Monday 18 April 2011

သုဓမ္မသိင်္ဂီမလယ်လယ်အောင်(ခ)မလေး သို့  နှစ်သစ်အမှတ်တရ -

မလေး ရေ..

မြန်မာနှစ်ဆန်း(၁)ရက်နေ့ တောင်ရောက်လို့ နှစ်သစ်တစ်နှစ်ကူးခဲ့ပြန်ပါပြီ။ နှစ်ဆန်းရက်ရောက်တိုင်း မှတ်မှတ်ယယ
မလေးနဲ့ အတူ ရွှေထီးတော်၊ စိန်ဖူးတော်မြတ်ကို စိန်စစ်စစ်နဲ့  တင်လှူခဲ့ကြတဲ့ မင်္ဂလာဒုံ၊ ပျဉ်းမပင်က အာယုဒီဃ ပျိုးဥယျာဉ်စာသင်တိုက်နှင့်ပရဟိတဘုန်းတော်ကြီး ကျောင်းတိုက်ထဲမှာ တည်ထားကိုးကွယ်တော်မူထားတဲ့ “ချမ်းသာအောင်”စေတီတော်မြတ်ရဲ့ ဗုဒ္ဓပူဇနိယပွဲတော်နေ့   ကျင်းပနေတဲ့ နှစ်သစ်ကူးမင်္ဂလာနေ့ လေးမို့  လှူဒါန်းခဲ့ကြတဲ့ ကုသိုလ်လေးတွေ ပြန်လည်သတိရစွာရှိနေမိပါတယ်…ဒါတင်မက အာယုဒီဃပျိုးဥယျာဉ်စာသင်တိုက် ပဓါန၊ နာယက ဆရာတော်ကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအရိယ၀ံသ စောင့်ရှောက်ထားတဲ့ နယ်စပ်နဲ့ တောင်တန်း ဒေသက ရှင်မပြုရသေးတဲ့ ကလေးငယ်လေးတွေအားလုံးကို ရှင်ပြု၊ ရဟန်းခံအလှူ လှူခဲ့ကြတာတွေပါ ပြန်ပြောင်းသတိရ နေမိရင်း    မလေး ထပ်တူဝမ်းသာသတိရစေဖို့  နှစ်သစ်မင်္ဂလာနေ့ အမှတ်တရ ရေးဖြစ်ဖို့ အားအင်ဖြစ်လာရပါတော့တယ်…



ဒီ့ထက် မလေးရဲ့  ဗုဒ္ဓသာသနာတော်ကြီးအတွက် မြန်မာပြည်တလွှားပစ္စည်းလေးပါးတို့ ဖြင့်ထူးခြားစွာထောက်ပံ့လှူဒါန်း ခဲ့မှု       တို့ အတွက် ထိုက်တန်စွာ ၂၀၁၁-ခုနှစ်မှာ နိုင်ငံတော်မှ “သုဓမ္မသိင်္ဂီ” ဘွဲ့ တံဆိပ်တော်ချီးမြှင့်ကြောင်းကြားသိရလို့  ဥရောပမြေမှ မလေးနဲ့ ထပ်တူ မောင်ငယ် တစ်ဦးအနေနဲ့ ဝမ်းသာပီတိဖြစ်စွာ ဂုဏ်ယူမိပါတယ်ဆိုတဲ့အကြောင်းလည်း မှတ်တမ်းပြုပါတယ်… “သုဓမ္မသိင်္ဂီ” ဘွဲ့ တံဆိပ်တော်ချီးမြှင့်ပေးတဲ့ ပြီးခဲ့တဲ့ တပေါင်းလပြည့်နေ့ မှာ ဟောင်ကောင် Lantau ကျွန်းမှာ တည်ထားကိုးကွယ် ထားတဲ့ ကမ္ဘာ့ အကြီးဆုံးဗုဒ္ဓဆင်းတုတော်(The world’s largest Big Buddha)  ရွှေသားစစ်ဆင်းတုတော်ရုပ်ပွားတော်မြတ်ကို Museum (နေပြည်တော်) မှာ လှူဒါန်းခဲ့တာထပ်မံတွေ့ ရတော့ မလေးရဲ့  သာသနာတော်အတွက် လှူဒါန်းမှုတွေကို အဝေးမှ ထပ်မံ သာဓု ခေါ်ဆိုလျှက် မလေးနဲ့ ထပ်တူ ပီတိဖြစ်မိပါတယ်ဆိုတာ နှစ်သစ်ကူးမင်္ဂလာရက်စွဲအဖြစ် မှတ်တမ်းပြု လိုက်ပါတယ်…


ပြုပြုသမျှကုသိုလ်အားလုံးအတွက် သာဓု၊ သာဓု၊ သာဓုပါ မလေး…. ထိုကုသိုလ် တို့ ရဲ့ စွမ်းအားသတ္တိတွေကြောင့် မလေး သည့်ထက်၊ သည့်ထက် မြတ်သာသနာတော်ကြီး အတွက် လှူဒါန်းနိုင်ပါစေ။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ တို့ နှင့်ပြည့်စုံ ပါစေကြောင်း ဆုမွန်များ တောင်းဆုပြုပေးလိုက်ပါကြောင်းပါ….

မောင်ဓါတု(မြတ်သာသနာ)

No comments: