြောင်းကို ဆင်ခြင်ကြည့်ရာ တိရစ္ဆာန် အမျိုးမျိုး ဖြစ်ခဲ့သည်ကများပြီး
လူဘ၀ရတာ အလွန်နည်းကြောင်းတွေ့ရ၏။ ကျင်လည်ခဲ့သမျှ ဘ၀များကို ကြည့်မဆုံးနိုင်သဖြင့် ဘယ်ဘ၀က
အကြောင်းကြောင့် ယခုဘ၀အကျိုးထူးရသည်ကို အမြန်သိအောင် အဓိဋ္ဌာန်ယူပြီး ကြည့်တော့မှ ယခုဘဒ္ဒကမ္ဘာ
ကဿပဘုရား လက်ထက်တော်က ကျေးသားကြက်တူရွေး ဘ၀ဖြင့် ဘုရားရှင်အား သစ်သီးကပ်လှူ ဆုတောင်းခဲ့ဖူးသော
အကြောင်းကို တွေ့ရ၏။ အဟိတ်တိရစ္ဆာန်ပင် ဖြစ်သော်လည်း ပါရမီအထုံနှင့် ကုသိုလ်ဟုန်မကင်းသောကြောင့်
ကဿပဘုရားရှင်ကို ဖူးမြင်ရသည့် တစ်ခဏ၌ အလွန်ထူးမြတ်တဲ့ ပုဂ္ဂိုလ်ပါလားဟု အောက်မေ့ဆင်ခြင်
ဇောစေတနာဝင်သဖြင့် ကဿပဘုရားရှင်ထံတော်ပါး၌ အတောင်နှစ်ဘက်ထိပ်မှာ ယှက်မိုးလျက် ရှိခိုးပူဇော်ကာ
သစ်သီးဆွမ်းလှူဒါန်းရှာ၏။ ဘုရားရှင်က အလှူခံတော်မူပြီး ဤဒါနကောင်းမှုကြောင့် သင်လိုလား တောင့်တတဲ့ဆုအတိုင်း
ပြည့်စုံစေလို့ မိန့်ခွန်းတော်ချွေလိုက်၏။ ဘုရားရှင် ကြွသွားတော်မူသည်ကို ရှုမျှော်ရင်း ဤအရှင်မြတ်အား တတ်စွမ်းသမျှ
သစ်သီးဆွမ်းဒါနဖြင့် ဆက်ကပ်လှူဒါန်းရသည်မှာ လွန်စွာအဖိုးထိုက်လေစွဟု ကျေးသားလေးမှာ ၀မ်းသာအားရ
ရွှင်လန်းစွာဖြင့် မြွက်ဆိုကျူးရင့်၏။ ထူးမြတ်သော စေတနာဇော အလွန်သန်သဖြင့် ကျေးသားဘ၀ စုတေသောအခါ
ကာမသုဂတိ ခုနစ်ဘုံတွင် သူတကာနဲ့မတူအောင် စည်းစိမ်တွေအမျိုးမျိုး ခံစားခဲ့ရပြီး လူ့ပြည်သို့ ရောက်ပြန်တော့လည်း
တက္ကသိုလ်ပြည်ဌာန၌ အလွန်ထင်ရှားသော ပါမောက္ခဆရာကြီးတစ်ပါး ဖြစ်ရပြန်၏။ ဆေးဆရာကြီးဘ၀တုန်းက
တွေ့ကြုံဆက်ဆံဖူးသူတိုင်း ငါ့ထံရောက်ကြလိမ့်မယ်၊ ငါဆုံးမတဲ့အတိုင်း ငါ့တရားကို အားထုတ်နိုင်ကြလိမ့်မယ်ဟု
အမိန့်ရှိတော်မူခဲ့ဖူး၏။ ၎င်းဘ၀မှ တစ်ဖန်စုတေ၍ သံသရာကျင်လည်ခဲ့ပြန်သော် ဂေါတမဘုရားသာသနာတော်အတွင်း
သုဝဏ္ဏ ဘုမ္မိသထုံပြည်ကြီးကို စိုးမိုးအုပ်ချုပ် မင်းလုပ်တော်မူခဲ့သော သာသနာ့ဒါယကာ မနုဟာမင်းကြီး
ဆည်းကပ်ကိုးကွယ်ရာ ဘားမဲ့ဆရာတော် ဖြစ်ရပြန်၏။ ၄င်းဘ၀မှ တစ်ဖန်စုတေ၍ သံသရာကျင်လည်ခဲ့ပြန်ရာမှ မြင်းခြံမြို့
စွန်းလွန်းရွာရှိ ခမည်းတော်ဦးသန့်၊ မယ်တော်ဒေါ်တုတ်၏ ၀မ်းတွင် ကိန်းအောင်း၍ စွန်းလွန်းဂူကျောင်း
ဆရာတော်လောင်းလျာကို မွေးဖွားလာခြင်းဖြစ်၏။ ကိုယ့်အကျိုးအောင်လို့ အများအကျိုးဆောင်နိုင်ပြီ
ရဟန်းကိစ္စပြီးသည့်နောက် နှစ်ပေါင်း (၃၁)နှစ်တိုင်တိုင် ဝေနေယျများစွာတို့၏ အကျိုးအတွက် နိဗ္ဗာန်လမ်းပြ
တရားအားထုတ်နည်းနှင့် သစ္စာလေးပါးတရားတော်မြတ်များကို ဟောကြားညွန်ပြ ဆုံးမတော်မူသွား၏။
စွန်းလွန်းဆရာတော်ဘုရားကြီးထံတွင် ဆရာစန္ဒြ တရားအားထုတ်စဉ်က တပည့်တော် ပညာဓိက ဘုရားဆု
ပန်ထားပါသည်ဘုရား၊ ဤဘ၀တွင်မဂ်တရား၊ ဖိုလ်တရားမလိုချင်သေးပါဟု လျှောက်မိရာစွန်းလွန်းဆရာတော်ကြီးကမင်းသတ္တိ ကောင်းတဲ့ကောင်ပဲ၊ ခံပေဦးတော့၊ တို့တော့အေးရာကို မြန်မြန်သွားချင်ပြီ၊ အေးတဲ့နေရာအကောင်းဆုံးပဲဟုမိန့်တော်မူပြီးနောက် လေးငါးနှစ်ခန့်အကြာ (၁၇.၅. ၁၉၅၂) စနေနေ့တွင် ခန္ဓာဝန်ချတော်မူ၏။“ငါသေရင်ဘာမှမလုပ်နဲ့
ထိုးထားလိုက်”ဟူသောမိန့်ကြားချက်အတိုင်း ဆရာတော်ဘုရားကြီး၏ (အူ၊ အသည်း
ထုတ်ခြင်း၊ ဆေးစိမ်ဆေးထိုးခြင်း မရှိဘဲ) ပကဓိ မပုပ်မသိုးသော ရုပ်ကလာပ်တော်ကို မြင်းခြံမြို့တွင် ယနေ့တိုင်ဖူးတွေ့နိုင်ပါ၏။ စွန်းလွန်းဆရာတော်ဘုရားကြီးသည် စာမတတ်ဘဲ တရားထူးရအောင် ကျင့်ကြံအားထုတ်နိုင်သူအဖြစ်ဖြင့်ဘုရားရှင်၏တိမ်မြှုပ်နေသော ပဋိပတ္တိသာသနာနှင့် ပဋိဝေဓသာသနာကို အရှိန်အဟုန် ပြင်းစွာဖြင့် ပြန်လည်အစပြုဖော်ထုတ်ပေးခဲ့သည့်အပြင် ယနေ့တိုင်လည်း ထိသိသတိ စွန်းလွန်းတရား အားထုတ်နည်းဖြင့် ဘုရားရှင်၏ပဋိပတ္တိသာသနာကို အခိုင်အမာ အားဖြည့်ရပ်တည် ပေးလျှက်ရှိပါ၏။ဆရာတော်ဘုရားကြီး၏ ပထမဦးဆုံးဟောကြားတော်မူသော တရားတော် ( ၉ မိနစ် ၉ စက္ကန့်) ကို ပူးတွဲပါဖိုင်ဖြင့်နာယူနိုင်ကြပါကုန်။
ကံကို ရွက်လွှင့်ပြီး သံသရာပင်လယ်ကြောမှာ မျောနေသူများလည်း ကံရွက် ပေါက်သည်၊ ပြဲသည်ရှိက ဘယ်လိုဖာ ဘယ်လို ပြင်ရသည် ကို သိရပေမည်။ ဉာဏ်ကို ရွက်လွှင့်ပြီး နိဗ္ဗာန်သောင်ကမ်း ငြိမ်းအေးသည့်စခန်းဆီသို့ ဦးတည်ဦးတိုက်ခုတ်မောင်း နေသူများလည်း ဆရာတော်ဘုရားကြီး၏ သဘာဝအသွင်ကို ဉာဏ်မျက်စိဖြင့် ရှုမြင်တတ်ဖို့အလုပ်ပေးတရားတော် ကိုလည်း သိခွင့်ရပါမည်။
ဉာဏ်စခန်းအတွက် ဆရာတော်ကြီးတရားမှ အနှစ်ချုပ် မျှဝေပေးလိုသည်မှာမြင်စိတ်
ပေါ် သညာဖုံး၊ သညာဖုံးတော့ ဘာဖြစ်? သညာဖုံးတော့ အနိစ္စကို(မမြဲသဘောကို) (တည်တံ့ခိုင်ခံတည်နေသဘော)နိစ္စမြင်၊ ဒုက္ခကို(ဆင်းရဲ၊ ပျက်စီး၊ ဖျက်ဆီးခံသဘောကို)(
ချမ်းသာ၊ ငြိမ်းချမ်း၊ ငြိမ်းအေးသည့်သဘော)မင်၊ အနတ္တကို( မစိုးမပိုင် အစိုးမရသဘောကို) အတ္တ(
ကိုယ်ပိုင် ကိုယ်ဆိုင် စိုးပိုင်သဘော) မြင်၊ အသုဘကို(မတင့်တယ်သည့် သဘောကို) သုဘ(
တင့်တယ် ပြေပြစ် ချောမော လှပသဘော) မြင်၍ အလိမ်ခံနေရပြီ။ အလိမ်ခံပြီး
လောဘဖြစ်၊ အလိမ်ခံပြီး ဒေါသဖြစ်၊ အလိမ်ခံရသည်က မောဟ၊ ဤသို့ အလိမ်ခံနေသမျှ ဒုက္ခအကြီးအကျယ် ဆင်းရဲအဖုံဖုံသံသရာမှာ တွေ့ကြုံလို့ မဆုံးတော့ပြီ။
မြင်စိတ် ပေါ် ပညာသုံး၊ ပညာသုံးတော့ ဘာဖြစ်? ပညာသုံးတော့ အနိစ္စကို အနိစ္စမြင်၊ ဒုက္ခကို ဒုက္ခကိုမြင်၊
အနတ္တကို အနတ္တမြင်၊ အသုဘကို အသုဘမြင်၊ ဤသို့ အမြင်မှန်ပေါ်၊ အမြင်မှန် ဉာဏ်ဧကန် ရင့်သန်လျင် ခန္ဓာ၌အလွန်တွယ် အလွန်မက် အလွန်ဆာ အလွန်ကပ်သည့် တဏှာဓာတ်ကုန်။ တဏှာကုန် ခန္ဓာသိမ်း၍ ဒုက္ခပေါင်း ငြိမ်းသည့်အငြိမ်းဓာတ်ချမ်းသာ၌ ထာဝရတည်းခြင်း နိဗ္ဗာန်ချမ်းသာကို အမြဲပိုင် အမြဲဆိုင် ရနိုင်ကြစေသောဝ်။

Thursday 12 May 2011

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ဘုရားကြီး သြ၀ါဒ



၁။ တရားအားထုတ်စဉ် အရေးကြီးဆုံးက သဘောထားမှန်ဖို့  စိုက်မရှုနဲ့ ၊ ထိန်းမရှုနဲ့ ၊ လုပ်မရှုနဲ့ ၊
ချုပ်မရှုနဲ့ ။

၂။ ဖြစ်အောင်လည်းမလုပ်နဲ့ ၊ ပျက်အောင်လည်းမလုပ်နဲ့ ၊ ဖြစ်တိုင်း ပျက်တိုင်းလည်းမမေ့နဲ့  သိနေရမယ်။

၃။ ဖြစ်အောင်လုပ်ရင် လောဘ၊ ပျက်အောင်လုပ်ရင် ဒေါသ၊ ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ။

Thursday 28 April 2011

စကာင်္ပူ မှ ပိုင်းလော့ဆရာတော်ကြီးတရားပွဲ




စကာင်္ပူ နှင့် ကမ္ဘာအရပ်ရပ်မှ ဓမ္မမိတ်ဆွေများသို့ -

သီရိမင်္ဂလာမြန်မာသီလရှင်ကျောင်း(စကာင်္ပူ) တွင် ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး မှ အောက်ပါအစီအစဉ်အတိုင်း ဟောကြားညွှန်ပြ တရားပွဲ ကျင်းပမည်ဖြစ်ကြောင်းသိရှိရပါ၍ နာယူနိုင်ကြပါရန် စေတနာမွန်ဖြင့် နိဗ္ဗာန်အကျိုးမျှော်လျှက် ရေးသားနိုးဆော်အပ်ပါသည်။

(၁) ဗုဒ္ဓသဘင် နှင့် ခင်ပွန်းကြီး(၁၀)ပါးကန်တော့ခန်း
နေ့ ရက်။      ။ ၂၀၁၁-ခုနှစ်၊ မေလ(၁)ရက် (တနင်္ဂနွေနေ့ )
အချိန်။         ။ စကာင်္ပူစံတော်ချိန် ညနေ(၄:၃၀)နာရီ မှ (၇:၃၀) နာရီ

(၂) ညစဉ်ကျင်းပမည့် အလုပ်ပေးတရားတော်များ
နေ့ ရက်။      ။ ၂၀၁၁-ခုနှစ်၊ ဧပြီ(၃၀)ရက်နေ့ မှ မေလ(၈)ရက်အထိ
အချိန်။         ။ စကာင်္ပူစံတော်ချိန် ညစဉ်(၇)နာရီ

ကမ္ဘာအရပ်ရပ်မှ ဆရာတော်ဘုရားကြီး၏တပည့်ဒကာများ http://livedhamm.com/ မှ တိုက်ရိုက်ထုတ်လွှင့်ပြသပေးမည်ဖြစ်ပါသဖြင့် အထက်ပါ စကာင်္ပူစံတော်ချိန်များအတိုင်း
နာယူနိုင်ကြပါကြောင်းပါ… စီစဉ်ဆောင်ရွက်ပေးသည့် စကာင်္ပူ သီရိမင်္ဂလာမြန်မာသီလရှင် ကျောင်းနှင့် http://Livedhamma.com/ တို့ အားများစွာ ကျေးဇူးတင်ရှိကြောင်းပါ….

(မြတ်သာသနာ-အေသင်မြို့ )

ကမာရွတ်နည်းပညာအတိုင်ပင်ခံအဖွဲ့သို့  အခမဲ့မေးမြန်းနိုင်ခြင်း

ကမာရွတ် နည်းပညာအတိုင်ပင်ခံအဖွဲ့က ကြိုဆိုပါတယ် တဲ့....
သင် သိရှိလိုတဲ့ မေးခွန်းတွေကို မြန်မာလို ရိုက်ပြီး အီးမေးကတဆင့် မေးမြန်းပါ။ အွန်လိုင်းပေါ်က အချိန်တိုအတွင်း ပေးနိုင်တဲ့ အဖြေတွေကို အခမဲ့ ၀န်ဆောင်မှု ပေးပါမည်..ဟု ဆိုပါသည်။


မြတ်သာသနာ မှ သိလိုတာလေး မေးလိုက်ရာ နေ့ ချင်း မိမိအီးမေးလ်သို့  ပြန်လည်ဖြေကြားပေးလာ ပါသည်။ များစွာ အထောက်အကူ ရပါသဖြင့် နတ်လမ်းညွှန်လိုက်ရပါတော့သည်။
ကမာရွတ် နည်းပညာအတိုင်ပင်ခံအဖွဲ့အားလည်း နည်းပညာပိုင်းများအား အခမဲ့ ဖြေကြားပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်းပါ။

သင်လည်း သိလိုပါက မေးမြန်းပါလေ...


သူတို့ ဘလော့လေးမှာ ရေးသားထားတာကတော့ ဒီလိုပါ....


နည်းပညာ မေးခွန်းမေးလိုပါက ဒီကို ကလစ်ပါ..... http://kamayut.com/


အသေးစိပ် သိလိုက ဒီကို ကလစ်ပါ.... http://www.thekamayut.blogspot.com/


ကမာရွတ် နည်းပညာဝန်ဆောင်မှု နဲ့ အတိုင်ပင်ခံ အဖွဲ့က ကြိုဆိုပါတယ်
Welcome to KAMAYUT Technical Services and Consulting Group
PO Box 320-207, San Francisco, CA 94132-0207, email – contacts@kamayut.com
ဘယ်သူတွေလဲ
အမေရိကန်ရောက် မြန်မာတွေဖြစ်ပါတယ်။ အိုင်တီနဲ့ နည်းပညာပိုင်းဆိုင်ရာမှာ အသက်မွေးသူ၊ လေ့လာသင်ယူနေသူ တွေ ဖြစ်ပါတယ်။ စေတနာ့ဝန်ထမ်းအလုပ်အနေနဲ့ နည်းပညာလုပ်အားပေး ဒါနအလုပ်တခုကို ထုတ်ဖော်ပြသရရင် - ၂၀၀၃ ခုနှစ်က စတင်တဲ့ မိုးမခ သတင်းနဲ့ မီဒီယာ ၀က်ဆိုက်ဆိုင်ရာ အိုင်တီလုပ်ငန်းတွေကို ကူညီလုပ်ကိုင်ပေးနေပါတယ်။ အခြား ၀က်ဆိုက်တွေ လုပ်အားပေးဝန်ဆောင်မှုတွေလည်း တတ်စွမ်းသလောက် ကူညီ လုပ်အားဒါန ပြုလျက်ရှိပါတယ်။
ဘာလုပ်မှာလဲ
          ကွန်ပျူတာ၊ အင်တာနက် နဲ့ ၀က်ဆိုက်ပိုင်းဆိုင်ရာတွေမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ မေးခွန်းတွေ၊ ပြဿနာတွေကို အဖြေရှာပေးဖို့ လုပ်ပေးနိုင်ပါတယ်။ အွန်လိုင်းပေါ်ကနေ မေးပြီး၊ ကျနော်တို့ဆီမှာ အဖြေအဆင်သင့်ရှိရင် အချိန်တိုတွင်း အမြန်ဆုံး ပြန်ကြားပေးဖို့ ကြိုးစားပါ့မယ်။ လွယ်ကူ သက်သာတဲ့ မေးခွန်းတွေအားလုံးအတွက်ကတော့ အခမဲ့ ၀န်ဆောင်မှု ဖြစ်ပါတယ်။ နောက် အများပြည်သူတွေ သိရှိနိုင်အောင်လည်း ဘလောဂ့်မှာ တင်ပေးပြီး မျှဝေထားပါ့မယ်။ အလားတူ မေးခွန်းတွေ မေးလာရင် ပြန်ညွှန်းရတာ လွယ်သွားပြီပေါ့။
          ကိုယ်တိုင် ကိုယ်ကျ ပြင်ဆင်ရတာ၊ အဖြေရှာရတာ၊ ရှင်းလင်းရတဲ့ ကိစ္စတွေ၊ ပြဿနာတွေအတွက်ကတော့ အခြေအနေပေါ်မူတည်ပြီး ၀န်ဆောင်ခ၊ အတိုင်ပင်ခံခ တစုံတရာ သတ်မှတ်ပြီး ဆောင်ရွက်ပေးနိုင်မယ် မျှော်လင့်ပါတယ်။ ဒါကလည်း နေရာ ဒေသ အချိန်အခါပေါ် မူတည်ပါတယ်။
          တခြား မြန်မာမိသားစုတွေ၊ ကွန်မြူနီတီတွေ ရင်ဆိုင်ရတဲ့ အရေးကိစ္စတွေကိုလည်း မေးမြန်းနိုင်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အလုပ်အကိုင်၊ အစိုးရနဲ့ ပြည်နယ်ပိုင်းဆိုင်ရာ စည်းကမ်း ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ စတာတွေကိုလည်း မေးမြန်းနိုင်ပါတယ်။ ကမာရွတ်ရဲ့ နည်းပညာကွန်ယက်ထဲမှာ ရှိတဲ့ မိတ်ဆွေ ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ၊ စေတနာရှင်တွေကို အကူအညီတောင်းပြီး အဖြေရှာပေးမှာ ဖြစ်ပါတယ်။ လိုအပ်လာလို့ ဆက်သွယ် ဆောင်ရွက်ချင်တယ် ဆိုရင်လည်း ကမာရွတ်က ထိုပညာရှင်များနဲ့ ချိတ်ဆက်ပေးပါမယ်။ အဲသည်အတွက် ၀န်ဆောင်ခ ပေးစရာ မလိုပါ။ အဆိုပါ ပညာရှင်များရဲ့ ၀န်ဆောင်ခ၊ အတိုင်ပင်ခံခတွေကတော့ သူတို့နဲ့ပဲ ဆိုင်ပါတယ်။
ဘာတွေ မလုပ်ဘူးလဲ
          အမေရိကန်အစိုးရနဲ့ ပြည်နယ်အစိုးရများ သတ်မှတ်ထားတဲ့ ဥပဒေ၊ စည်းကမ်းများနဲ့ အညီ လိုက်နာပြီး ကမာရွတ်က ၀န်ဆောင်မှု တိုင်ပင်မှု ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ထို စည်းကမ်းဥပဒေများကို ချိုးဖောက်ခြင်း၊ ရာဇ၀တ်မှုများ ကျူးလွန်ခြင်း၊ ကျူးလွန်ရန် ကြံစည်ခြင်း ပြုလုပ်မှာ မဟုတ်ပါဘူး။
          ကမာရွတ်က ၀န်ဆောင်မှု၊ အတိုင်ပင်ခံပြုမှုတွေ အားလုံးဟာ အပြုသဘော ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ မှားခြင်း၊ မှန်ခြင်း ဆိုတာကို ဆုံးဖြတ်ခြင်း မဟုတ်ပါဘူး။ သို့ဖြစ်တဲ့အတွက် ကမာရွတ်ရဲ့ ၀န်ဆောင်မှု၊ အတိုင်ပင်ခံပြုမှုတွေဟာ မိမိ သဘောဆုံးဖြတ်ချက်နဲ့ ၂ ဦး ၂ ဖက် မေးမြန်းစုံစမ်း ကြတာ ဖြစ်လို့ ထွက်ပေါ်လာတဲ့ ကောင်းကျိုး၊ ဆိုးကျိုး ရလဒ်တွေကို ကမာရွတ်နဲ့ တဖက်စားသုံးသူ အားလုံးမှာ တာဝန်မရှိပါ။ ဒါကတော့ ၀န်ဆောင်မှုလုပ်ငန်း၊ အတိုင်ပင်ခံလုပ်ငန်း တခု အနေနဲ့ တရားတဘောင် ဖြစ်ခြင်း၊ အငြင်းပွားမှုများ ဖြစ်ပေါ်ခြင်းတို့ကို ၂ ဖက်စလုံးက ရှောင်ရှားနိုင်ဖို့ ကြိုတင်ပြီး သတ်မှတ်ချက် ဖြစ်ပါတယ်။
Kamayut Technical Consulting for Burmese Community (ကမာရွတ် နည်းပညာအတိုင်ပင်ခံအဖွဲ့ )

Wednesday 27 April 2011

ကျေးဇူးတော်ရှင်လယ်တီဆရာတော်ဘုရားကြီး၏ ...သြ၀ါဒ


လယ်တီဆရာတော်ဘုရားကြီး၏ အဆုံးအမ

ငါးဘင်အာရုံဘင်အစုနဲ့ ၊ ခင်မှုနဲ့ နေ့ ကုန်၊
နင်ယခုမေ့ပုံလို၊ တွေ့ မကြုံစခန်း၊
ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့မခန်း၊
အောက်အ၀ီစိ သောင်းအငူမှာ၊ ခေါင်းမပြူစတမ်း၊
နှစ်အရှည် နစ်မည်လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်၊
ဒေသနာထင်အလင်းရယ်နှင့်၊ နင့်အဖျင်း ပိုထက်သာပို၊
သည်လောဘ စရိုက်အိုကို၊ မလိုက်လိုရှောင်ပစ်လို့ ၊
နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဖို့ အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊
အမိုက်နင့်ပြင် ရှိသေးလိမ့်လား…
ခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနင့်ပြင်ရှိသေးလိမ့်လား…
ခွင့်သာတုန်းမှ မရုန်းချင်လျှင်၊
အရှုံးနင့်ပြင် ရှိသေးလိမ့်လား…။


Saturday 23 April 2011

အမှတ်တရ ဆန်တိုရီနီကျွန်း

မနေ့ ကတော့ .. နိုင်ငံခြားခရီးသွားဧည့်သည်အများဆုံးနှစ်သက်ကြတဲ့ လမ်းကျဉ်းလေးတွေနဲ့ ရှုပ်ထွေးပြီး ဧည့်သည်များ
လမ်းအမြဲမှားတတ်ပြီး ပျော်စရာကောင်းတာရော.. လှပတဲ့နွေရဲ့ နေရောင်ခြည်များနဲ့  Aegean ပင်လယ်ပြာနောက်ခံတို့  ဖြင့် ..Romantic Island လို့ တင်စားတတ်တဲ့ Mykonos Island လေးအကြောင်းရေးသားဖြစ်တော့ .. ဓါတ်ပုံများဖြင့် ရေးသားဖော်ပြပေးတာ စိတ်ဝင် စား စရာလေးပါလို့  ရေးလာသူတွေကို ကျေးဇူးစကားဦးစွာဆိုပါရစေ။


ထို့ ထက် မိမိအား ရေးဖြစ်အောင်တိုက်တွန်း သြ၀ါဒချီးမြှင့်သော ဘုန်းဘုန်းသီတဂူစတား ကလည်း  C-Box မှာ ဂရိနိုင်ငံအကြောင်း များစွာ ဗဟုသုတရပါတယ်။ ဘာသာရေးမဟုတ်တောင် ဂရိနိုင်ငံကို ရောက်ဖူးသလို မျှဝေခံစားရအောင် အတွေ့ကြုံများ ရေးပေးစေလိုပါသည်။” မိန့် မှာလာသည်မို့  အတွေ့ အကြုံလေးတွေကို မျှဝေပေးပါတယ်။ ဥရောပအလည်ဗီဇာကလည်း လွယ်လွယ်ကူကူမရသည်မို့  မြန်မာများရောက်ခဲသည့်ဒေသမို့ လည်း ရေးသားဖော်ပြဖို့ မိတ်ဆွေ တချို့ မှတွန်းအားပေးလာပါသည်။ သို့ အတွက် အားလုံးသောမိတ်ဆွေများအား ကျေးဇူးတင်ပါသည်။


ဦးစွာ မနေ့ ကဖော်ပြခဲ့တဲ့ The best Island in the world လို့ တင်စားတဲ့ မီကိုနော့စ်ကျွန်းလေး အမှတ်တရ ဗွီဒီယိုဖိုင်လက်ဆောင်လေး အရင်ပြခွင့်ပြုပါ..... Mykonos Island ကို ဗီဒီယိုထဲမှ အလည်ပေါ့နော်...






 ဒီကနေ့ တော့ Santorini (ဆန်တိုရီနီ) ကျွန်းလေးအကြောင်း ရေးသားဖို့ စိတ်ကူးပေါ်မိပါတယ်.. အရင်ဆုံး ဗီဒီယိုဖိုင်လေးထဲက အရင် မိတ်ဆက်ပေးလိုက်ပါတယ်.....



 SANTORINI(ဆန်တိုရီနီ) ကျွန်းကတော့ သမိုင်းဝင်ရှေးကျတဲ့ကျွန်းလဲဖြစ်၊Aegean ပင်လယ်ပြာကြီးထဲက မီးတောင်တည်ရှိရာ မြင့်မားမတ်စောက်တဲ့တောင်ကမ်းပါးရံကြီးမှာ ကျောက်ဂူလိုအိမ်လေးတွေဆောက်နေကြတဲ့ လှတဲ့ကျွန်းလေးမို့ ..ဒီကျွန်းလေးကလည်း ဂရိနိုင်ငံရောက် ခရီးသွားဧည့်သည်အများစု သွားရောက်လည်ပတ်ကြတဲ့ စိတ်ဝင်စားစရာ ကောင်းလှတဲ့ ကျွန်းလေးပါဘဲ..  အာရှသားတွေထဲကတော့ ဂျပန်လူမျိုးအများစု သဘောကျကြပြီး၊ လာလည်ကြ၊ ဓါတ်ပုံရိုက်ကြတာ ကိုယ်တွေ့ တွေ့ ခဲ့ရပါတယ်..
Aegean ပင်လယ်ကြီးရဲ့ တောင်ဖက်ပိုင်းမှာတည်ရှိပြီး အကျယ် 73-Square Kilometers သာကျယ်တဲ့ မြင့်မားမတ်စောက် မီးတောင်လေးရှိတဲ့ ဆန်တိုရီနီ ကျွန်းလေးမှာတော့ အမြဲနေထိုင်သူ တစ်သောင်းသုံးထောင်ကျော်သာ (၂၀၀၁-စာရင်းအရ..၁၃၆၀၀-ခန့် ) ရှိပါတယ်.. ဒဏ္ဍာရီများစွာ..သမိုင်းအမှတ်တရများစွာနဲ့  ဒီကျွန်းလေးကို BC1500 မတိုင်ခင်လောက်က ရှရှားကနေ ဥရောပဆီ ကူးသန်းရောင်းဝယ်စီးပွားရှာတဲ့  သဘောင်္ကပ္ပတိန်ကြီး ကစတင်တွေ့ ရှိ ခဲ့တာပါတဲ့..ဒါကြောင့် သမိုင်းဝင် ကျွန်းလေးမို့ ကမ္ဘာလှည့်ခရီးသည်တွေကို အဆွဲဆောင်နိုင်ဆုံး ကျွန်းလေးအဖြစ် ကျော်ကြားနေရတာပါ.. ပင်လယ်စပ် တောင်ခြေကနေ တောင်ပေါ်ကျွန်းကို Cable Car နဲ့ တက်ကြရပြီး.. အသဲယားစရာ..ရင်တုန်စရာ Cable Car နဲ့ စီးပြီး မှရောက်ရတာမို့  အစကတည်းက ရင်ခုန်ရတဲ့ ကျွန်းလေးပါ..  
တောင်အောက် မှသည် တောင်ပေါ်သို့ တက်သည့် CABLE CAR  များအား အောက်မှတွေ့ ရပုံ...
ခြေလျှင်တောင်တက်လမ်း နှင့် ကမ္ဘာလှည့်ခရီးသည်များ တင်ဆောင်လာသည့် ခရီးသည်တင်သဘောင်္များ Aegean ပင်လယ်ပြာထဲ တောင်ခြေမှာ ဆိုက်ကပ်ထားစဉ်... ထိုသို့ သဘောင်္ကြီးများ က ရေလယ်တွင်ရပ်ထားပြီး ဖယ်ရီဘုတ်လေးများဖြင့် ကျွန်းသို့ သွားကြရပါသည်..
(တောင်ပေါ်မှရိုက်ယူထားပုံ)

ပင်လယ်ပြင် မှ ကျွန်းတည်ရှိရာ တောင်ပေါ်သို့ လှမ်းရိုက်ထားစဉ် မြင်ရပုံ...

(ဆက်ပါဦးမယ်.... )

အမှတ်တရ ဂရိနိုင်ငံ နှင့် ဂရိကျွန်းလေးများ

ဘုန်းဘုန်းသီတဂူစတား ထံသြ၀ါဒခံယူရာ မိမိရောက်နေတဲ့နိုင်ငံရဲ့ အကြောင်းလေးတွေ ဗဟုသုတလေးတွေ ရေးပါ                 မိန့် ကြားသည်မို့  မိမိခေတ္တရောက်ရှိနေထိုင်နေတဲ့ ဂရိနိုင်ငံရဲ့ အကြောင်းလေး သိထားသမျှလေး ရေးမှတ်ဖြစ်ပါတော့တယ်..



Greek ဆိုတဲ့ ဝေါဟာရလေးက နံမည်ကျော်တွေးခေါ်ပညာရှင်ကြီးအဲရစ်တိုတဲယ်(Aristotle) ရဲ့ အဆိုအရ Graikoi ဆိုတဲ့             ဝေါဟာရလေးကဆင်းသက်လာတာပါတဲ့။ အင်္ဂလိပ်ဝေါဟာရမှာတော့ ဂရိလူမျိုးကို Greek လို့ ရေးပြီး၊ ဂရိနိုင်ငံကိုတော့ Greece  လို့ ရေးပါတယ်။ တကယ်တော့ ဂရိလူမျိုးတွေက သူတို့ ကိုသူတို Hellenes လို့ သုံးနှုံးကြပြီး၊ သူတို့ နိုင်ငံကို Hellas လို သုံးနှုံးပါတယ်။
လူဦးရေကလည်း များလှတာမဟုတ်ပါ..(၁၀)သန်းကျော်မျှသာရှိပါတယ်။ ၂၀၀၆-ဇူလိုင် စာရင်းအရတော့ 10,688,058 -ဦးရေရှိပါတယ်။ နိုင်ငံကလည်း ဥရောပတိုက်ရဲ့ အရှေ့ တောင်မှာရှိတဲ့ ကျွန်းနိုင်ငံငယ် တစ်ခုမျှသာဖြစ်ပါတယ်။ အကျယ်အ၀န်း  131,940-km² သာရှိပါတယ်။ ကျွန်းနိုင်ငံဖြစ်တာမို့  ကမ်းရိုးတန်းအရှည်15,021-km.ရှည်ပါတယ်။ တောင်ကုန်း၊ တောင်တန်းတွေက နိုင်ငံရဲ့  ၈၀% ကျော်ရှိနေပြီး..မြေပြင်၊ မြေပြန့် နဲပါးလှပါတယ်။
ဝမ်းနည်းစရာကောင်းတာက ထို လူဦးရေ(၁၀)သန်းကျော်သာရှိတဲ့ ကျွန်းနိုင်ငံငယ်ရောက်တော့ မိမိနဲ့ အလုပ်ခွင်မှာ မိတ်ဆက်ကြတဲ့အခါ မြန်မာလူမျိုးဆိုတာ သိကိုမသိကြဘူးဖြစ်နေတာပါဘဲ။ Burmese ပြောလဲမသိ၊ Myanmarပြောလဲမသိ..ဘယ်နားကတိုင်းပြည်ကလူမျိုးလဲ ဖြစ်နေလို့  ..အော်..ဖြစ်ရလေ..မြန်မာရယ်သာ..ညဉ်းချင်းထုတ်ချင်ပါတော့တယ်။ မြန်မာနိုင်ငံဟာ လူဦးရေ သန်း(၅၀)ကျော်ရှိတဲ့ အရှေ့ တောင်အာရှက နိုင်ငံကြီးတစ်နိုင်ငံဖြစ်ကြောင်းပြောပြတော့မှ ..ဟုတ်လားတဲ့.. တော်တော်ဗဟုသုတ နည်းတယ်ပြောရမလား.. မိမိနိုင်ငံကဘဲ သူတို့ အတွက် စိတ်ဝင်စားစရာ မဟုတ်လို့ လား မသိတော့ပါ…
ဂရိနိုင်ငံကတော့ ကျွန်းစုစုပေါင်း (၁၄၀၀)ကျော်ရှိတဲ့နိုင်ငံဖြစ်ပြီး၊ အမှန်တကယ်လူနေထိုင်တဲ့ကျွန်းကတော့ (၂၂၇)ကျွန်းသာရှိပါတယ်။ ထိုထိုကျွန်းတွေများစွာထဲက MYKONOS(မီကိုနော့စ်)ဆိုတဲ့ နံမည်ကျော် ကျွန်းလေးနဲ့  ဒီနေ့ မိတ်ဆက်ပေးပါရစေ။ နွေရာသီမှာနိုင်ငံခြားသား ဧည့်သည်အလာ အများဆုံးဖြစ်ပြီး..ကမ္ဘာမှာ ရှုပ်ထွေးကျဉ်းမြောင်းတဲ့ လမ်းလေးတွေရှိတဲ့ကျွန်းဖြစ်လို့ ပါတဲ့။ နောက် နံမည်ကျော်တာကတော့ နေရောင်ကောင်းကောင်းရတဲ့ Aegean ပင်လယ်ပြာပြာကြီးအစပ်က လှတဲ့ပင်လယ်ကမ်းခြေကျယ်ကြီးရယ်..သဘာဝကျကျ Romantic အလှတွေနဲ့ ပြည့်စုံတဲ့ ကျွန်းလေးဖြစ်တဲ့အပြင် ... Gay တွေပေါလို့ ပါတဲ့..

ပူးကပ်စွာဆောက်ထားတဲ့ အိမ်လေးတွေကြားမှာ လမ်းကျဉ်းလေးတွေ လှမ်းမြင်ရပုံပါ...


လူတစ်ဦးသာ သွားနိုင်သည့် အမှန်တကယ်ကျဉ်းသည့် လမ်းကလေးများမြင်တွေ့ ရပုံ..

ရှုပ်ထွေး၊ ကျဉ်းမြောင်းတဲ့ လမ်းလေးတွေကြောင့် နံမည်ကြီးတဲ့ မီကိုနော်စ် ကျွန်းရဲ့ တစ်ခုသောလမ်းကျဉ်း လေးမှာ ညီငယ်ကလည်း အမှတ်တရ ရိုက်ပါအုံးမယ်တဲ့.. အမှတ်တရပေါ့လေ..

Mykonos Island မှ နိုင်ငံခြားဧည့်သည်တိုင်းအမှတ်တရ ဓါတ်ပုံရိုက်မှတ်တမ်းတင်တဲ့ သဘာဝ အရင်းအမြစ်များ...
မီကိုနော့စ် ကျွန်း အားအပေါ်စီးမှ မြင်ကွင်းကျယ်.......အကျယ် (85)-Square Km သာရှိသော်လည်း ကမ္ဘာကျော်သည့်ကျွန်း..


(ဆက်ပါဦးမည်.........)

Friday 22 April 2011

ပိုင်းလော့ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော သံဝေဂ အလုပ်ပေးတရားတော်


'' ပိုင်းလော့ဆရာတော်၏ သံဝေဂ အလုပ်ပေးတရားတော် ''

အားလုံး သက်သာသလို ပြောင်းထိုင်နော် ။ ဒီည တိုက်ရိုက် အလုပ် လုပ်ကြရအောင် ။
ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူတဲ့ . . .သုတံ္တနဲ့ သတိပဌာန်မှာပါတဲ့ အသုဘ လူသေ ၉ မျိုး အဆင့်ဆင့် ရှုပွားပုံ ၊ ဝိဇယသုတံ္တမှာ ပါတဲ့ ရှုမှတ်ပွားများပုံ ၊ နောက် အသီးသီး အခြားခြား ၊ သုတံ္တတွေမှာလည်း ဟောတဲ့ ရှုပွားပုံတွေနဲ့ ပေါင်းစပ်ပြီး တော့ကာ ဘုန်းဘုန်းတို့ သင်ကြရမယ် ။ ပွားများကြရအောင်နော် ။ ကဲ သက်သာသလို ထိုင်ပြီးတော့ကာ မျက်စိလေးမှိတ်ပြီးတော့ အာရုံယူကြ ရအောင် ။
မိုးကုတ်ဆရာတော်ကြီး ဟောတော်မူတဲ့ သံဝေဂလေး ဆိုရအောင် . . . .
'' ငါသည် မုချသေရမည် အချိန်းပိုင်းသာ လိုတော့သည် အသေမဦးခင် ဉာဏ်ဦးအောင် ကြိုးစားအားထုတ်  ပါတော့မည်။ ''
မျက်စိမှိတ်ပြီး အာရုံပြုကြနော် . . .ဘုရားရှင် အမိန့်ရှိတော်မူတာက အခု အချိန်မှာ သေချိန်လို့ စိတ်ကို ချထားရမှာ . .နေရာတိုင်း ၊ နေရာတိုင်း ဤကမ္ဘာအတွင်းမှာပင် . . မသေဘူးတဲ့ နေရာမရှိပါဘူးတဲ့ ။
ခြေချတဲ့ နေရာတိုင်း ၊ နေရာတိုင်းဟာ . . သတ္တဝါမျိုးစုံ ၊ ပုံစံမျိုးစုံနဲ့ သေခဲ့တဲ့သင်္ချိုင်းမြေ ၊ နေရာဟောင်းလို့ ပွားရပါတယ်တဲ့ ။ အခုထိုင်နေတဲ့ နေရာသည် ဤကမ္ဘာ အတွင်းမှာပင်အကြိမ်များစွာ ပုံသဏ္ဍာန်မျိုးစုံနဲ့ သေခ့ဘဲူးတဲ့ နေရာဟောင်းပါလို့ ၊ ဆင်ခြင်ကြရမယ် ။ ငါ့အိမ် ၊ ငါ့ယာမဟုတ်ဘူးလို့ မယူပါနဲ့ .
ခေါင်းချခဲ့ဘူးတဲ့ ၊ နောက်ဆုံးသေခဲ့ဘူးတဲ့ နေရာဟောင်း . . .ဒီနေရာမှာ . . အလောင်းချင်းထပ်အောင် သေခဲ့ ၊ မြုတ်ခဲ့ဖူးပြီလို့ ဆင်ခြင်ရမယ် ။

ဘဝတစ်ခုမှာ ရှင်ဘုရင်တစ်ပါး နတ်ရွာစံတော့ မိဖုရားဟာ ဥယျာဉ်ထဲမှာ အလောင်းကိုဂူသွင်းပြီးတော့ ငိုတာ ၊ ဘယ်သူမှ တားမရဘူး ၊ နေ့စဉ်လို ငိုပြီးတော့နေတာ ။ တစ်နေ့ ဘုရားအလောင်းရသေ့ ဥယျာဉ်ထဲထွက်လာတဲ့အခါမှာ . . . သူ့ရဲ့ သောကကိုဖျောက်ခဲ့ဘူးတယ်တဲ့ ။

အသင် မိဖုရား ဘာအတွက် ငိုပါသလဲ . . . .၊
'' တပည့်တော်ရဲ့ ခင်ပွန်းသည် ဘုရင်မင်းအတွက် ငိုပါသည် ဘုရား '' လို့ ဖြေတယ် ။
'' သင့်ရဲ့ ခင်ပွန်းသည် ၊ ဘယ်ခင်ပွန်းသည် အတွက် ငိုတာတုံး '' လို့ ထပ်မေးတော့ ။
'' မေးထားတာ ဖြေရခက်နေတယ် ''
ဒီတော့မှ ဘုရားအလောင်းရသေ့ကြီးက ထပ်ပြောတယ် . . .
'' ဒီနေရာမှာ သင့်ရဲ့ ခင်ပွန်းသည်ပေါင်း များစွာ မြှုပ်ခဲ့ဘူးတဲ့ နေရာတဲ့ ''
အဲ့ဒီအတွက် . . ဘယ်ခင်ပွန်းသည်အတွက် . . ငိုတာလဲ . . .၊ လို့ မေးတဲ့အခါမှာ မိဖုရားက စဉ်းစားရခက်တယ် ။ ဖြေရခက်နေတယ် ။ အဲဒီတော့မှ ရှင်းပြတယ် . . . .
ဤကမ္ဘာ အတွင်းမှာပင် ကိုယ့်ရဲ့ ခင်ပွန်းသည် ယောက်ျားဟာ တော်ခဲ့ပေါင်းများပြီတဲ့ ၊
သေခဲ့ပေါင်းလည်း များပြီတဲ့ ၊ ဒီတစ်နေရာတည်းမှာဘဲ မြှုပ်ခဲ့ပေါင်းလည်း များပါပြီတဲ့ ၊
အကြိမ်ကြိမ်ငိုခ့ရဲ တဲ့ မျက်ရည်ဟာလည်းဘဲ မနည်းတော့ပါဘူးလို့ ဆုံးမတော်မူတယ် ။
ဒါကြောင့် ဒီကျမ်းတွေကို ကိုးကားလျှက် ၊ ကိုယ်ထိုင်တဲ့ နေရာလေးသည်ပင်
အကြိမ်များစွာ၊ အလောင်းချင်းထပ်အောင် မြှုပ်ခဲ့ဘူးတဲ့ နေရာဟောင်းလို့ ဆင်ခြင်ကြပါ ။
ဤကိုယ်ကြီးသည် '' ပညတ် '' အားဖြင့် '' ငါ '' လို့ ခေါ်ဝေါ်သမုတ်တဲ့ ကိုယ်လုံး
တကယ့် အနှစ်သာရ အမာခံကို ရှာကြည့်မယ်ဆိုရင် . . . .
အရိုးစုတွေပဲ ရှိပါတယ် ။ ခေါင်းမှာဆိုရင် '' ခေါင်းခွံရိုးကြီးပဲ ရှိပါတယ် '' ။ နောက်
လည်ပင်ရိုး ထောက်ကန်ထားတယ် ။ နောက် ညှပ်ရိုး ၊ ပုခုံးရိုးတွေ ဆက်သွယ်ထားတယ် ။
ညာဘက်မှာက လက်မောင်း ရိုးတစ်ချောင်း ၊ တတောင်ဆစ်ကနေ လက်ဖျံရိုး နှစ်ချောင်း ၊
လက်ဖဝါးမှာလည်း အရိုး ၊ အဆစ် စပ်ထား တာ ။ ဘယ်ဘက်မှာလည်းဘဲ လက်မောင်းရိုးကတစ်ချောင်း ၊ တတောင်ဆစ်ကနေ လက်ဖျံရိုး နှစ်ချောင်း ၊ နောက် လက်ဆစ်ရိုးလေးတွေ အတိုအထွာ အပိုင်းအစလေးတွေ ဆက်စပ်ထားတာ ခေါင်း ၊ ခါး ၊ ခြေ ၊ လက် နောက် လည်ဂုတ်နားကနေ
ဆက်ပြီးတော့ကာ ၊ အရိုးအဆစ်တွေ ဆင့်ဆင့်ပြီးတော့ စီးသွားလိုက်တာ ဟိုးအောက် မီးဆုံအထိ
ဆက်ထားပါတယ် ။
ဘေးမှာ နံရိုးတွေ ထောက်ကန် ၊ ရှေ့က ရင်ညွန့်ကြီးနဲ့ဆက် ၊ ရှေ့မှာ ဝမ်းခေါင်းကြီးဖြစ်သွားပါတယ် ။ ပြီးရင် ဝမ်းဗိုက်နေရာကျတော့ ဟောင်းလောင်းကြီးပါပဲ ၊ အောက်ဖက်မှာ
တင်ပါးဆုံရိုး ခံစားကြည့်သိပါတယ် ။ လေးလံတဲ့ အရိုးကြီးက အထဲမှာရှိတော့ အောက်မှာလည်း
ကြမ်းပြင်က အမာ ဒီကြားထဲမှာရှိတဲ့ အသားတွေက ဘယ်ခံနိုင်မှာလဲ ၊ ကြာကြာဖိထားရင်
သွေးလေတွေ ပိတ်လို့ ထုံဟာ ကျင်ဟာ ဖြစ်လာတာပေါ့ ။
နာလည်း နာတက်တဲ့ ခန္ဓာကိုယ်လို့ နားလည်ထားရမှာ ၊ တင်ပါးဆုံရိုးရဲ့
တဖက်တချက်စီမှာ ပေါင်ရိုးတစ်ချောင်းစီ ဆက်သွယ်ထားတာ ၊ ညာဘက်ပေါင်ရိုးတစ်ချောင်း ၊
နောက်ပြီးတော့ ဒူးခေါင်းရိုး ၊ ခြေသလုံးရိုးက နှစ်ချောင်း ၊ နောက် ဖနောင့်ရိုးတွေ ၊ ခြေဖဝါးတွေက
အပိုင်းအပြတ်ပြတ် အဆစ်ကလေးတွေ ဆက်ထားတာ ၊ နောက် ဘယ်ဘက်မှာလည်း
ပေါင်ရိုးတစ်ချောင်း ၊ နောက် ဒူးခေါင်းရိုး ၊ ခြေသလုံးရိုးက နှစ်ချောင်း ၊ ဖနောင့်ရိုးကလေးတွေ
ခြေဖဝါးရိုးကလေးတွေကလည်း အပိုင်းအပြတ်ကလေး ဆက်ကာထားတာ ဖြစ်ပါတယ် ။
ဤကိုယ်ကြီးသည် အရိုးစုများနဲ့ စိုက်ထောင်ထားတဲ့ ခန္ဓာအိမ် ဖြစ်ပါတယ် ။
ဤခန္ဓာအိမ်ပေါ်မှာမှ အင်္ဂတေ ကျံသကဲ့သို့ အသားများ တွယ်ကပ်ပြီးတော့ နေတာ
လိမ်းကျန်ထားသကဲ့သို့ ဘဲတဲ့ ၊ ပြီးတော့ အကြောတွေဖွဲ့လို့ ချည်ပတ်ထားတာ ၊ ပြီးတော့ အရေထူ ၊
အရေပါး ဖုံးထားတာကြောင့် အထဲမှာရှိတဲ့ သဘောအမှန်ကို '' မျက်စိနဲ့ မမြင်ကြရတာ '' ဖြစ်ပါတယ်
တဲ့ ။
ခေါင်းခံရိုးထဲမှာက ညှီစို့စို့ အနံ့နဲ့ ဦးနှောက်တွေ ရှိနေပါတယ် ။ နောက်ပြီးတော့ ဝမ်းထဲမှာ ကတော့ ပါးစပ်ကနေ စအိုဝတိုင်အောင် ၊ ဒါကတော့ ဘုန်းကြီးတို့ စကားကျစ်လိုက်တာပါဘဲ။ အူသိမ် ၊ အူမ ၊ အသည်း အဖျင်း စသဖြင့် အမဲအူတွေလို ၊ ဆိတ်ကလီစာ အူတွဲတွေလို ကြက်အူတွဲတွေလို ပါဘဲ ရှိနေပါတယ် ။ အရိအရွဲတွေ ပြည့်လို့ ရွံစရာ ဖြစ်နေပါတယ် ။ဝမ်းထဲမှာ ရှိနေကြပါတယ် ။ ပါးစပ်ကနေ ဝါးမြိုလိုက်တဲ့ အစာသစ်များသည် အချွဲ ၊အာစေးတွေနဲ့ ရောထေွး လို့ ခွေးအန်ဖတ် အလား ဖြစ်သွားပါတယ်။ ဒါကို တံတွေး ၊ သလိပ်တွေနဲ့ ရောထွေးပေါင်းစပ်ပြီးတော့ မျိုချလိုက်ကြတာ . . . အစာအိမ်ထဲမှာ အစာသစ်တွေက ခွေးအန်ဖတ်အဖြစ်တည်နေပါပြီ ၊ ရှိနေပါတယ် ။ အပေါ်ကနေ အချိုရေတွေ ၊ လ္ဘက်ရည်တွေ ၊ ရေ ၊ ရေနွေးကြမ်း စသည်ဖြင့် ဒါတွေကို လောင်းထည့်ပြီးတော့ကာ မွှေနှောက်တော့ကာ တကယ့်ကို ရွံစရာကောင်းတဲ့ ခွေးအန်ဖတ်နဲ့ တူပါတယ် ။ အရောင်မျိုးစုံ ၊ ပုံသဏ္ဍာန် မျိုးစုံနဲ့ ရံစွ ရာ ကောင်းအောင် ရှိနေပါတယ် ။ အူနံရံက လှုပ်ရှားရိုက်ခတ် တွန်းပို့တာကြောင့် အောက်ဖက်အူမ ၊ အူသိမ်ထဲ ဆင်းသွားပါတယ် ။ အူနံရံ ၊ အစာအိမ်နံရံတွေကလည်း ရေငွေ့တွေကို စုပ်စုပ်ပြီးတော့ကာ လိုအပ်သည်များကိုထုတ်နှုတ်ပြီးတော့ ပို့နေတာ လိုအပ်တဲ့နေရာကို ပို့နေတာ ဖြစ်ပါတယ် ။ နောက် တဖြည်းဖြည်းနဲ့ခြောက်သွေ့ ခြောက်သြေွ့ပီးတော့ကာ ကျစ်ကျစ်လာတာ ၊ အောက်ပိုင်းကျတော့ အစာဟောင်းဆိုတာ ၊မစင်ကျင်ကြီး ဖြစ်သွားတာပါဘဲ ၊ အပုတ်နံ့ လှိုင်နေပါတယ် .. လို့ မှတ်ကြပါ ။ အရည်များကတော့ကျင်ငယ်အိမ်မှာ သွားစုပြီးတော့ကာ ရွံစရာအနံ့နဲ့ ကျင်ငယ်ဖြစ်နေပါပြီ ဤဝမ်းထဲမှာ ကျင်ငယ်တွေ ၊ကျင်ကြီးတွေသည် ရှိနေပါတယ်တဲ့ . . .။
ဝမ်းဗိုက်ထဲကို ရောက်နေတဲ့ အစာသစ်ကတော့ ခွေးအန်ဖတ်လို ဖြစ်ပြီး ၊ အစာဟောင်း
ကတော့ ကျင်ကြီးအသွင် ၊ ကျင်ငယ်အသွင်နဲ့ ရှိနေတဲ့ အတွက် ကျင်ကြီးကျင်ငယ်ပြည့်နေတဲ့
မစင်ထည့် ထားသော အိုးနဲ့ လည်း တူပါတယ် ။တနည်းအားဖြင့် မြွေသေကောင်ပုတ်ကြီးကို ထည့်ထားတဲ့အိုးနဲ့လည်း တူပါတယ်တဲ့။ ခွေးသေကောင်ထည့်ထားတဲ့ အိုးနဲ့လည်း
တူပါတယ် လို့ ပြပါတယ် ။ ရွံစရာ အတိပါဘဲတဲ့ ၊ အပုတ်နံ့များသည် ဒီအတိုင်း မနေပါဘူးတဲ့ ၊
ထက်ဝန်းကျင်ကို စိမ့်ပျံ့ပြီးတော့ ထွက်နေပါတယ် ။
မျက်လုံးအိမ်ကနေ စိမ့်ပျံ့တဲ့အါ မျက်ချေးအသွင် စိမ့်ထွက်ပါတယ် ။ တစိမ့်စိမ့်နဲ့ တစိုစို
ထွက်နေပါတယ် ။ နားကနေ စိမ့်ထွက်တဲ့ အခါကျတော့ နဖါချေးအသွင် စိမ့်ထွက်ပါတယ် ။
နှာခေါင်းအရိုး စုလေး ကနေ ထွက်တော့လည်းဘဲ နှပ်အသွင် စိမ့်ထွက်ပါတယ် ။ ပါးစပ်ကလည်း
သွားချေးရည်တွေ စိမ့်ထွက်ပါတယ် ။တစ်ခါတရံ လေလမ်းကြောင်းပြောင်းလို့ နှာခေါင်းကထွက်မဲ့
နှပ်ကလည်း သလိပ်အသွင် ပါးစပ် ကနေထွက်တဲ့အခါ ထွက်ပါသေးတယ် ။ ကျန်တဲ့
မွေးညှင်းပေါက်တေကွ လည်းပဲ ချွေးနဲ့အတူ အပုပ်အခိုး တွေဟာ တစိမ့်စိမ့်နဲ့ တရှိန်းရှိန်းနဲ့
ထွက်နေပါတယ် ။ တရှိန်းရှိန်းနဲ့ ခံစားကြည့်ကြပါ။ အခိုး ၊ အငွေ့ ကောင်းတယ် ၊ ကောင်းတယ်
ဆိုတာက အပုပ်အခိုး ၊ အပုပ်အငွေ့ တွေပါဘဲလို့ ဆင်ခြင်ကြပါ ။ ကျန်တဲ့ ဒွါရကြီးတွေကလည်းဘဲ
ကျင်ကြီး ၊ ကျင်ငယ် အပုပ်ခဲ ၊ အပုပ်ရည်အဖြစ်နဲ့ နေ့စဉ်လို ယိုစီးထွက် နေပါတယ် တဲ့ ။
ဤကိုယ်ကြီးသည် နာလည်း နာတတ်ပါတယ် ။ ဒါကြောင့် ကိုးပေါက်သောအနာဝရှိသော ပြည်တည်နေတဲ့ အိုင်းအနာကြီးနဲ့ တူပါတယ်လို့လည်း ၊ ဘုရားရှင် မိန့်တော်မူပါတယ် ။
ဤကိုယ်ကြီးကို '' အမြင်မရှိတဲ့ အမှန်အတိုင်းလည်း မမြင်ကြတဲ့ အမှောင်ဓါတ် ၊
အမိုက်ဓါတ် စိတ်မှာ ဖုံးကွယ်ထားကြတဲ့ ပုဂ္ဂိုလ်တွေကတော့ တင့်တယ်လှပတယ်လို့ ထင်ကြတယ် ၊
တစ်ငါငါ နဲ့ မာနတက်နေကြတယ် ''
ဤကိုယ်ကြီးကို အမှန်အတိုင်း မမြင်တာကြောင့် ငါက ဘာရာထူး ၊ ငါက ဘာမျိုး ၊ငါလှတယ် ၊ ငါအားရှိတယ် စသဖြင့် မာနတွေတက်ပြီး နေကြတာတဲ့ ၊
'' ဤမာနတရားများဟာ မဂ်ဉာဏ် ၊ ဖိုလ်ဉာဏ် နဲ့ ဝေးသထက်ဝေး အပါယ်လေးပါးသွားမယ့် မာနလို့ မှတ်ကြပါ ။ ''
အခြား ၊ အခြား ကျမ်းများနဲ့ ပြန်ပေါင်းရင်တော့ ၊ ဘယ်လောက်ပဲ တန်ဖိုးကြီးမားတဲ့
အိမ်ကြီးတွေန့ပဲ ဒီကိုယ်ကြီးကိုထားထား ၊ ကုတင် ၊ ခြင်ထောင် ၊ မွေ့ယာတွေ သိန်းပေါင်းများစွာ
တန်တာနဲ့ ထားလည်းပဲ တစိမ့်စိမ့်နဲ့ မတင့်မတယ် ရွံဖွယ်ရာကိုပဲ စိမ့်ထွက်နေပါလိမ့်မယ် ၊
တန်ဖိုးကြီးမားတဲ့ သိန်းပေါင်း များစွာတန်တဲ့ ရတနာတွေကို လည်ပင်းမှာဆွဲ ၊ နားမှာဖေါက်စွပ်ပေးပေး၊ လက်မှာလည်း စွပ်ကြ ၊ ခြေထောက် မှာလည်း စွပ်ကြနဲ့ ဘယ်လိုပဲ တန်ဆာဆင်ပေးစေတော့
'' ဤကိုယ်ကြီးကတော့ ရွှေပြန်မထွက်ပါဘူး ၊ မတင့်မတယ် ရွံဖွယ်ရာတွေပဲစိမ့်ထွက်နေပါလိမ့်မယ် ။ ''
သိန်းပေါင်းများစွာတန်တဲ့ ကားတွေနဲ့ ထားလည်းဘဲ ၊ ကားပေါ်မှာ ချွေးတွေ ပျံလို့
တစိမ့်စိမ့်နဲ့ မတင့်မတယ် ရွံဖွယ်ရာတွေကိုပဲ စိမ့်ထွက်ပါလိမ့်မယ် ။
အဝတ်အထည်တွေ ဘယ်လောက်တန်ဖိုးကြီးတာတွေ ဝတ်ထားထား အနာတုံးကြီးကို
ပတ်တီးပတ်ထားသလိုပါဘဲနော် . . . ။ တစိမ့်စိမ့်ထွက်တဲ့ အပုတ်အခိုးတွေကြောင့် အဝတ်အထည်
သာလျှင် ညစ်နွမ်းခြင်းရောက်ရတယ် ။ စင်စစ်ကတော့ အဝတ်အထည်ထက်ပို၍ ညစ်နွမ်းတဲ့
ရွံစရာကောင်း သော '' မတင့်မတယ် ရံစွ ရာဖြစ်သော ခန္ဓာအိမ် '' လို့ မှတ်ကြပါ ။
တန်ဖိုးကြီးမားတဲ့ ရေမွှေး ပေါင်ဒါနံ့တွေ ၊ ဘယ်လိုပဲ လိမ်းချယ် လိမ်းချယ်
မွှေးညှင်းပေါက် ကနေ စိမ့်ထွက်ကြတဲ့ ချွေးနဲ့အတူ အပုပ်အခိုးတွေရဲ့ အရှိန်အဟုန်ကြောင့်
တကိုယ်လုံး အမွှေးနံသာတွေက ပျက်ပြယ်ကြရတာ ၊ တကယ်တော့ မတင့်မတယ်ရွံဖွယ်ရာသာ
စိမ့်ထွက်တဲ့ ခန္ဓာအိမ်ပါပဲလို့ မှတ်ကြပါ ။
အင်မတန် ညိုမဲပြီးတော့ကာ ၊ ပိတုန်းရောင် တောက်တဲ့ ဆံပင်တွေဟာလည်း တစ်စ
တစ်စရင့်ရော် အိုမင်းလာတဲ့ အခါကျတော့ '' ဖြူဖွေး '' လို့ ကြည့်မကောင်းတော့ပါဘူး ။
အမ္ဗပါလီ ရဟန္တာမကြီး ဥဒါန်းထဲမှာ ပါပါတယ် ။ ပြောင်းပင် ပြောင်းဖူးက ဖြူဖွေးတဲ့
အမွှေး များလိုပါဘဲတဲ့ ၊ ဟိုတုန်းက အင်မတန်လှပပြီး မဲပြောင်နေတဲ့ ဆံပင်ဟာလည်း အခုတော့
ဖြူဖွေးကုန်ပြီတဲ့ ၊ မလှတော့ဘူး ၊ တောက်ပပြီး လှပတယ်ဆိုတဲ့ မျက်လုံးကလည်း အခုတော့
မျက်ချေး တပေပေနဲ့ မျက်ခံက အိကျလို့ ရွံစရာကောင်းနေပြီတဲ့ ၊ တင်းဖေါင်းပြီးလှပတဲ့
ပါးပြင်တွေကလည်း အိတွဲလို့ ကြည့်မကောင်းတော့ဘူး ၊ ဖြူဖွေးစီတန်းပြီး လှပတဲ့ သွားတွေကလည်းပဲ
. . . ခယိုခယိုင်နဲ့ ကြည့်၍မကောင်းတော့ပါဘူး ။
ရုပ်ပျက်ကုန်ပါပြီတဲ့ ၊ လက်မောင်းကလေးတွေ ၊ ပေါင်တံကလေးတွေကလည်းပဲ
ဆင်နှာမောင်းလို သဖွယ်ပြောင်းတယ်လို့ ဆိုသော်လည်းပဲ ၊ အခုအချိန်မှာတော့  ခြောက်သွေ့ တဲ့
ကြံချောင်းကြီး အဆစ်များနဲ့ တကွ ကြံချောင်းလိုဖြစ်သွားပြီ ၊ ခြောက်သွေ့တဲ့ ကြံချောင်းလို ဖြစ်ကုန်ပြီ
မလှတော့ပါဘူး ။
တင့်တယ်လှပတယ်ဆိုတဲ့ ရင်သားနှစ်မွှာကလည်းပဲ သုံးမရလို့ ပစ်ထားတဲ့ရေစစ်ပမာလို ရှုံ့ တွလို့ ကြည့်မကောင်းတော့ပါဘူး ။ ခါးတွေကလည်း ကိုင်းလို့ ယိမ်းယိုင်လို့မလှတော့ပါဘူး ၊ ကြည့်မကောင်း တော့ပါဘူး ။ အိုမင်းခြင်းရဲ့ ဒုက္ခ . . .

တဖြည်းဖြည်းနဲ့ နာရလိမ့်ဦးမယ် ၊ ရောဂါဘယတွေကြောင့်လည်းဘဲ ငြီးတွားနေရအုန်းမယ် ၊ အိပ်လို့လည်းမရ စားလို့လည်းမကောင်းနဲ့ နောက်ဆုံးတော့ . . .ရောဂါဘယတွေနဲ့ ကိုယ့်ကျင်ငယ် ၊ ကိုယ့်ကျင်ကြီးကိုယ်မနိုင်လို့ သူများထူမှ ထရတဲ့ ဘဝဖြစ်ရလိမ့်အုန်းမယ် ၊ စုတေမနေသေကာနီး အခါမှာကျတော့  အသက်ကို ဆောင်လောက်အောင်ဓါတ်လေးပါး ဖေါက်ပြန်လို့ နာကျင်ပြီးတော့မှ နောက်ဆုံးသေရမှာ ။
သေပြီးလို့ တစ်ရက် ၊ နှစ်ရက် ၊ သုံးရက်ဆိုရင်ပဲ ဝါဝင်းတောင့်တင်းရာကနေပြီးတော့ကာ ၊ လေထိုးထားတဲ့ သားရေအိတ်ကြီးပမာလိုတဲ့ ညိုဖေါင်းကာပြီးတော့ကာ ၊အက်ကွဲကုန်ပြီတဲ့ ၊ သေွး တွေ ပြည်တွေ ဖြစ်လာပြီ ၊ ပိုးလောက်တွေစားကုန်ကြပြီ ၊ လှပပါတယ်လို့ထင်ခဲ့တဲ့ ပါးပြင်တွေမှာလည်းဘဲ အက်ကွဲလို့ သွေးတွေ ၊ သွေးပုပ်တွေ ၊ ပြည်တွေနဲ့ ရွံစရာအတိဖြစ်ပြီ ၊မျက်လုံးများလည်း ပြူးအန်ထွက်လို့ မလှတော့ပါဘူး ၊ ပါးစပ်ဟောင်းလောင်းနဲ့ တကိုယ်လုံးပိုးလောက်တွေလည်း စားကုန်ကြပါပြီ ။ လက်မောင်း လက်ဖျံတွေလည်း အက်ကွဲလို့ သွေးတွေပြည်တွေနဲ့ ဒွါရပေါက်တွေကလည်း တစိုစိုနဲ့ ပိုးလောက်တွေစားလို့ ရွံစရာ ဖြစ်ပါပြီ ။
'' ဤကိုယ်ကြီးကတော့ ရွှေပြန်မထွက်ပါဘူး ၊ မတင့်မတယ် ရွံဖွယ်ရာတွေပဲစိမ့်ထွက်နေပါလိမ့်မယ် ။ ''
သိန်းပေါင်းများစွာတန်တဲ့ ကားတွေနဲ့ ထားလည်းဘဲ ၊ ကားပေါ်မှာ ချွေးတွေ ပျံလို့တစိမ့်စိမ့်နဲ့ မတင့်မတယ် ရွံဖွယ်ရာတွေကိုပဲ စိမ့်ထွက်ပါလိမ့်မယ် ။
အဝတ်အထည်တွေ ဘယ်လောက်တန်ဖိုးကြီးတာတွေ ဝတ်ထားထား အနာတုံးကြီးကို
ပတ်တီးပတ်ထားသလိုပါဘဲနော် . . . ။ တစိမ့်စိမ့်ထွက်တဲ့ အပုတ်အခိုးတွေကြောင့် အဝတ်အထည်
သာလျှင် ညစ်နွမ်းခြင်းရောက်ရတယ် ။ စင်စစ်ကတော့ အဝတ်အထည်ထက်ပို၍ ညစ်နွမ်းတဲ့
ရွံစရာကောင်း သော '' မတင့်မတယ် ရံစွ ရာဖြစ်သော ခန္ဓာအိမ် '' လို့ မှတ်ကြပါ ။
တန်ဖိုးကြီးမားတဲ့ ရေမွှေး ပေါင်ဒါနံ့တွေ ၊ ဘယ်လိုပဲ လိမ်းချယ် လိမ်းချယ်
မွှေးညှင်းပေါက် ကနေ စိမ့်ထွက်ကြတဲ့ ချွေးနဲ့အတူ အပုပ်အခိုးတွေရဲ့ အရှိန်အဟုန်ကြောင့်
တကိုယ်လုံး အမွှေးနံသာတွေက ပျက်ပြယ်ကြရတာ ၊ တကယ်တော့ မတင့်မတယ်ရွံဖွယ်ရာသာ
စိမ့်ထွက်တဲ့ ခန္ဓာအိမ်ပါပဲလို့ မှတ်ကြပါ ။
အင်မတန် ညိုမဲပြီးတော့ကာ ၊ ပိတုန်းရောင် တောက်တဲ့ ဆံပင်တွေဟာလည်း တစ်စ
တစ်စရင့်ရော် အိုမင်းလာတဲ့ အခါကျတော့ '' ဖြူဖွေး '' လို့ ကြည့်မကောင်းတော့ပါဘူး ။
အမ္ဗပါလီ ရဟန္တာမကြီး ဥဒါန်းထဲမှာ ပါပါတယ် ။ ပြောင်းပင် ပြောင်းဖူးက ဖြူဖွေးတဲ့
အမွှေး များလိုပတဲ့  ၊ ဟိုတုန်းက အင်မတန်လှပပြီး မဲပြောင်နေတဲ့ ဆံပင်ဟာလည်း အခုတော့
ဖြူဖွေးကုန်ပြီတဲ့ ၊ မလှတော့ဘူး ၊ တောက်ပပြီး လှပတယ်ဆိုတဲ့ မျက်လုံးကလည်း အခုတော့
မျက်ချေး တပေပေနဲ့ မျက်ခံကွ အိကျလို့ ရွံစရာကောင်းနေပြီတဲ့ ၊ တင်းဖေါင်းပြီးလှပတဲ့
ပါးပြင်တွေကလည်း အိတွဲလို့ ကြည့်မကောင်းတော့ဘူး ၊ ဖြူဖွေးစီတန်းပြီး လှပတဲ့ သွားတွေကလည်းပဲ
. . . ခယိုခယိုင်နဲ့ ကြည့်၍မကောင်းတော့ပါဘူး ။
ရုပ်ပျက်ကုန်ပါပြီတဲ့ ၊ လက်မောင်းကလေးတွေ ၊ ပေါင်တံကလေးတွေကလည်းပဲ
ဆင်နှာမောင်းလို သွယ်ပြောင်းတယ်လို့ ဆိုသော်လည်းပဲ ၊ အခုအချိန်မှာတော့  ခြောက်သွေ့ တဲ့
ကြံချောင်းကြီး အဆစ်များနဲ့ တကွ ကြံချောင်းလိုဖြစ်သွားပြီ ၊ ခြောက်သွေ့တဲ့ ကြံချောင်းလို ဖြစ်ကုန်ပြီ
မလှတော့ပါဘူး ။
တင့်တယ်လှပတယ်ဆိုတဲ့ ရင်သားနှစ်မွှာကလည်းပဲ သုံးမရလို့ ပစ်ထားတဲ့
ရေစစ်ပမာလို ရှုံတွလို့ ကြည့်မကောင်းတော့ပါဘူး ။ ခါးတွေကလည်း ကိုင်းလို့ ယိမ်းယိုင်လို့
မလှတော့ပါဘူး ၊ ကြည့်မကောင်း တော့ပါဘူး ။
အိုမင်းခြင်းရဲ့ ဒုက္ခ . . . တဖြည်းဖြည်းနဲ့ နာရလိမ့်ဦးမယ် ၊ ရောဂါဘယတွေကြောင့်
လည်းဘဲ ငြီးတွားနေရအုန်းမယ် ၊ အိပ်လို့လည်းမရ စားလို့လည်းမကောင်းနဲ့ နောက်ဆုံးတော့ . . .
ရောဂါဘယတေနွ့ဲ ကိုယ့်ကျင်ငယ် ၊ ကိုယ့်ကျင်ကြီးကိုယ်မနိုင်လို့ သူများထူမှ ထရတဲ့
ဘဝဖြစ်ရလိမ့်အုန်းမယ် ၊ စုတေ မနေ သေကာနီးအခါမှာကျတော့ အသက်ကို ဆောင်လောက်အောင်
ဓါတ်လေးပါး ဖေါက်ပြန်လို့ နာကျင်ပြီးတော့မှ နောက်ဆုံးသေရမှာ ။
သေပြီးလို့ တစ်ရက် ၊ နှစ်ရက် ၊ သုံးရက်ဆိုရင်ပဲ ဝါဝင်းတောင့်တင်းရာက
နေပြီးတော့ကာ ၊ လေထိုးထားတဲ့ သားရေအိတ်ကြီးပမာလိုတဲ့ ညိုဖေါင်းကာပြီးတော့ကာ ၊
အက်ကွဲကုန်ပြီတဲ့ ၊ သေွး တွေ ပြည်တွေ ဖြစ်လာပြီ ၊ ပိုးလောက်တွေစားကုန်ကြပြီ ၊ လှပပါတယ်လို့
ထင်ခဲ့တဲ့ ပါးပြင်တွေမှာလည်းဘဲ အက်ကွဲလို့ သွေးတွေ ၊ သွေးပုပ်တွေ ၊ ပြည်တွေနဲ့ ရွံစရာအတိဖြစ်ပြီ ၊
မျက်လုံးများလည်း ပြူးအန်ထွက်လို့ မလှတော့ပါဘူး ၊ ပါးစပ်ဟောင်းလောင်းနဲ့ တကိုယ်လုံး
ပိုးလောက်တေလွ ည်း စားကုန်ကြပါပြီ ။ လက်မောင်း လက်ဖျံတွေလည်း အက်ကဲလွို့ သွေးတွေ
ပြည်တွေနဲ့ ဒွါရပေါက်တွေကလည်း တစိုစိုနဲ့ ပိုးလောက်တွေစားလို့ ရွံစရာ ဖြစ်ပါပြီ ။
ချမ်းသာလည်းမျိုးစုံ စုံခြဲ့ကပါပြီ ၊ ဆင်းရဲလည်း မျိုးစုံခဲ့ပါပြီ ၊ ပင်ပန်းလှပါပြီ ။
ဘဒ္ဒဝတီ ညီနောင် သုံးဆယ်ကို သံဝေဂ ကထာဟောပုံကျတော့ ပို၍ နက်နဲလှပါတယ်
။ အင်မတန်ရှည်ကြာတဲ့ သံသရာလမ်းကလည်းပဲ သင်္ချေပေါင်း အနန္တလို့ ဆိုထားတော့ မရေနိုင်တဲ့
ကမ္ဘာတွေက အများကြီးပါဘဲ ။ ထိုထိုဘဝတွေ ဘဝတွေမှာ ခုလိုဘဲ အစုန်အဆန် ကျင်လည်လို့
ဖွါးလိုက် သေလိုက် ၊ ဖွါးလိုက် သေလိုက် လာခဲ့ကြတဲ့ သက်တမ်းတွေ တွက်ပြီး ဘုရားရှင်က
အမိန့်ရှိခဲ့ပါတယ် ။
'' ချစ်သားတို့ နှစ်သက်သလို ဖြေကြတဲ့ . . . . . ။ ''
အင်မတန် ရှည်ကြာတဲ့ သံသရာကြီးမှာ ၊ ဘဝတွေ မရေနိုင်အောင် ဖြစ်ခဲ့တော့ ထိုထို
ဘဝ တွေထဲမှာ နွားဘဝ တစ်ခုတည်း နှလုံးသွင်းကြည့်ကြပါတဲ့ ၊
နွားတောင်မှ အဖြူ တစ်ခုတည်း ၊ စဉ်းစားကြည့်ပါအုံး . . .တဲ့ နွားအဖြူဘဝနဲ့
သူများက လည်လှီးလို့ သေကာနီးမှာကျတဲ့ သွေးတွေ ၊ ပေါင်းထားမယ် ။ ဤကမ္ဘာမှာရှိတဲ့
သမုဒ္ဒရာရေနဲ့ ထိုသေွး နဲ့ ယှဉ်ကြည့်ရင် ဘယ်ဟာများမယ်ထင်သလဲ . . .လို့ ဘုရားက အမိန့်ရှိတော့..

မှန်လှပါဘုရား ၊ နွားအဖြူ ဘဝနဲ့ ကျခဲ့သွေးက များပါလိမ့်မယ် ဘုရားလို့ ဖြေကြရပါတယ် ။

ကောင်းပြီ . . နွား အနီ တမျိုးတည်းပဲ ပြန်တွေးကြအုန်းတဲ့ . . . ။ ဘဝအဆက်ဆက်မှာ
နွားဖြစ်ခဲ့တဲ့ ဘဝမှာ နွားနီတစ်မျိုးတည်းမှာဘဲ ၊ သူများသတ်လို့ ကျတဲ့ သွေးတွေပေါင်းထားမယ်ဆိုရင်
၊ ပင်လယ်ရေနဲ့ နှိုင်းယှဉ်ကြည့်ကြ ၊နှစ်သက်သလို ဖြေကြပါတဲ့ . . . ဘယ်ဟာများမယ်ထင်လဲ . . . ၊ လို့ မေးတော်မူ တယ်. . .။

မှန်လှပါဘုရား . . သွေးကများပါလိမ့်မယ်လို့ ဖြေကြရှာတယ် ။

ဒါကို . . ဘုရားက ၊ တော်လောက်ပါပြီကွယ် ၊ '' သံသရာဖြတ်ဖို့ သင့်ပါပြီ ''
ပင်ပန်းလှပါပြီ လို့ မိန့်တော်မူပါတယ် ။ သေကာနီးမှာကျတဲ့ မျက်ရည်တွေလည်း မနည်းတော့ပါဘူး ၊
ဒါကြောင့် အားလုံး ကိုယ့်ကိုယ်ကို ဆုံးမကြပါ ၊ အော် . . . တော်လောက်ပြီ ၊ ပင်ပန်းလှပါပြီလို့
ဆင်ခြင်ကြပါ ။
ဤကဲ့သို့ ဆင်းရဲများကြတော့တဲ့ တဏှာအစပ်ပြတ်မှ အေးတော့မယ်လို့ ဆင်ခြင်ရမယ် ။
'' ဆင်းရြဲဖစ်တဲ့ အနီးကပ်ဆုံး အကြောင်းက ဇာတိပါပဲ ''
ဘယ်ဇာတိရရ အို ၊ နာ ၊ သေ ဆင်းရဲနဲ့ပဲ အဆုံးသတ်ရမှာ ၊
ဇာတိမရရန်ကလည်း ကမ္မဘဝကို သတ်မှဖြစ်မယ် ၊ ကမ္မဘဝ မလာအောင်ကလည်း
ဥပါဒါန်ကို သတ်မှ ဖြစ်မယ် ၊ ဥပါဒါန်ကို သတ်ချင်ရင်လည်း . . .
တဏှာကို သတ်မှ ဥပါဒါန်မလာမှာ ၊ အကြောင်းကိုပဲ သတ်ရမယ် ။
အကြောင်းရင်းကတော့ တဏှာသတ် တဏှာအစပ်ဖြတ်ဖို့ပါပဲ ၊ တဏှာကလည်း
ဘယ်လိုဖြတ်ရမလဲဆင်ခြင်တော့ ၊ ဘုရားရှင် မိန့်တော်မူခဲ့တဲ့အတိုင်း . . . . . . . .
အာရုံ ဒွါရမေွးတဲ့ ခန္ဓာ ဟိုးဘဝကပြုခဲ့တဲ့ ကံ အရှိန်ကြောင့် ဖြစ်တဲ့ ဝိပါက
အကျိုးဖြစ်တဲ့ ခန္ဓာ ၊ နံပါတ် (၂) အကက်ွနော် မမေ့ပါနဲ့ ၊ အာရုံ ဒွါရတိုက်တော့ ငါးဒွါရမှာဖြင့် အဆင်း ၊
အသံ ၊ အနံ့ ၊ အရသာ ၊ အတေ့အွ ထိ တွေတဲ့ သိ ဆိုရင် စိတ် ၊ စေတသိတ် ၊ ရုပ် တွေ ပေါင်းစပ်လောင်ကျွမ်းလို့ ၊ ကာလမခြား ၊ မနောတံခါး ပွင့်အောင် လောင်ပါတယ် ။ မနောတံခါးမှာကျတော့ မျက်နှာ ကိုယ်အမူအယာ ၊ ပတ်ဝန်းကျင်အမူအယာတွေ ပေါ်လာတယ် ။ ဒါ '' သိ '' ဆိုရင် ခန္ဓာငါးပါး တစ်ပေါင်းတည်းဖြစ် ၊ တပေါင်းတည်းချုပ် ပါပဲ ၊ ပေါ်တဲ့အမူအယာကို '' ကာလမခြား နောက်စိတ်အစုက
လက်ခံဆုံးဖြတ်လေ့ရှိတယ် '' အဘိဓမ္မာ နည်းအားဖြင့် ဘုရားရှင် ဟောတော်မူခဲ့ပါတယ် ။
စိတ်မှာ ယှဉ်ထားတ့ မောဟအမှောင်ဓါတ် ၊ လွှမ်းမိုးနေရင်တော့ အတုံး အခဲ
အထည်လို့ ထင်မှတ်ပြီး ငါ့ခေါင်း ၊ ငါ့ကိုယ် ၊ ငါ့လက် ၊ ငါ့ခြေ ၊ အတုံးအခဲ ထင်ပြီး မာနပါ ပါလာတယ် ၊
ဒီတော့မှ ငါ့အတွက်ဆိုပြီးတော့ . . . .အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန် ကာလသုံးပါး ဆက်တော့တာပါပဲ ၊ ပတ်ဝန်းကျင်ပေါ်လာပြီးတော့ကာ ၊ '' ငါ '' ပေါ် . .ရင် ပတ်ဝန်းကျင်ပေါ်လာတော့တာပါပဲ ငါ့သား . . .ငါ့သမီး ၊ ငါ့ဆွေမျိုး အဲ. ဒီအတွက် ဖြစ်ချင်တဲ့ ပုံစံချပြီး ၊ ဒီပုံစံ ဖြစ်ရမယ်လို့ စွဲလန်းတဲ့ ဥပါဒါန် ၊ စီမံကိန်းချရင်
ဥပါဒါန် ဖြစ်ပြီ ၊ ဥပါဒါန် ဆိုရင်ဖြင့် ၊ . . . နှလုံးအိမ် စိတ်မှီတဲ့ ဟဒယမှာ ဇောအရှိန် အဟုန် ထွက်ပါပြီ ၊
ဒီအရှိန် အဟုန်န့ပဲ ၊ သဟဇာတနိဿယ အညမညအားဖြင့် တကိုယ်လုံး ဓါတ်ရိပ်ဓါတ်ခိုးတွေ
ပြောင်းတော့ တာပါပဲ ။
'' ဘဝပြောင်းတယ် ခေါ်ပါတယ် ''
အရှိန်ပြင်း ပူ၊ ပူသလောက် အရှိန်ပြင်း ၊ ပြင်းသလောက် ညံ့ဖျင်းပြီးတော့ကာ
အရောင်မှိန် အနံ့ဆိုး ဖွဲ့စည်းပုံကြမ်းလျှက် ၊ မသေခင်ကကိုက အပါယ်လေးဘုံသားဘဝ ဇာတိ
ယူနေပါပြီ လို့ ဆင်ခြင် ကြပါ ။
မေတ္တာနဲ့ ယှဉ်ဆက်လိုက်ပြန်တော့လည်း ၊ အအေးဓါတ်အရှိန်နဲ့ အထက်ကိုဆန်မယ် ၊
အထက်ဆန်ပြီး သေရမဲ့ ဇာတိ ယူပြန်တာပါပဲ ၊ ဤအဖြစ်ကို သေသေချာချာ . . .စဉ်းစားဆင်ခြင်လျှက်
'' တဏှာအစပ်ပြတ်မှ အေးမှာပါလား လို့ နှလုံးသွင်းကြပါ ။
ဤကဲ့သို့ ဖြစ်ခဲ့တဲ့ အကြိမ်ပေါင်းဟာလည်း မရေနိုင်တော့ပါဘူး ၊ ပင်ပန်းလှပါပြီ ၊
ဘုရားရှင် မိန့်တော်မူတဲ့ အလုပ်ပေးတရားအတိုင်း ဆင်ခြင်ရမယ် ၊ ရှုမှတ်ရမယ် ၊ အိမ်သည်စိတ်ယူပါ ၊
ရှုဆဲ ထုတ်ဆဲ ငြိမ်ဆဲ အမူအယာမှာ ဆံပင်ကို ဖယ်ထား ၊ လက်သည်း ခြေသည်းကိုဖယ် ပါ ၊
အရေပြားခြောက်တွေဖယ်ပါ ၊ လေဖြတ်တဲ့ အင်္ဂါကြီးငယ်ဖယ်လျှက် ၊ ကျန်တဲ့ နေရာအားလုံးမှာ . . .
ကာယပသာဒ အကြည်ဓါတ် ၊ အာရုံကြော အဖျားလေးတွေ အဆုံးသတ်ထားပါတယ် ။
မပြတ်လောင်တော့ တေဇောဓါတ် ၊ ဝါယောဓါတ်၊ ပထဝီဓါတ် ဓါတ်သုံးပါးကို သိခွင့်ရပါပြီ ၊
ခန္ဓာမီးလောင်တော့ ဓါတ်သုံးပါးသိတယ် ၊ ကာလမခြား မနောမှာ မျက်နှာ အမူအယာ ၊ ကိုယ်
အမူအယာ ၊ လက်ခြေ အမူအယာ ၊ ရှုဆဲ အမူအယာ ၊ ထုတ်ဆဲ အမူအယာ ၊ ငြိမ်ဆဲ အမူအယာ ၊
လှုပ်ရှားဆဲ အမူအယာ ဟာ တစ်စပ်တည်းဆိုသလို ကာလမခြား ပေါ်နေပါတယ် ၊ ဒါကို
နောက်စိတ်အစုမှ ဘုရားပေးတဲ့ ပညာနဲ့ ရှုမှတ်တဲ့အခါ . . .
နေတံမမ ၊ နေသောဟမသ္မိ ၊ နမေသောအတ္တာ
မျက်နှာကိုယ် အမူအယာ တွေကခင်ဗျားပိုင်တဲ့ နဖူးပါ ၊ ခင်ဗျားပိုင်တဲ့ မျက်ခုံး ၊ မျက်လုံး တွေပါလို့၊ ခင်ဗျားပိုင်တဲ့ မျက်နှာပါ ၊ နှာခေါင်းပါ၊ ပါးစပ်ပါ ၊ ခင်ဗျားပိုင်တဲ့ နားရွက်ပါ ၊ ခင်ဗျားပိုင်တဲ့ ခေါင်းပါလို့ စကားပြောတဲ့ အသံ မပါ ပါဘူး ။ရှုဆဲ ထုတ်ဆဲ ငြိမ်ဆဲမှာ အသစ် အသစ် တံလျှပ်ကဲ့သို့ ပေါ်တဲ့ အမူအယာသည် '' ငါ ''ဖြစ် နေပါတယ် ၊ ငါပါလို့ ဝန်ခံစကားပြောတဲ့ အသံ ပညတ် ပါမသွားပါဘူး ။ နမေသော အတ္တာ ၊အသက် လိပ်ပြာ အသက်ရှိတဲ့ အတုံးအခဲမဟုတ် ၊ မဟုတ်ရင် . . ဟုတ်တာက တံလျှပ်လိုတဲ့အသစ်၊ အသစ် လောင်ရင်း ကုန်နေတာပါ ။ တရှိန်ရှိန်နဲ့ မီးတောက်ပမာ လိုပါပဲ ၊ အချိန်နဲ့
ယှဉ်ကြည့်တော့ကာတောက်လျှောက် ဝယဓမ္မာ သင်္ခါရာ စကားအတိုင်း ချုပ်ငြိမ်းနေပါတယ် ၊
အချိန်ကုန်ဘိသကဲ့သို့  ရှုဆဲ ၊ ထုတ်ဆဲ ၊ ငြိမ်ဆဲမှာ တောက်လျှေက် ထိရင်းပျောက် လောင်ရင်းကုန်
ဖွားသေ သေနေပါတယ် ။ အနာဂတ်လည်းမရှိ ၊ အနာဂတ်မှာလည်း ခန္ဓာကြိုမပေါ် ၊ အတိတ်ခန္ဓာ လည်း
ဘယ်တော့မှ ပြန်မလာ ၊ ပေါ်ဆဲမှာလည်းပဲ လောင်ရင်းကုန် ၊ ထိရင်းပျောက် ဘယ်တော့မှ
ပြန်မလာသော ပျောက်ခြင်းနဲ့ ပျောက်နေတာကြောင့် ချုပ်ငြိမ်းနေပါတယ် ။ တရိပ်ရိပ်နဲ့ ပေါ်သမျှ
တံလျှပ်ကဲ့သို့ ချုပ်ငြိမ်းခြင်း ပဲ ရှိပါတယ် ။
ဘုရားရှင်ရဲ့ ကျေးဇူးကြောင့် ခန္ဓာအဆုံး ၊ သံသရာအဆုံး ၊ ဝဋ်ကထွက်မြောက်ခြင်း
သိမြင်တဲ့ ဥာဏ်ရပါတယ်လို့လည်း ဆင်ခြင်ပြီးတော့ ဘုရားကို ကြည်ညိုကြပါ ။ ဤအတိုင်းပဲ
မသိခဲ့ကြလို့ သံသရာ ရှည်ခဲ့တာလည်း များပေါ့ ၊ ပင်ပန်းလှပါပြီ ၊ အခုတော့ လွတ်ပြီလို့လည်း
ဆင်ခြင်ပြီးတော့ ပီတိဖြစ်ပါ အဖေါ်ကောင်းလည်း ရပြီလို့ ပီတိဖြစ်ကြပါ ။

'' စိတ်ရဲ့ ကျက်စားရာ အဖေါ်ကောင်း ''

တိတ်ဆိတ်နေပါတယ် ၊ စကားပြောတဲ့ အသံမပါပါ ၊ သက်ဝင်လှုပ်ရှားတဲ့ အမူအယာ
မရှိပါ ၊ တရိပ်ရိပ်နဲ့ လောင်ရင်းကုန် ထိရင်းပျောက် ချုပ်ငြိမ်းခြင်းပဲ ရှိပါတယ် ။ ဆိတ်သုန်းတယ်
ခေါ်ပါတယ် ကာလသုံးပါးလည်း မငြိတွယ်တာကြောင့် ဝိမုတ္တိဓါတ်လို့လည်း ခေါ်ပါတယ် ။
တဏှာမရှိတာကြောင့် နိဝါန လို့လည်း ခေါ်ကြပါတယ် ။ ဗမာတွေက နိဗ္ဗာန်လို့လည်း
သုံးကြပါတယ် ။ ဒိဋ္ဌိ မရှိတာကြောင့် မာနမရှိတာကြောင့် တဏှာမရှိပါ ။ ကြိမ်ဖန်များစွာ အသစ် အသစ် နော် . . .။
ခန္ဓာ ပေါ်တိုင်း အရှုခံ ၊ အရှုဉာဏ်တည်ရင်ဖြင့် လွတ်မြောက်ပါပြီ ၊ နောက်ဆုံး အပြီးသေလို့ ခေါ်ပါတယ် ။ ဘဝတစ်ခုလုံးရဲ့ ဖွားသေ အဖေါ်ကောင်း ဖြစ်ပါတယ် ။ အဖေါ်ကောင်းဖြစ်ပါတယ် . . . ။

'' ကာယ ဂထာ သတိ '' သည်သာ အကောင်းဆုံး အဖေါ်မွန် ။

ပဋာစာရီကို ဘုရားရှင် ဆုံးမတုန်းက ၊ ချစ်သမီး . . . ကိုယ့်ရဲ့ ဖခင် ၊ မိခင် ကိုလည်း
အားကိုးထင်ကြ ၊ အစ်ကို အစ်မ ဆွေမျိုးတွေကိုလည်း အားကိုးထင်ကြ ၊ ခင်ပွန်းသည် ၊ ဇနီးသည် ၊
သား ၊ သမီးတွေကိုလည်း အားကိုးထင်ကြ ၊ စီးပွားဥစ္စာကိုလည်း အားကိုးထင်ကြတယ်တဲ့ ။
ထိုအရာတွေဟာ အားကိုး အစစ်လည်း မဟုတ်ပါ ။ အဖေါ်ကောင်းလည်း မဟုတ်ပါ ။ ဒါကြောင့်မို့လို့
ပညာရှိများသည် '' တဏှာမရှိရာ နိဗ္ဗာန်လမ်းကို သုတ်သင် ရှင်းလင်းလို့ သွားကြပါတယ် ။ ''
ရှင်းရှင်းလင်းလင်း ရှင်းလင်းပြီးတော့ကာ လျှောက်ကြပါတယ်လို့ အမိန့်ရှိတော်မူပါတယ် ။
အဖေါ်ကောင်းပါပဲ ။
အာနန္ဒာ မထေရ် မြတ်စွာဘုရားမရှိတဲ့ နောက်မှာ ၊ အင်မတန်သောကရောက်ခဲ့ရပါတယ် ၊ အားကိုးမဲ့ကာ ၊ အဖေါ်မရှိတော့ ပင်ပန်းခဲ့ပါတယ် ။ နောက် . . . တဏှာအစပ်ပြတ်တော့မှ ဘုရား မရှိတဲ့နောက် . . .
'' ကာယဂတာ သတိသည်သာ အကောင်းဆုံး အဖော်မွန်ပါဘဲ '' လို့ ဥဒါန်း ကျူးခဲ့ရှာပါတယ် ။
မပြတ်မလပ် အရှုခံ ပေါ်တာကတော့ အိမ်သည် စိတ်ကိုယ်မှာ ပေါ်တာပါပဲ ။ မနောအထိ ကာလမခြားပေါ်တာကို အမူယာတိုင်း ၊ အမူယာတိုင်း ၊ အချိန်တိုင်းမှာ ဉာဏ်ထည့်ပြီးတော့ကာ
အရှုခံ အရှုဉာဏ် တည့်လျှက် . . . အရှိကို အရှိအတိုင်း ရှုမြင်တဲ့ ဉာဏ်ကို အဖေါ်လို့ဘဲ
ပွါးများခြင်းမှတပါး ကောင်းသော အဖေါ်မရှိပါ ။ အကောင်းဆုံး အဖေါ်ပါပဲ ။ အမြတ်လည်း
အမြတ်ဆုံးပါပဲ ။

ကံဟောင်းလည်းကုန် ၊ ကံသစ်လည်း မလာ ၊ လွတ်မြောက်ရာဖြစ်ပါတယ် ။
တန်ဘိုးလည်း အင်မတန်ကြီးလှပါတယ် ။
ဘုရားရှင်ရဲ့ စိတ်ဓါတ်ပါပဲ ၊ မြတ်စွာဘုရားရှင်ကို ကိုယ်တိုင်ပင့်ထားသလိုပါပဲ
ဘုရားဓါတ် ပင့်ထားတာပါပဲ ၊ တိုက်ရိုက် ဘုရားဖူးနေတာ ။
ဝဂ္ဂလိ ရဟန်းကို မိန့်တော်မူတာက အပုပ်ကောင်ကြီးကို မြင်လို့ ဘုရားမြင်တယ်
မယူနဲ့တဲ့ ၊ ဤ တရားမြင်မှ ဘုရားမြင်တယ် . . . ခေါ်ပါတယ် လို့ မိန့်တော်မူခဲ့ပါတယ် ။
ဒါကြောင့် အားလုံးသည် ရှုဆဲ ၊ မှတ်ဆဲမှာ ဘုရားကိုယ်တော်တိုင် ဖူးနေရပါတယ် ။
ဘုရား ဓါတ် ကိန်းနေပါပြီလို့ ဝမ်းသာကြပါ ။ ပင့်ထားပါတယ်တဲ့ ၊ ဘုရားကို ပင့်ထားပြီးသား
ဖြစ်နေပါတယ် ။ တိုက်ရိုက် ပူဇော်ပြီးသား ဖြစ်နေပါတယ် ။ အကောင်းဆုံး အမြတ်ဆုံး နေခြင်းပါပဲလို့
ဝမ်းသာပီတိ ဖြစ်ပြီး တိုး၍ တိုး၍ ကျင့်ကြပါ ။
ရှုမှတ်ဆဲမှာပင်လျှင် မဟာကုသိုလ် တွဲပါနေတာကြောင့် . . . စွမ်းအားတွေလည်း ပြည့်ပြည့်လာပါတယ် ။ အသွေးအသား ချဉ်ဆီမှာ အင်မတန်ကောင်းတဲ့ သတ္တိတွေ တိုး၍ တိုး၍ လာနေပါတယ် ။
ဖွဲ့ စည်းပုံ နူးညံ့သည်ထက် နူးညံ့ ၊ အရောင်တောက်သည်ထက်တောက်လို့ တန်ခိုးကြီး
သည်ထက် ကြီးလာပါတယ် ။ ဘဝပြောင်းနေပါတယ် ။ နောက်ဆုံး ဖွဲ့စည်းပုံပျောက် လောင် အောင်
အထိ ပြောင်းလဲလျှက် ခန္ဓာဇာတ်သိမ်း အေးငြိမ်းပါလိမ့်မယ် ။ အကောင်းဆုံး အဖေါ်ပါပဲ ။
အော် . . . အတွေးနယ်မှာပေါ်တဲ့ ၊ မနောတံခါးမှာပေါ်တဲ့ . . . မျက်နှာ အမူအရာ
ကိုယ် အမူအယာကို အတုံး ၊ အခဲ ၊ အထည် ၊ ငါလို့ ထင်မိတာကြောင့် ငါ့အိုး ၊ ငါ့အိမ် ၊ ငါ့သား ၊
င့ါသမီး ၊ င့ါဆွေမျိုး ၊ တောင့်တကြောင့်ကြမျိုးစုံနဲ့ သံသရာမှာ ကပြောင်းကပြန် ခြားရဟတ်လို
ပင်ပန်းခဲ့တာ ကြာခဲ့ပေါ့ ၊ အခုတော့ လက်လွတ်ပြီလို့ ဆင်ခြင်ကြပါ ။ ပီတိဖြစ်ကြပါ ။
ဝစီ ပညတ် စကားလုံး ၊ လုံးဝမရှိပါ ။ လှုပ်ရှားတဲ့ အမူအယာ လုံးဝမရှိပါ ။ အသစ်
အသစ် တံလျှပ် ကဲ့သို့ တရိပ်ရိပ် နဲ့ ပေါ်ရင်း ပျောက် . . .လောင်ရင်းကုန် ။
ဤက့သဲို့ ကြိမ်ဖန်များစွာ ပွါးများကြကုန်လျှက် ၊ စိတ်မှီရာ အသွေး အသား
ချဉ်ဆီတွေမှာ ရုပ်တွေမှာ အညမည အားဖြင့် ဉာဏ်ရင့်သန်ကာ နောက်ဆုံး တဏှာအစပ်
အပြီးဖြတ်နိုင်သော ဉာဏ်အလင်း ထိအောင် ပေါက်မြောက်၍ အရဟတ္တဖိုလ်ဖြင့် ခန္ဓာဇာတ်သိမ်း
ငြိမ်းနိုင်ကြပါစေ ။
( သာဓု ၊ သာဓု ၊ သာဓု ) ဆရာတော် ပေးတဲ့ဆုနဲ့ ပြည့်စုံရပါစေ ဘုရား။

အထက်ပါ "သံဝေဂနှင့်အလုပ်ပေးတရားတော်" အား ဆရာတော်ကြီး၏ အတွင်းနေ တပည့်ရင်းဖြစ်သူ နန်းနွယ် ရေးသားသည့် စာအုပ်အား အမကြီး သစ္စာအလင်း www.thitsaralin.org/ ဆိုဒ်မှ ရရှိဖော်ပြ မျှဝေပေးပါသည်။           ။
ဤ ကောင်းမှုနှင့် စပ်သမျှ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ ၀မ်းသာကြပါစေ။        ။


'' စာရေးသူ၏ နန်းနွယ်၏ရည်ရွယ်ချက် ''
ဆရာတော်၏ သံဝေဂနှင့် အလုပ်ပေးတရားတော်သည် မဖြစ်မနေ ရင်ဆိုင်ရမည့် ၊ သေခြင်း တရားအတွက် ကြိုတင်ပြင်ဆင်ထားနိုင်စေခြင်းငှာ ရည်သန်၍ရေးသားဖေါ်ပြရခြင်းဖြစ်ပါသည်။
ဖတ်ရှု လေ့လာကျင့်ကြံပွားများ အားထုတ်ကြပြီးလျှင် တဏှာအစပ် အပြီးဖြတ်နိုင်သော ဥာဏ်အလင်း ထိအောင် ပေါက်မြောက်နိုင်ကြပါစေရန်အရှင်ဇေယျပဏ္ဍိတ၏ ဟောကြားအပ်သော တရားတော်များကို စုစည်းတင်ပြအပ်ပါသည်။ ဝိဇ္ဇာဥာဏ်မြတ်အလင်းဓါတ် လွှမ်းပတ်ကမ္ဘာတည်ပါစေ . . .

နန်းနွယ် (ဆရာတော်၏ အတွင်းနေတပည့်ရင်း) '' ၂ဝဝ၅-ခုနှစ်၊ ယောဂီဟောင်း ဟောစဉ် ''

Tuesday 19 April 2011