Tuesday, 19 April 2011
မဟာဂန္ဓာရုံဆရာတော်ကြီး အားဖူးမြော်ကြည်ညိုခြင်း
ပရိယတ္တိဂုဏ်ဆောင် တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်သို့  ၁၉၉၃-ခုနှစ်တွင် မဟာဂန္ဓာရုံဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုခြင်း ဗွီဒီယိုမှတ်တမ်း..
ချမ်းမြေ့ ရိပ်သာဆရာတော်ကြီးဖူးမြော်ကြည်ညိုခြင်း
ချမ်းမြေ့ ရိပ်သာဆရာတော်ကြီး အား ၁၉၉၃-ခုနှစ်တွင် ဖူးမြော်ကြည်ညိုခြင်း ဗွီဒီယိုမှတ်တမ်း..
ရွှေတောင်ကုန်းဆရာတော်ကြီးအားဖူးမြော်ကြည်ညိုခြင်း
ရွှေတောင်ကုန်းသာသနာ့ရိပ်သာဆရာတော်ကြီး အား ၁၉၉၃-ခုနှစ်တွင် ဖူးမြော်ကြည်ညိုခြင်း ဗွီဒီယိုမှတ်တမ်း..
Monday, 18 April 2011
တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး ဦးဥတ္တမသာရ အားဖူးမြော်ကြည်ညိုခြင်း
နယ်စပ်တောင်ခြားဒေသများတွင် တစ်ပါးတည်း ဗုဒ္ဓသာသနာပြန့် ပွားရေးအတွက် နှစ်ပေါင်းများစွာ သာသနာပြုတော်မူသော
တောင်တန်းသာသနာပြု ပရိတ်ရေဆူ မေတ္တာပါရမီရှင် ဆရာတော်ကြီးဦးဥတ္တမသာရ အား ၁၉၉၃-ခုနှစ်တွင် ရန်ကုန်မြို့ ၊ ကျောက်မြောင်း တရားပွဲတွင်ဖူးမြော်ကြည်ညိုခြင်းမှတ်တမ်းဗွီဒီယို..
သက်တော်ရှည်ရွှေဟသာင်္ဆရာတော်ကြီးအားဖူးမြော်ခြင်း
သက်တော်(၁၀၁)နှစ်တွင် ခန္ဓာဝန်ချသွားတော်မူသော သူတစ်ပါးစိတ်အကြံသိတော်မူသည့်
ရဟန္တာအရိယာမြတ်ကြီးဟု ကျော်ကြားတော်မူသော
သက်တော်ရှည် ရွှေဟသာင်္ဆရာတော်ကြီးအား ၁၉၉၃-ခုနှစ်တွင် ရိုက်ကူးဖူးမြော်ကြည်ညိုခြင်း...
သုဓမ္မသိင်္ဂီမလယ်လယ်အောင်(ခ)မလေး သို့  နှစ်သစ်အမှတ်တရ -
မလေး ရေ..
မြန်မာနှစ်ဆန်း(၁)ရက်နေ့ တောင်ရောက်လို့ နှစ်သစ်တစ်နှစ်ကူးခဲ့ပြန်ပါပြီ။ နှစ်ဆန်းရက်ရောက်တိုင်း မှတ်မှတ်ယယ
မလေးနဲ့ အတူ ရွှေထီးတော်၊ စိန်ဖူးတော်မြတ်ကို စိန်စစ်စစ်နဲ့  တင်လှူခဲ့ကြတဲ့ မင်္ဂလာဒုံ၊ ပျဉ်းမပင်က အာယုဒီဃ ပျိုးဥယျာဉ်စာသင်တိုက်နှင့်ပရဟိတဘုန်းတော်ကြီး ကျောင်းတိုက်ထဲမှာ တည်ထားကိုးကွယ်တော်မူထားတဲ့ “ချမ်းသာအောင်”စေတီတော်မြတ်ရဲ့ ဗုဒ္ဓပူဇနိယပွဲတော်နေ့  ကျင်းပနေတဲ့ နှစ်သစ်ကူးမင်္ဂလာနေ့ လေးမို့  လှူဒါန်းခဲ့ကြတဲ့ ကုသိုလ်လေးတွေ ပြန်လည်သတိရစွာရှိနေမိပါတယ်…ဒါတင်မက အာယုဒီဃပျိုးဥယျာဉ်စာသင်တိုက် ပဓါန၊ နာယက ဆရာတော်ကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအရိယ၀ံသ စောင့်ရှောက်ထားတဲ့ နယ်စပ်နဲ့ တောင်တန်း ဒေသက ရှင်မပြုရသေးတဲ့ ကလေးငယ်လေးတွေအားလုံးကို ရှင်ပြု၊ ရဟန်းခံအလှူ လှူခဲ့ကြတာတွေပါ ပြန်ပြောင်းသတိရ နေမိရင်း မလေး ထပ်တူဝမ်းသာသတိရစေဖို့  နှစ်သစ်မင်္ဂလာနေ့ အမှတ်တရ ရေးဖြစ်ဖို့ အားအင်ဖြစ်လာရပါတော့တယ်…
ဒီ့ထက် မလေးရဲ့  ဗုဒ္ဓသာသနာတော်ကြီးအတွက် မြန်မာပြည်တလွှားပစ္စည်းလေးပါးတို့ ဖြင့်ထူးခြားစွာထောက်ပံ့လှူဒါန်း ခဲ့မှု တို့ အတွက် ထိုက်တန်စွာ ၂၀၁၁-ခုနှစ်မှာ နိုင်ငံတော်မှ “သုဓမ္မသိင်္ဂီ” ဘွဲ့ တံဆိပ်တော်ချီးမြှင့်ကြောင်းကြားသိရလို့  ဥရောပမြေမှ မလေးနဲ့ ထပ်တူ မောင်ငယ် တစ်ဦးအနေနဲ့ ဝမ်းသာပီတိဖြစ်စွာ ဂုဏ်ယူမိပါတယ်ဆိုတဲ့အကြောင်းလည်း မှတ်တမ်းပြုပါတယ်… “သုဓမ္မသိင်္ဂီ” ဘွဲ့ တံဆိပ်တော်ချီးမြှင့်ပေးတဲ့ ပြီးခဲ့တဲ့ တပေါင်းလပြည့်နေ့ မှာ ဟောင်ကောင် Lantau ကျွန်းမှာ တည်ထားကိုးကွယ် ထားတဲ့ ကမ္ဘာ့ အကြီးဆုံးဗုဒ္ဓဆင်းတုတော်(The world’s largest Big Buddha) ရွှေသားစစ်ဆင်းတုတော်ရုပ်ပွားတော်မြတ်ကို Museum (နေပြည်တော်) မှာ လှူဒါန်းခဲ့တာထပ်မံတွေ့ ရတော့ မလေးရဲ့  သာသနာတော်အတွက် လှူဒါန်းမှုတွေကို အဝေးမှ ထပ်မံ သာဓု ခေါ်ဆိုလျှက် မလေးနဲ့ ထပ်တူ ပီတိဖြစ်မိပါတယ်ဆိုတာ နှစ်သစ်ကူးမင်္ဂလာရက်စွဲအဖြစ် မှတ်တမ်းပြု လိုက်ပါတယ်…
ပြုပြုသမျှကုသိုလ်အားလုံးအတွက် သာဓု၊ သာဓု၊ သာဓုပါ မလေး…. ထိုကုသိုလ် တို့ ရဲ့ စွမ်းအားသတ္တိတွေကြောင့် မလေး သည့်ထက်၊ သည့်ထက် မြတ်သာသနာတော်ကြီး အတွက် လှူဒါန်းနိုင်ပါစေ။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ တို့ နှင့်ပြည့်စုံ ပါစေကြောင်း ဆုမွန်များ တောင်းဆုပြုပေးလိုက်ပါကြောင်းပါ….
မောင်ဓါတု(မြတ်သာသနာ)
မြန်မာနှစ်ဆန်း(၁)ရက်နေ့ တောင်ရောက်လို့ နှစ်သစ်တစ်နှစ်ကူးခဲ့ပြန်ပါပြီ။ နှစ်ဆန်းရက်ရောက်တိုင်း မှတ်မှတ်ယယ
မလေးနဲ့ အတူ ရွှေထီးတော်၊ စိန်ဖူးတော်မြတ်ကို စိန်စစ်စစ်နဲ့  တင်လှူခဲ့ကြတဲ့ မင်္ဂလာဒုံ၊ ပျဉ်းမပင်က အာယုဒီဃ ပျိုးဥယျာဉ်စာသင်တိုက်နှင့်ပရဟိတဘုန်းတော်ကြီး ကျောင်းတိုက်ထဲမှာ တည်ထားကိုးကွယ်တော်မူထားတဲ့ “ချမ်းသာအောင်”စေတီတော်မြတ်ရဲ့ ဗုဒ္ဓပူဇနိယပွဲတော်နေ့  ကျင်းပနေတဲ့ နှစ်သစ်ကူးမင်္ဂလာနေ့ လေးမို့  လှူဒါန်းခဲ့ကြတဲ့ ကုသိုလ်လေးတွေ ပြန်လည်သတိရစွာရှိနေမိပါတယ်…ဒါတင်မက အာယုဒီဃပျိုးဥယျာဉ်စာသင်တိုက် ပဓါန၊ နာယက ဆရာတော်ကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအရိယ၀ံသ စောင့်ရှောက်ထားတဲ့ နယ်စပ်နဲ့ တောင်တန်း ဒေသက ရှင်မပြုရသေးတဲ့ ကလေးငယ်လေးတွေအားလုံးကို ရှင်ပြု၊ ရဟန်းခံအလှူ လှူခဲ့ကြတာတွေပါ ပြန်ပြောင်းသတိရ နေမိရင်း မလေး ထပ်တူဝမ်းသာသတိရစေဖို့  နှစ်သစ်မင်္ဂလာနေ့ အမှတ်တရ ရေးဖြစ်ဖို့ အားအင်ဖြစ်လာရပါတော့တယ်…
ပြုပြုသမျှကုသိုလ်အားလုံးအတွက် သာဓု၊ သာဓု၊ သာဓုပါ မလေး…. ထိုကုသိုလ် တို့ ရဲ့ စွမ်းအားသတ္တိတွေကြောင့် မလေး သည့်ထက်၊ သည့်ထက် မြတ်သာသနာတော်ကြီး အတွက် လှူဒါန်းနိုင်ပါစေ။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ တို့ နှင့်ပြည့်စုံ ပါစေကြောင်း ဆုမွန်များ တောင်းဆုပြုပေးလိုက်ပါကြောင်းပါ….
မောင်ဓါတု(မြတ်သာသနာ)
Sunday, 17 April 2011
Marc Lawrence ကတော့လုပ်ချလိုက်ပြန်ပြီ..
ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ အထူးသတိပြုဖွယ် ..
လန်ဒန်မှ အကိုဖြစ်သူ ကိုအောင်ကျော်သူ ပေးပို့ ထားသည့်ဗွီဒီယိုအား အထူးသတိပြုဖွယ်ရည်ရွယ်လျှက်
ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်၏တန်ဖိုးအား သိသာပါစေကြောင်း စေတနာမွန်ဖြင့်…..
Thursday, 14 April 2011
“အပါယ်တံခါးပိတ်” နှင့် “နိဗ္ဗာန်တံခါးဖွင်”့ တရားတော်
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ
တိပိဋက နိကာယကျောင်းတိုက်ကြီးများ၏ စီမံအုပ်ချုပ်မှု မဟာနာယက
အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဗုဒ္ဓစာပေပါရဂူ
(နဝမမြောက်) ဗန်းမော်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ဟောကြားတော်မူသော
၁) အလွယ်ဆုံး၊ အကောင်းဆုံးသော လိုရာဆန္ဒပြည့် ချမ်းသာအောင်မြင်စေသော ဂုဏ်တော်(၁၀)ပါး ပုတီးစိပ် နှင့်မေတ္တာပွားနည်း “အပါယ်ပိတ်” တရားတော်
၂) “နိဗ္ဗာန်တံခါးဖွင်”့ တရားတော်
၃) စိတ်ဝင်စားဖွယ်ရာ သံဗုဒ္ဓေဂါထာတော်အကြောင်း တရားတော် များကို MP3 Player နှင့်လွယ်ကူစွာနာယူနိုင်ပါရန် တရားအလှူ ပေးလှူထားပါသည်။
သို့ မျှမက.. Download လုပ်ကာ သိမ်းဆည်းထားလိုသူများအတွက်လည်း MP3 Player တရားတော်အောက်တွင် Download Link ပေးထားပါသည်။
နှစ်သစ်မင်္ဂလာအခါသမယနှင့်အတူ နာယူနိုင်လျှက် ကျင့်ကြံပွားများနိုင်ကြ၍ အပါယ်တံခါးအမှန်ပိတ်ကာ.. နိဗ္ဗာန်တံခါး အမှန်ဖွင့်နိုင်ကြပါစေ။ ယခုမျက်မှောက်ကာလမှာလည်း ကောင်းမြတ်သောလိုရာဆန္ဒများပြည့်ပြီး မကြာခင်ကာလတစ်ခုမှာပင် ချမ်းသာ၊ အောင်မြင်နိုင်ကြကာ မြတ်သာသာနာ ကြီးအတွက် အထောက်အပံ့ကောင်းများပေးနိုင်ကြပါစေကြောင်း ဆုမွန်မေတ္တာရေစင်များ နှစ်သစ်နှင့်အတူ သွန်းလောင်းပေးလိုက်ပါသည်။
ဤကောင်းမှုနှင့်စပ်သမျှ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ ၀မ်းသာကြပါစေသော်ဝ်….။ ။
မောင်ဓါတု (မြတ်သာသနာ)
ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ၏ “ဂုဏပူဇာ” မင်္ဂလာအခမ်းအနား အတွက်ကုသိုလ်ပါဝင်နိုင်ပါပြီ
သကျသီဟ ဝဋံသကာ၊ ပါဠိ သိရောမဏီ၊ ဘီအေ
“အဘိဓဇ မဟာရဋ္ဌဂုရု” ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ
တိပိဋက နိကာယကျောင်းတိုက်ကြီးများ၏ စီမံအုပ်ချုပ်မှု မဟာနာယက
ကျေးဇူးတော်ရှင် (နဝမ) ဗန်းမော်ဆရာတော်ဘုရားကြီး
ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ၏ “ဂုဏပူဇာ” မင်္ဂလာအခမ်းအနား အတွက်ကုသိုလ်ပါဝင်နိုင်ပါပြီ …
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ နဝမမြောက်ဗန်းမော်ဆရာတော် “ဒေါက်တာအရှင်ကုမာရာဘိဝံသ” သည် ၂၀၁၁ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် သာသနာရေးဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်တော်ဖြစ်သော “အဘိဓဇ မဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ကို လက်ခံချီးမြှောက်တော်မူခဲ့ပါသည်။ ၎င်းဘွဲ့တော်ကို အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ရပြီးသူ၊ အကြားအမြင်ဗဟုသုတများသူ၊ အနည်းဆုံးသိက္ခာဝါ(၄၀)ရရှိပြီးသူ၊ ရဟန်းရှင်လူတို့အတွက် အကျိုးများသော ကျမ်းစာရေးသားပြီးသူနှင့် တစ်နိုင်ငံလုံးက အလေးအမြတ်ပြုအပ်သော ဆရာတော်ကြီး များကိုသာ အပ်နှင်းသည့် သာသနာရေးဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်ပါသည်။
ဗုဒ္ဓ၊ ဓမ္မ၊ သံဃ၊ လောကအသင်းကြီး (Lotus Foundation) အသင်းကြီး၏ သြဝါဒစရိယ ဆရာတော်ကြီးတစ်ပါးဖြစ်တော်မူသော ကျေးဇူးတော်ရှင် နဝမမြောက် ဗန်းမော်ဆရာတော်ကြီးအား ဆရာတော်ကြီး၏ တပည့် ဒါယိကာ၊ ဒါယိကာမများနှင့် သဒ္ဓါကြည်လင် စေတနာရှင်၊ ကုသိုလ်ရှင်အပေါင်းတို့မှ ဆရာတော်ဘုရားကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့အား ချီးကျူးကော်ရော် ပူဇော်ဂုဏ်ပြုသောအားဖြင့် “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်အတွက် “ဂုဏပူဇာ” မင်္ဂလာအခမ်းအနားကြီးကို (၁၈-၀၆-၂၀၁၁) ရက်နေ့နှင့် (၁၉-၀၆-၂၀၁၁) ရက်နေ့များတွင် မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်၌ ဆင်ယင်ကျင်းပသွားမည်ဖြစ်ပါသည်။
ဤကဲသို့ထူးကဲမွန်မြတ်လှသော “ဂုဏပူဇာ” မင်္ဂလာအခမ်းအနားကြီး၌ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ၊ လောကအသင်းကြီး (Lotus Foundation) မှလည်း အောက်ဖေါ်ပြပါအတိုင်း ဂုဏ်ပြုအလှူတော် အစီအစဉ်များဖြင့် လှူဒါန်းပူဇော်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၁။ ဗန်းမော်ဆရာတော်ဘုရားကြီး (၂၁-၀၃-၂၀၁၀) ရက်နေ့တွင် စင်္ကာပူနိုင်ငံ Informatics Centre ၌ ဟောကြားချီးမြှင့်တော်မူခဲ့သော “အပါယ်တံခါးပိတ်တရားတော်”နှင့် “နိဗ္ဗာန်တံခါးဖွင့်တရားတော်” တရားတော်နှစ်ပုဒ်အား စာအုပ်ရိုက်နှိပ်၍ ဓမ္မပူဇာအဖြစ် လှူဒါန်းပူဇော်ခြင်း။
၂။ ဗန်းမော်ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သော တရားတော်များကို စုစည်း၍ DVD တရားခွေများအဖြစ် ဓမ္မဒါနပြုလှူဒါန်းပူဇော်ခြင်း။
၃။ “ဂုဏပူဇာ” မင်္ဂလာအခမ်းအနားသို့ ကြွရောက်တော်မူလာကြမည့် ပင့်သံဃာတော်များအား အလှူဝတ္ထုငွေ ငါးသောင်း ကျပ် (၅၀၀၀၀ ကျပ်)နှင့်ညီမျှသော လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်း။
၎။ ဗန်းမော်ဆရာတော်ဘုရားကြီးအား “ဂုဏပူဇာ”အဖြစ် မင်္ဂလာဂုဏ်ပြုအထိမ်းအမှတ် လှူဖွယ်ဝတ္တုအစုစု တို့ကို ဂုဏ်ပြုဆက်ကပ်လှူဒါန်းခြင်း။
၅။ “ဂုဏပူဇာ” မင်္ဂလာအခမ်းအနားဖြစ်မြောက်ရေး အထွေထွေကုန်ကျစရိတ်များအတွက် ပါဝင် လှူဒါန်းခြင်း။
သို့ပါ၍ နဝမမြောက် ဗန်းမော်ဆရာတော်ကြီး၏ “ဂုဏပူဇာ” မင်္ဂလာအခမ်းအနားကြီးတွင် တရားချစ်ခင် သဒ္ဓါကြည်လင် စေတနာရှင်၊ ကုသိုလ်ရှင်များအနေဖြင့် မိမိတို့ သဒ္ဓါတရား နည်းများမဆို ပါဝင်လှူဒါန်းခြင်းဖြင့် ကုသိုလ်တော်ပါဝင်နိုင်ကြပါကြောင်း ရိုသေလေးစားစွာဖြင့် နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်လိုက်ရပါသည်။
“ဂုဏပူဇာ” မင်္ဂလာအခမ်းအနားကြီးနှင့် ပတ်သက်၍ Lotus Foundation မှ စီစဉ်ဆောင်ရွက်ထားမှု အစီအစဉ်အသေးစိတ်နှင့် လှူဒါန်းမှုအစုစုတို့အတွက် အောက်ဖေါ်ပြပါအသင်းဝင်ပုဂ္ဂိုလ်များထံသို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းလှူဒါန်းနိုင်ပါကြောင်း ထပ်လောင်း၍ အသိပေးလိုက်ရပါသည်။
ဆက်သွယ်ရမည့် ပုဂ္ဂိုလ်များ၏ အမည်နှင့် ဖုန်းနံပါတ်များ
၁။ ကိုကျော်လွင် (65-97365034 --> Remark: please call this number after office hours)
၂။ ကိုကျော်ဝဏ္ဏ (65-82369159)
၃။ ကိုထင်ကျော် (65-94242961)
၎။ ကိုဇော်ဇော်ထွဋ် (65-91822963)
၅။ ကိုအောင်ပြည့်စုံအေး (65-91197361)
၆။ ကိုဝင်းထွန်းဆင့် (65-91715156)
၇။ မအေးဇာလီ (65-93854422)
၈။ မကြည်ပြာဝင်း (65-94894622)
**************************************************************************
အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့အကြောင်း သမိုင်းနောက်ခံ
မြန်မာနိုင်ငံ သာသနာရေးဆိုင်ရာ ဘွဲ့များတွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်မှာ အမြင့်ဆုံးသော ဘွဲ့ ဖြစ်ပါသည်။ မြန်မာနိုင်ငံ လွတ်လတ်ရေး ရပြီးနောက် ဆဋ္ဌသင်္ဂါယနာ အကြိုခေတ်၊ မြန်မာသက္ကရာဇ် ၁၃၁၅-ခုနှစ်မှစ၍ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို မြန်မာနိုင်ငံအစိုးရ အဆက်ဆက်တို့က ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဘွဲ့တံဆိပ်တော် စီစဉ်သတ်မှတ်ရေးကော်မတီက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းနိုင်သော အင်္ဂါ ၄-ရပ်ကို
အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။
အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။
၁။ အဂ္ဂဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ရပြီးဖြစ်ခြင်း။
၂။ အနည်းဆုံး သိက္ခာဝါ ၄၀ ( သက်တော် ၆၀ ) ရှိရခြင်း။
၃။ ဗဟုသုတ အကြားအမြင်များခြင်း။
၎။ လူရှင်ရဟန်းတို့အား ကျေးဇူးများသော ဗုဒ္ဓဘာသာ စာပေကျမ်းဂန်ကို ရေးသားဖူးခြင်း။
ချီးမြှင့်ထောက်ပံ့မှု
အဘိဓဇမဟာရဋ္ဌဂုရု ဟူသော ဘွဲ့၏အဓိပ္ပါယ်ကို အောက်ပါအတိုင်း မှတ်သားနိုင်ပါသည်-
အဘိ-ထူးကဲသော၊
ဓဇ-အလံတံခွန်သဖွယ်၊
မဟာ-ကြီးကျယ်မြင့်မြတ် ထင်ရှား၍၊
ရဋ္ဌ-နိုင်ငံတ၀ှမ်းလုံးက၊
ဂုရု-အလေးအမြတ်ပြုအပ်သော ဆရာတော်။
အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရသော ဆရာတော်များကို နိုင်ငံတော်အစိုးရက ကုန်း-ရေ-လေ အခမဲ့ ခရီးသွားလာခွင့်လက်မှတ် ဆက်ကပ်လှူဒါန်းသည့်အပြင် နောက်ပါ တပည့် ၂-ယောက်ကိုလည်း ခေါ်ဆောင်ခွင့် ပြုထားပါသည်၊
နှစ်စဉ် ဆွမ်းဆန်တော်အလှူငွေ ၁၅၀၀-ကျပ် ကပ်လှူခဲ့ရာမှ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် ၆၀၀၀-ကျပ်အထိ တိုးမြှင့်ဆက်ကပ်ကြောင်း သိရပါသည်။
ယခင်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော် ပျံလွန်တော်မူသည့်အခါ ဈာပနစရိတ် ၃၀၀၀-ကျပ် ထောက်ပံ့ခဲ့ပါသည်။
ယခု နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် ဈာပနထောက်ပံ့ငွေ ၅၀၀၀-ကျပ်အထိ တိုးမြှင့် ထောက်ပံ့ကြောင်း သိရပါသည်။
အဘိဓဇ စစ်တမ်း
၁၃၁၅-ခုနှစ်မှ ၁၃၅၂-ခုအထိ ၃၇-နှစ်အတွင်း အဘီဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို ပြည်တွင်းပြည်ပ ဆရာတော်ကြီး ၃၅-ပါးတို့အား ဆက်ကပ်လှူဒါန်းပြီး ဖြစ်ပါသည်၊ ပြည်တွင်းမှ အပါး ၃၀၊ ပြည်ပမှ ၅-ပါး ဆက်ကပ်ခဲ့ပါသည်။
ပြည်ပနိုင်ငံမှ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရသော ဆရာတော်ကြီး ငါးပါးမှာ-
၁။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ၀ပ်ဘော်ဝင် နိဝိသ်ကျောင်းတိုက်မှ ဆွမ်ဒက် ဖရ၀ဇီရဉာဏ၀ံသ ( ၁၃၁၈-ခု ဘွဲ့ကပ် )
၂။ သီရိလင်္ကာနိုင်ငံ ကန္နီမြို့ မာလာဝတု ကျောင်းတိုက်မှ အရှင်အသရဏ သရဏ သီရိသရဏင်္ကရ ( ၁၃၁၈-ခု ဘွဲ့ကပ် )
၃။ လောနိုင်ငံ လူယင် ပအုဆင်ဝပ် သုဝဏ္ဏဘူမိကျောင်းတိုက်မှ အရှင်ဓမ္မဉာဏ ( ၁၃၁၈-ခု ဘွဲ့ကပ် )
၎။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ ၀ပ်ဥဏ္ဏာလောမာရာမတိုက်မှ အရှင်မဟာသုမေဓာဓိပတိ ( ၁၃၁၈-ခု ဘွဲ့ကပ် )
၅။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ဖရသာသနသောဘန ၀ပ်ဘိုဝိုရ်နိဝေစ် ကျောင်းတိုက်မှ ထိုင်းနိုင်ငံ သံဃရာဇာ ဆုမ်ဒေ့ဂ်ျ ဖရဉာဏ
သံဝရ ( ၁၃၅၂-ခု ဘွဲ့ကပ် )
ဤစာစဉ်ရေးသည့်အချိန် (၁၉၉၁-ဧပြီလ)တွင် အထက်ဖော်ပြပါ ဆရာတော်ကြီး ငါးပါးအနက် ဘွဲ့တံဆိပ်ဆက်ကပ်ခံရသော ဖရဉာဏ သံဝရ ဆရာတော် ၁-ပါးသာ သက်တော်ထင်ရှားရှိပါတော့သည်၊ ကျန်လေးပါးမှာ ပျံလွန်တော်မူကြပါပြီ။
အရှင်ပညာသာမိ (မြတ်မင်္ဂလာ ၁၉၉၁-ဧပြီလ)
Wednesday, 13 April 2011
မြန်မာအတာသင်္ကြန်နှင့်အထူးသိမှတ်ဖွယ်...
မိမိတို့ အထူးလေးစားရပါသော ဒေါက်တာမသစ္စာ(သစ္စာအလင်း) ဧည့်ပါမောက္ခ၊ မဟာစရက္ခန် တက္ကသိုလ်၊ ထိုင်းနိုင်ငံ ဧ။် http://drmathitsar.wordpress.com/ Web page မှ အထူးသိမှတ်ဖွယ်၊ လိုက်နာဖွယ် အစိမ်းရောင်ခါးပတ်၊ "MOTTAINAI" နဲ့ မြင့်မြတ်သောခံယူချက် ပို့ စ်လေးအား မြန်မာအတာသင်္ကြန်နှင့်အချိန်ကိုက် ထပ်တူခံစားမျှဝေပေးပါသည်။
အစိမ်းရောင်ခါးပတ်၊ “MOTTAINAI” နဲ့ မြင့်မြတ်သော ခံယူချက်
05 Apr
မေမေချစ်သော သားသားနဲ့ မီးမီးရေ…
အခုအချိန် မှာ ဆိုရင် သား တို့ သမီးတို့ ရှိတဲ့ မြန်မာ ပြည်ကြီး ဟာ တူးပို့ တူးပို့ သံ တွေ နဲ့ ရွှင်မြူး တက်ကြွ နေကြ လိမ့်မယ်ဆိုတာ မှန်းဆရပါတယ်..။ နှစ်သစ်ကူး တဲ့ တန်ခူးလ ကို ရောက်ခဲ့ ပြန်ပါရော လား။ မနှစ်က တော့ ကလေးတို့ နဲ့ အတူ ပိုင်းလော့ဆရာတော်ကျောင်းမှာ တရားစခန်း ဝင်ဖြစ်ခဲ့ ပါတယ်..။
ပိုင်းလော့ဆရာတော်ဘုရားကြီး ရဲ့ ကျောင်းမှာ ဧပြီလ စခန်းဟာ ကလေးများအတွက် သီးသန့် သတ်မှတ်ထားခဲ့တာမို့ မေမေ ဟာ ချက်ပြုတ်ကျွေးမွေး၊ ပန်းကန်ဆေး တဲ့ ဝေယျာဝစ္စကုသိုလ် ပဲဆောင်ယူလိုက်ပါတယ်..။
မေမေ မနှစ်က မြန်မာပြည် ကို ပြန်ရောက်တယ် ဆိုရင် ပဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဟောပြောပွဲတွေကို ပိုင်းလော့ဆရာတော် ဘုရားရဲ့ ဝေယျာဝစ္စ ကလေးတွေ(အပေး နဲ့ပျော်သူများအဖွဲ့ ) ကို ပို့ချခွင့်ရခဲ့ပါတယ်..။
နောက် မြောက်ဥက္ကလာပ က သီရိဇေယျုံ ဘုန်းကြီးကျောင်း က အင်္ဂလိပ်စကားပြောသင်တန်း က ကလေးတွေကို ကောပေါ့လေ..။
မေမေ တို့ နေထိုင်တဲ့ကမ္ဘာမြေ ကြီး ပူနွေးလာမှုတွေ အကြောင်း..။ဘယ်လို တာဝန်ယူကြမလဲ ၊ ဘယ်လို ထိန်းသိမ်း သင့်ကြ လဲဆိုတာ ဆွေးနွေး ပြောပြခွင့်ရ တာကိုမမေ့ဘူး။ တကယ် လည်းသူတို့ ရဲ့ အပြုအမူတွေ ပြောင်းလဲခဲ့ကြတယ် ဆိုတာ ပြန်ကြားရ ပါတယ်။
အဲဒီ ပြောပြတဲ့အချက်တွေ ထဲက တစ်ချက်ကို ပဲ အခုပြောပြချင်ပါတယ်..။Green Belt Movement ဆိုတာကိုတော့တစ်ခါ ပြောခဲ့ဘူးပါတယ်..။အဲဒါနဲ့ ဆက်နွယ်နေတဲ့ “MOTTAINAI” ဆိုတဲ့စကားလုံးလေးပါ..။
ဂျပန်လူမျိုး တွေရဲ့ ရှေးဟောင်း အယူအဆ အရ ဒီစာလုံးလေးဟာ အဓိပ္ပါယ်များစွာရှိပါတယ်..။ ကျေးဇူးတရား နှင့် မသိတတ်မှုကြောင့် ဆုံးရှုံးရတာတွေအပေါ်မှာ ရှက်စနိုးဖြစ်ရမှု ရောပြွမ်းနေတဲ့ သဘောလေးတွေလည်းပါပါတယ်..။
တကယ့်စကား လုံးလေးတွေကတော့ mottai+nai. Mottai (勿体) ၂ခုပေါင်းထားတာပါ။ Mottai (勿体)ဆိုတာကတော့ the intrinsic dignity or sacredness of a material entity လို့ဆိုပါတယ်။ သဘာဝတရား ကပေးအပ် လာတဲ့သက်ရှိသက်မဲ့တွေရဲ့ ဂုဏ်သိက္ခာ နဲ့ မြင့်မြတ်မှုတွေကို လို့ ဆိုလိုပါတယ်..။ nai (無い) indicates an absence or lack နိုင်းဆိုတာကတော့ မရှိခြင်း လိုအပ်နေခြင်း ကိုဖေါ်ပြပါတယ်..။
ဗုဒ္ဓ ဘာသာဝင်တွေကတော့ မြင့်မြတ်တဲ့ တန်ဘိုးထားအပ်တဲ့ ဘာသာတရား ရဲ့ သင်ကြားဆုံးမမှု ဓမ္မ တွေကိုတဲ့ တလွဲတချော် အသုံးချ မိလိုက် လို့ ရရှိတဲ့နောင်တတစ်ဖန်ပူပန်မှု ကိုတင်စားတ့နေရာမှာသုံး စွဲလေ့ရှိတဲ့ ဝေါဟာရပါ..။
အဲလို အင်မတန် မှ နက်နဲဆန်းကြယ် လှပတဲ့ ဂျပန်လူမျိုးတို့ ရဲ့ စကားလုံးလေးကို ခေတ်မီဆန်းသစ်စွာ သုံး စွဲ ပြလိုက်တဲ့သူကတော့ ကင်ညာ နိုင်ငံမှ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါက်တာ ဝန်ဂါရီ မာသိုင်းပါ။ သစ်ပင် သန်းပေါင် ၃၀၀ကျော် စိုက်ပျိုး ခဲ့တဲ့ Green Belt Movement Leader , No. 5 of Eco Hero ဖြစ်လေတော့သူက သဘာဝပတ်ဝန်းကျင် ထန်းသိမ်းရေး သဘောတရား မှာ သုံးစွဲလိုက်တာမေမေ ကတော့ အတော်လေးသဘောကျမိပါတယ်..။
ကင်ညာနိုင်ငံ ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒုတိယ ဝန်ကြီး လည်းဖြစ်ပြီး သူရဲ့ အစိမ်းရောင် ခါးပတ် စီမံကိန်း ကြောင့် ၂၀၀၄ ခုနှစ်မှာ နိုဘယ် ငြိမ်းချမ်းရေးဆုရခဲ့တာဖြစ်ပါတယ်..။ သူက mottainai ဆိုတဲ့ ဂျပန်စကားလုံးကို Reduce, Reuse, Recycle,” proverbial phrase “Waste not, want not” ဆိုတဲ့ အင်္ဂလိပ်စကားလုံး နဲ့ ယေဘူယျ သဘောအားဖြင့်တူတယ်လို့ သူကဘာသာပြန်လိုက်ပါတယ်..။
ဒေါက်တာ ဝန်ဂါရီက ၂၀၀၅ ခုနှစ်မှာ ကျိုတို ပရိုတိုကော Kyoto Protocol လုပ်တော့ ဂျပန်ကို အ လည် ရောက်ခဲ့ပါတယ်..။အဲဒီအချိန်မှာ သူက ဂျပန်မှာ ထုတ်ဝေတဲ့ Mainichi Shimbun သတင်းစာ မျက်နှာဖုံး ကနေ ဒီစကားလုံးလေးကို ရရှိခဲ့ပါတယ်..။ စကားလုံး ရဲ့ ကျယ်ဝန်းနက်ရှိုင်းမှု နဲ့ အတူ ဆင် တူ ဝေါဟာ ရတွေကို အင်္ဂလိပ်လိုကော သူမရဲ့ မိခင် ကင်ညာနိုင်ငံသုံး Swahili ဘာသာ စကား နဲ့ ဖလှယ် ပြီး သုံးနှုန်းပြခဲ့ တဲ့ သူ့မိန့်ခွန်း ဟာ အားလုံးရဲ့ အထင်ကြီးလေးစားမှု ကို သိမ်းပိုက် နိုင်ခဲ့ပါတယ်..။
လောဘမကြီးဘို့ ချိုးခြံ ချွေတာဘို့ နဲ့ သဘာဝ ပတ်ဝန်းကျင် ကပေးအပ်ထားတဲ့ လက်ဆောင် မွန်တွေ အပေါ်မှာ ထိန်းသိမ်း စောင့်ရှောက်ဘို့ လူတိုင်း၊တစ်ဦးချင်းစီမှာ တာဝန်ရှိတာကိုလည်း အသေအချာထောက်ပြ ပြောဆိုစည်းရုံး နိုင်ခဲ့ပါ တယ်..။ ဒေါက်တာ ဝန်ဂါရီ က ဒီစကားလုံးလေးကို စတွေ့ ကတည်းကစပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတွေပေးတဲ့ နိုင်ငံတကာကိုယ်စားပြု အထိန်းအမှတ် အဖြစ် တိုးတက် ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်..။ ကျိုတို ပရိုတိုကောကနေ လည်း အခုလူတိုင်းသိကြတဲ့ Reduce, Reuse, Recycle ဆိုတဲ့ တပ်လှန့်သံစကား လုံး ဟာ ကမ္ဘာ တစ်ဝှမ်း ထွက်ပေါ်လာခဲ့ရတာပါ..။Reduce —- လျှော့ချပါ..စွမ်းအင်၊ သဘာဝ အရင်းအမြစ်၊သယံဇာတ သုံးစွဲမှုတွေ လျှော့ချလိုက်ပါတဲ့။
Reuse——ဖြစ်နိုင်ရင် တစ်ခါသုံး မလွှတ်ပစ်ပဲ။ ပြန်လည်ပြီး နောက် တစ်ကြိမ်အသုံး ပြုပါ..။
Recycle—–အလေအလွင့်မဖြစ်စေပဲ နောက် ကုန်ပစ္စည်း တစ်ခု ထုတ်လုပ်မှု မှာ ပြန်လည်ထည့်သွင်းအသုံး ပြုပေးပါတဲ့။ 3R Initiatives လို့ နာမည်ကြီးပါတယ်..။
၂၀၀၅ ဂျပန် ကျိုတို ပရိုတိုကော Kyoto Protocol က နေအပြန်မှာ သူမဟာ UN Commission on the Status of Women အခမ်းအနား မှာ တစ်ခါ ထပ်ပြီး “Mottainai.” ဆိုတဲ့ စကားလုံး နဲ့ သူမရဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ လေးနက် တဲ့အမြင် ကို ထပ်ဆင့် သီကျူး ခွင့်ရခဲ့ပါသေးတယ်..။ နောက် ပိုင်းတွေမှာ သူ မိန့်ခွန်းပြောရတဲ့ အခမ်းအနားတွေတိုင်းမှာ “Mottainai.” ဟာ မပါ မဖြစ်ခဲ့ ပါဘူး။
Japanese singer/songwriter Masashi Sada ကလည်း သည်အတွေးအခေါ်ကို ထပ်ဆင့်တိုး ပြီး “MOTTAINAI” သီချင်းကို ဖန်တီးရေး ဖွဲ့ခဲ့ပါတယ်..။ဒီသီချင်းဟာ ဂျပန်လူမျိုး တို့အတွကိ စိတ်ဓာတ်တက်ကြွ ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်..။ Everybody’s song (みんなのうた, minna-no-uta?),လို့ခေါ်တဲ့ ဂျပန် ကလေးများ အတွက် ရုပ်မြင်သံကြား ထုတ်လွှင့်မှုအစီအစဉ်မှာ NHK TVကနေပြီး ၂၀၀၇ ခုနှစ် ဧပြီ နဲ့ မေလ တွေမှာ ထုတ်လွှင့်ပေးခဲ့ပြီး ကလေးတွေ ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု ခံယူချက်ကို စွဲမြဲခိုင်မာစေခဲ့ပါတယ်..။
ဂျပန် စိုက်ပျိုးရေးဝန်ကြီး ရဲ့ ကိန်းဂဏန်းတွေအရ ၂၀၀၇ ခုနှစ်မှာ တန်ချိန်၂၃သန်း ရှိတဲ့ အစားအစာတွေ အလဟဿ ဖြစ်ခဲ့ရတယ်..။ ငွေအားဖြင့်ဆို အမေရိကံဒေါ်လာ ၁၂၀ ဘီလီယံ နဲ့ တန်ဘိုးချင်း တူပါသတဲ့။ဂျပန်က ချမ်းသလေတော့ လူကြောင့်ဖြစ်တဲ့အစားအစာ လေလွင့်ဆုံးရှုံးမှုတွေကို အဲဒီအသိနဲ့ ပညာပေး နိုင်ခဲ့ပါတယ်..။
ဒါ့အပြင် ရေပိုက် ကိုမလိုပဲ တအားဖွင့်သုံးတာတွေ။ မီးတွေအများကြီးဖွင့်ထားတာတွေ၊ ကွန်ပျူတာ မပိတ်ပဲ လျှောက်သွားနေတာတွေပါ အကျုံး ဝင်တယ်နော်..။
သားသားတို့ မီးမီး တို့ကိုမေမေပြော လိုတာကတော့ မကြာချင်မှာကျရောက်တော့ မဲ့ မေမေတို့ ရဲ့ ယဉ်ကျေးလှပါတယ် ဆိုတဲ့သင်္ကြန်ပွဲ မှာ အကျိုးမဲ့လှစွာ ရေကြည်ရေသန့် တွေကို မဖြုန်းတီးစေချင် လို့ ဒီစာလေးကိုရေးလိုက်ပါတယ်..။
အင်းယားကန်လောက် ပက်လိုက်ပါ..ကန်တော်ကြီးလောက်ပက်လိုက်ပါ..မန္တလေးကျုံးရေ ပက်လိုက်ပါဆိုတာ အင်မတန်မှ အဘိုးတန် တဲ့ သဘာဝ အရင်းအမြစ် သယံဇာတတွေကို ဖြုန်းတီး ပစ်လိုက်သလို ဆိုတဲ့အတွေး လေ တွေးပေးပါလို့။သောက်သုံးရေ တစ်လီတာရဘို့ ကမ္ဘာ မှ လူတွေ ဘယ်လောက်ဒုက္ခရောက်နေကြလဲ..ခံစားပေးပါ..။
တာလမ်းမပေါ်မှ ဆုံးရှုံး လေလွင့်သွားမဲ့ရေ လေးတွေ သောက်သုံး ခံ ကြရပါစေ..။အကျိုးပြုခွင့်ရပါစေ..။
ဒီအချိန် မတော်တဆ မီးလာင်ခဲ့ရင်ကော ။
ရေငတ် နေတဲ့ သစ်ပင်လေးတွေ နွေအပူခံနိုင်ဘို့ ကော..။
ကျေးငှက် တိရိစ္ဆာန် လေးတွေအတွက်ကော…. ထည့်သွင်း စဉ်းစားပေးကြပါလို့ မေမေ တောင်းဆိုချင်တာပါ..။
မီးသတ်ပိုက်နဲ့ အပျော် အပါးအတွက် ရေတွေပက်မဲ့အစား သပြေခက်လေးနဲ့ ရိုးရာလည်း မပျက်အောင်… မေတ္တာရေစင်လေးသွန်းလောင်းစေလိုလှပါတယ်..။
ပိုင်းလော့ကျောင်းမှာတော့ ဒီဟောပြောပွဲအပြီးမှာ တရားစခန်း ပွဲတွေ မှာ အလိပ်လိုက်သုံးရတဲ့ တခါသုံး တစ်သျှူးတွေအစား ပြန်သုံး နိုင်တဲ့ လက်သုတ်ပဝါတွေကု ယောဂီတွေကို ဝေပေးထားတာ သိလိုက်ရတော့ ..ဝါးပင်လေးတွေ တချို့ရဲ့အသက် ကို ကယ်တင် လိုက်နိုင်သလိုခံစားပီတိဖြစ် ရပါတယ်..
အဲလိုပဲပေါ့နော်…တကယ်လို့ ဒီစာစုလေးကိုဖတ်ပြီး မြန်မာ Mottainai ခံယူချက်တွေ ဖြစ်လာခဲ့လို့ ဒီသင်္ကြန်ပွဲမှာ ရေဂါလံပေါင်းများစွာ ချွေတာပြီး တည်တံ့ ကျန်ရှိနိုင်ပါတယ် ဆိုရင် ထိုရေစင်များကို မြတ်ဘုရားထံ ဆက်ကပ်လှူဒါန်း လျက် ကမ္ဘာမြေ စိမ်းလန်းရေး အတွက် ဆောင်ရွက်နိုင်ပါစေကြာင်း လှိုက်လှိုက်လှဲလှဲ တောင်းဆုပြုလိုက် ပါရစေ.။
ချစ်သော ကမ္ဘာမြေ ကျန်းမာပါစေ..။
(ဒေါက်တာမသစ္စာ)
မြန်မာနှစ်သစ်ကူး အထူးတရားဒါန..
မြန်မာနှစ်သစ်ကူး မင်္ဂလာအခါသမယတွင် အထူးဓမ္မဒါန ….
နိုင်ငံတော်သံဃမဟာနာယက၊ ဥက္ကဌ ဗန်းမော်ဆရာတော်ကြီး စကာင်္ပူနိုင်ငံ တွင်(၂၁-၃-၂၀၁၀) နေ့ တွင် ဟောကြားတော်မူသော -
အလွယ်ဆုံး၊ အကောင်းဆုံးသော လိုရာဆန္ဒပြည့် ချမ်းသာအောင်မြင်စေသော ဂုဏ်တော်(၁၀)ပါး ပုတီးစိပ်နှင့်မေတ္တာပွားနည်း “အပါယ်ပိတ်-တရား” တော်အား မိနစ်(၅၀)ကျော်ခန့် နှင့် နာယူနိုင်လျှက် ကျင့်ကြံပွားများနိုင်ကြ၍ အပါယ်တံခါးအမှန်ပိတ်ကာ ကောင်းမြတ်သောလိုရာဆန္ဒများပြည့်ပြီး မကြာခင်ကာလတစ်ခုမှာပင် ချမ်းသာ၊ အောင်မြင်နိုင်ကြပါစေကြောင်း ဆုမွန်မေတ္တာရေများ နှစ်သစ်နှင့်အတူ သွန်းလောင်းပေးလိုက်ပါသည်။
ဤကောင်းမှုနှင့်စပ်သမျှ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ ၀မ်းသာကြပါစေသော်ဝ်….။ ။
မောင်ဓါတု (မြတ်သာသနာ)
Saturday, 9 April 2011
Happy Myanmar New Year !!!
ဓမ္မမိတ်ဆွေများအားလုံးသို့  အတာသင်္ကြန်အကြို နှစ်သစ်ကူးမင်္ဂလာဆုမွန် -
နှစ်သစ်မင်္ဂလာရက်မြတ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့်
မြတ်တရားကောင်းများနာယူကုသိုလ်ယူနိုင်ကြပါရန်
စေတနာမွန်ဖြင့် ဤ “ မြတ်သာသနာ” ဆိုဒ်လေးအား
ကြိုးစားတင်ပေးလျှက် ဓမ္မဒါန ကုသိုလ်ပြုပါသည်…
တရားတော်များနာယူ ကုသိုလ်ပွားနိုင်ကြသော
မင်္ဂလာနှစ်သစ်လေးဖြစ်ပါစေဟု ဆုမွန်ပြုပါသည်။
----------------------------------------------------------------------
Here are My Meaningful New Yaer Wishes for ALL...
H ours of happy times with friends and family
A bundant time for relaxation
P rosperity
P lenty of love when you need it the most
Y outhful excitement at lifes simple pleasures
N ights of restful slumber (you know - dont' worry be happy)
E verything you need
W ishing you love and light
Y ears and years of good health
E njoyment and mirth
A angels to watch over you
R embrances of a happy years !!!
Let's us join together pray for Japan Victims !!
I just light a candle for Japan Victims.
Join us to pray for those who have lost their lives and hope for the best for those who have survived.
It is time to light a candle and Pray...
Please Light a Candle Now at: http://www.socialkonnekt.com/Tsunami/
Join us to pray for those who have lost their lives and hope for the best for those who have survived.
It is time to light a candle and Pray...
Please Light a Candle Now at: http://www.socialkonnekt.com/Tsunami/
Friday, 8 April 2011
မြတ်သာသနာ ဘလော့ဂ် ရည်ရွယ်ရာ..
မြတ်သာသနာ ဘလော့ဂ်၏ရည်ရွယ်ရာစေတနာမှာ…
ကုန်းဘောင်ခေတ်နှောင်းမှစပြီး မြန်ပြည်တစ်လွှားထင်ရှားကျော်ကြားလာခဲ့သော ပဋိပတ်ဆောင်
ဝိပဿနာအကျင့်ကောင်း၊ အကျင့်မြတ်များ ကိုယ်တိုင်ကြိုးစားကျင့်ဆောင် ပေါက်မြောက်ခဲ့ကြသည့် ရဟန္တာ၊ အရိယာအဖြစ်ကျော်ကြားကြသော….
ရခဲလှ၊ တိုတောင်းလှသောလူ့ ဘ၀ရခိုက်၊ ကြုံလဲကြုံခဲသည့်မြတ်သာသနာတွင်း…မြတ်သာသနာနှင့်ကြုံသည့်တိုင်၊ ကြိုက်လဲကြိုက်ခဲသည့် မြတ်ဆရာကောင်းထံမှ မြတ်တရားကောင်းများ နာယူရရှိဖို့ ရာ သာ၍ပင်မလွယ်ကူပါပေ။ ဤ ဘလော့ဂ်လေးမှ အနည်းငယ်သောဓမ္မအသိတို့ ကို ပေးစွမ်းနိုင်ငြားပါစေ.. လမ်းညွှန်နိုင်သည်ဖြစ်ပါစေ… များစွာပီတိဖြစ်ပါပေမည်။
ကုန်းဘောင်ခေတ်နှောင်းမှစပြီး မြန်ပြည်တစ်လွှားထင်ရှားကျော်ကြားလာခဲ့သော ပဋိပတ်ဆောင်
ဝိပဿနာအကျင့်ကောင်း၊ အကျင့်မြတ်များ ကိုယ်တိုင်ကြိုးစားကျင့်ဆောင် ပေါက်မြောက်ခဲ့ကြသည့် ရဟန္တာ၊ အရိယာအဖြစ်ကျော်ကြားကြသော….
ထွဋ်ခေါင်ဆရာတော်(၁၁၆၀-၁၂၄၂)
ဘုန်းတော်ကြီးဦးသီလ(၁၁၉၄-၁၂၆၉)
လယ်တီဆရာတော်(၁၂၀၈-၁၂၈၅)
သေက္ချတောင်တော်ဆရာတော်(၁၂၃၃-၁၂၉၃)
မိုးညှင်းဆရာတော်(၁၂၃၄-၁၃၂၆)
၁၃၀၉-ခု၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း…
သထုံဇေတ၀န်ဆရာတော်(၁၂၃၁-၁၃၁၆)
စွန်းလွန်းဆရာတော်(၁၂၃၉-၁၃၁၄)
ကန္နီဆရာတော်(၁၂၄၁-၁၃၂၈)
ဝေဘူဆရာတော်(၁၂၅၇-၁၃၃၉)
မိုးကုတ်ဆရာတော်(၁၂၆၁-၁၃၂၄)
မဟာစည်ဆရာတော်(၁၂၆၆-၁၃၄၄)
စသည်မှသည် ယနေ့ ခေတ် ဖားအောက်ဆရာတော်၊ ပခုက္ကူဆရာတော်၊ ပိုင်းလော့ဆရာတော်တို့ 
တိုင်အောင်လက်လှမ်းမှီသမျှ ၀ိပဿနာနည်းနာများစွာမှ
တိုင်အောင်လက်လှမ်းမှီသမျှ ၀ိပဿနာနည်းနာများစွာမှ
“မိုးကုတ်၊ မဟာစည်၊ လယ်တီ၊ သဲအင်း၊ စွန်းလွန်း၊ ကသစ်ဝိုင်၊ ကန္နီ” စသောနည်းနာများအပြင်
ဖားအောက်၊ ပခုက္ကူ၊ ပိုင်းလော့ဆရာတော်… စသောယနေ့ ခေတ်ဝိပဿနာနည်းနာကောင်းများနှင့်
ဓမ္မကထိကအကျော်တို့ ၏ သိသိသမျှလင့်ခ်များတင်ပြပေးထားပါသည်။
မိမိသည်မှာတော့ ပိုင်းလော့ဆရာတော်ဘုရားကြီးတရားတော်များနှင့် သံဝေဂရလျှက် နာယူစုဆောင်းထားသမျှတို့ ကို
မိမိကဲ့သို့ လေ့လာနာယူလိုသူများအတွက် လွယ်ကူစွာနာယူကျင့်ကြံအားထုတ်နိုင်ပါစေရန် ရည်သန်ကာ "မြတ်သာသနာ"
ဘလော့ဂ်အား ကြိုးစားတင်ပြလိုက်ရပါသည်။
ဖားအောက်၊ ပခုက္ကူ၊ ပိုင်းလော့ဆရာတော်… စသောယနေ့ ခေတ်ဝိပဿနာနည်းနာကောင်းများနှင့်
ဓမ္မကထိကအကျော်တို့ ၏ သိသိသမျှလင့်ခ်များတင်ပြပေးထားပါသည်။
မိမိသည်မှာတော့ ပိုင်းလော့ဆရာတော်ဘုရားကြီးတရားတော်များနှင့် သံဝေဂရလျှက် နာယူစုဆောင်းထားသမျှတို့ ကို
မိမိကဲ့သို့ လေ့လာနာယူလိုသူများအတွက် လွယ်ကူစွာနာယူကျင့်ကြံအားထုတ်နိုင်ပါစေရန် ရည်သန်ကာ "မြတ်သာသနာ"
ဘလော့ဂ်အား ကြိုးစားတင်ပြလိုက်ရပါသည်။
ထိုမျှမက နိုင်ငံရပ်ခြားရောက် မြန်မာများအတွက် မြန်မာဖိုရမ်များ၊ မြန်မာမဂ္ဂဇင်း-ဂျာနယ်၊ မြန်မာရုပ်ရှင်-ဗွီဒီယို၊ သီချင်း၊ သတင်းစာ၊ သတင်း-မီဒီယာ မြန်မာတယ်လီဖုန်းလမ်းညွှန်၊ ကဏ္ဍစုံအတွက်လည်းလင့်ခ်များ ဖော်ပြပေးထားပါသည်။
My Blog is my personal DAIRY...
My Blog is my personal DAIRY...
“မိဘမေတ္တာ နှင့် ချစ်သူမေတ္တာ”
ချစ်သူမေတ္တာ ပန်းပမာ ပင်မှာမမြဲ ကြွေကျမြဲ…။
မိဘမေတ္တာ လစန္ဒာနှင့် ပမာနှိုင်းဆို မနှိုင်းလိုဘူး.. ထိုလ တိမ်လွှာဖုံးတတ်လို့ ။
မိဘမေတ္တာ ပန်းရွှေကြာနှင့် ပမာနှိုင်းဆို မနှိုင်းလိုဘူး.. ထိုပန်း နေမှာ နွမ်းတတ်လို့ ။
မိဘမေတ္တာ စမ်းရေပြာနှင့် ပမာနှိုင်းဆို မနှိုင်းလိုဘူး.. ထိုစမ်း နွေမှာ ခမ်းတတ်လို့ ။
မိဘမေတ္တာ နှိုင်းရာမတွေ့  ကာရန်မေ့သည် အမေ့မေတ္တာ မြသီတာ….။
(ကဗျာပညာရှင်တစ်ဦး)
“သံဝေဂ”
ပျိုခြင်းမမြဲ၊ အိုခြင်းမြဲ၊ ငါလည်းအိုရမှာပါတကား။
နေခြင်းမမြဲ၊ သေခြင်းမြဲ၊ ငါလည်းသေရမှာပါတကား။
မအိုပါလို၊ ငါကဆိုလည်း၊ ငါဆိုမရ၊ အိုကြရ အနတ္တခန္ဓာကိုယ်။
မနာပါလို၊ ငါကဆိုလည်း၊ ငါဆိုမရ၊ နာကြရ အနတ္တခန္ဓာကိုယ်။
မသေပါလို၊ ငါကဆိုလည်း၊ ငါဆိုမရ၊ သေကြရ အနတ္တခန္ဓာကိုယ်။
ရှေ့စိတ်ကို နောက်စိတ်နှင့် ရှုလို့ရပါ့မလား
ဦးလွန်းဖေအမေး အား မိုးကုတ်ဆရာတော်ကြီးမှဖြေကြားချက်-
ရှေ့စိတ်ကို နောက်စိတ်နှင့် ရှုလို့ရပါ့မလား??
ဦးလွန်းဖေ၏မေးမြန်းချက် (၁၀-၇-၁၉၆၂)
တပည့်တော် လျှောက်ထားလိုတာက ရှေ့စိတ်ကို နောက်စိတ်က သိရမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၀ိသုဒ္ဓိမဂ်မှာ အရှင်ဗုဒ္ဓဃောသကလည်း ဒီလိုပဲဟောထားပါတယ်၊ ဒီအရှင်ဘုရားရဲ့ တရားမှာလည်း ရှေးစိတ်ကို နောက်စိတ်နဲ့ တွေ့ရမယ် ဒီလိုဆိုထားတော့ တပည့်တော်များ လက်တွေ့ လုပ်ကြည့်တော့လည်း ဒီအတိုင်းပဲလုပ်လို့ ရပါသလားဆိုတော့၊ ရပါတယ်။
တပည့်တော် ၀ီထိ လေ့လာထားတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဒါဟာ ကိုက်လို့ မရဘူးဖြစ်နေတယ်၊ စိတ်အစဉ်တို့ မည်သည်မှာ အင်မတန် လျင်မြန်စွာ သွားနေတော့ ဇောစိတ်တွေနဲ့ ဒီလိုတစ်ဝီထိပြီး တစ်ဝီထိ သွားနေတဲ့အခါကြတော့ ရှေ့စိတ်ကို နောက်စိတ်နဲ့ ၀ီထိဒီလောက်များနေပါလျက်နဲ့ ရှေ့စိတ်ကို နောက်စိတ် လုပ်လို့မရနိုင်ဘူး၊ ဒါဟာ ပစ္စုပ္ပန် တည့်တည့်မကျနိုင်ဘူးလို့ ဒီလို နားလည်ထားပါတယ်။
မိုးကုတ်ဆရာတော်ဘုရား၏ ဖြေကြားချက်
ဒီလို နားလည်ထားတော့ ဘုန်းကြီးရှင်းပြပါမယ်၊ ဒကာ ဒကာမတွေ မှတ်ကြပေါ့၊ ဒါဟာ ရှေ့စိတ်ပါ ပဲတဲ့၊ မနောယတနဆိုတာ (တင်ပါ့)။
ကိလေသာဝီထိမပါရင်ပြီးပါတယ်
ရှေ့စိတ် (၃၇) ပါး ပုထုဇဉ်မှန်က ရှိပါတယ်၊ အဲဒီစိတ်ကလေးတွေ ပျက်တဲ့အခါကြလို့ရှိရင်တဲ့ နောက်စိတ်နဲ့ ရှုဆိုတာ “မဂ်” ကို ဆိုလိုပါတယ်၊ ၀ိပဿနာမဂ်ကို ဆိုပါတယ်၊ အဲဒီတော့ သူက တစ်ဝီထိပါ၊ ဒီကြားထဲမှာ ဘ၀င်တွေ ခြားပါတယ်၊ အများကြီးခြားပါတယ်၊ ခြားပင် ခြားငြားသော်လည်း ကိလေသာခြား တာ မဟုတ်သောကြောင့် မြင်နိုင်ပါတယ် ကိလေသာ အခြားမရှိဘူး (တင်ပါ့) တစ်ပါးသော ၀ီထိ အခြားမရှိ ဘူး၊ ဘ၀င်တွေသာ ခြားတယ်၊ (တင်ပါ့) တစ်ပါးသော ၀ီထိခြားတယ်လို့ ထင်လို့ရှိရင်လည်း ကိလေသာ ၀ီထိမပါရင် ပြီးတာပဲ၊ (တင်ပါ့)။
အဲဒီတော့ ရှေ့စိတ်က မနောယတန နောက်စိတ်ကလည်း မနာယတနပါပဲ (တင်ပါ့) မနာယတန မနာယတနချင်း အာရုံပြုတယ်လို့မှတ်ပါ၊ ဒါဖြင့် ရှေ့မနာယတနက ဖြစ်ပျက်၊ နောက် မနောယတနကလည်း ဖြစ်ပျက်၊ ရှေ့ဝီထိကို နောက်ဝီထိနဲ့ကြည့်၊ အလယ်မှာ ဘ၀င်တွေ ဘယ်လောက်ခြားခြား၊ ကိုယ့်သန္တာန်မှာ ဖြစ်တဲ့ဘ၀င်က အာရုံတစ်ခုကို ကိုယ်ယူတာ ကိုယ်မသိပါဘူး (တင်ပါ့)။
နောက်ဆိုတာ အဝေးကြီးလို့မှတ်ပါ
ကိုယ်ယူတာ ကိုယ်မသိတဲ့အတွက် ယူထားတဲ့ အာရုံပဲ မဂ်ကနေပြီး စူးစိုက်တဲ့အတွက် ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုရတယ်၊ နောက်ဆိုတာ အဝေးကြီးလို့ မှတ်လိုက်ပါ၊ (တင်ပါ့) ကိလေသာ မခြားရင် ဘယ်လောက် ဝေးဝေးရှုနိုင်ပါတယ်၊ ပေါ်ပြီလား၊ ကိလေသာ မခြားရင် ပြီးတာပဲ၊ ဘ၀င်တွေ ဘယ်လောက် ခြားခြား ဥပမာ - ဘ၀င်က မျက်စေ့တစ်မှိတ်ကို ကုဋေတစ်သိန်းထား၊ ခြားပေမဲ့ခင်ဗျားတို့မှာ အဖြစ်မရှိဘူး၊ ဘ၀င်ဆိုတာ အိပ်နေတုန်းလည်း ဖြစ်နေတာပဲ တစ်ဝီထိနဲ့ တစ်ဝီထိအကြားမှာလည်း သူမပါဘဲ မပြီးဘူး၊ အဲဒီတော့ အဲဒီကြားကို သူတို့ကလည်း နောက်စိတ်ခေါ်နိုင်တာပဲ၊ ခေါ်နိုင်ပေမဲ့ သူတို့က အတိတ်က အာရုံတွေကိုပဲ ယူတယ်၊ အဲဒါကြောင့် ၀ီထိတစ်ခုမခြားဘူးလို့ ယူလိုက်ပါ၊ ဘ၀င်ကတော့ များစွာခြားတယ် လို့ယူပါ။
ကိလေသာမခြားတာကိုဆိုတယ်
ဒါပေမယ့် “ရှေ့စိတ်ကို နောက်စိတ်နဲ့ရှု” ဆိုတာသည်ကြားထဲမှာ ဘာပဲခြားခြား ကိလေသာ မခြားတာကို ဆိုသည်။ ရှင်းပြီလား?
ကိလေသာ မခြားလို့ရှိရင်ဖြင့် ရှေ့စိတ်နဲ့ အပျက်ကို နောက်စိတ်နဲ့ မြင်နိုင်တယ်၊ ကိလေသာခြားလို့ရှိရင် ကိလေသာ အမှောင်ကွယ်တဲ့အတွက် ရှေ့စိတ်ကို မမြင်နိုင်ဘူး။
ဒါဖြင့် ရှေ့စိတ် နောက်စိတ်နဲ့ရှုဆိုတဲ့ ၀ိသုဒ္ဓိမဂ်က ရေးရေး၊ သရာဂံဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာ တိလို့ သတိပဋ္ဌာန်ကရေးရေး၊ ဒါက သရာဂစိတ်ထားပါတော့၊ ဥပမာ - ဒါက ပဇာနာတိ မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ်) ဒါဖြင့် ရှေ့စိတ်ကို နောက်စိတ်နဲ့ရှုဆိုတာနဲ့ သရာဝံ၀ါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ ဆိုတာကိုကော မကိုက်ဘူးလား (ကိုက်ပါတယ်) ဒီပါဠိကို အကိုးအကားထားပြီး ၀ိသုဒ္ဓိမဂ်က ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုပါဆိုတာပဲ။ ဒီကြားထဲ စိတ်တွေ ဘယ်လောက်ရှိသတုံး၊ မသိနိုင်ပါဘူး။ ကြားထဲက စိတ်တွေ ကိုယ့်ဟာကိုဖြစ်တာကို ကိုယ်မသိပါဘူး ကိုယ့်ဟာကိုယ်ဖြစ်တာကို ကိုယ်မသိတဲ့စိတ် ခြားသောကြောင့် “ခြားတယ်လို့မယူပါနဲ့တော့” ခြားခဲ့သော် ကိလေသာခြားရင်လည်း ရှေ့စိတ်ကို နောက်စိတ်နဲ့ မမြင်ပါဘူး (တင်ပါ့) အဖြေပေးလိုက်ပါတယ်။
ကိလေသာမခြားလို့သာ မြင်တာ
ရှေ့စိတ် ချုပ်သွားတာကို နောက်စိတ်က မြင်တယ်ဆိုရင် ကြားမှာ ကိလေသာ မခြားလို့သာ မြင်ခြင်းဖြစ်ပါတယ်၊ ပေါ်ပြီလား၊ ဒါဖြင့် ကြားထဲမှာ ဘ၀ပေါင်း ကုဋေတစ်သိန်းခြား၊ ကိလေသာမဟုတ်တဲ့ အတွက် ဘ၀င်ကလည်း သိမ်မွေ့တဲ့အာရုံကိုယူတယ်။ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်သုံးပါး အတိတ်က အာရုံ ကိုယူနေတဲ့အတွက် သူနဲ့ကျုပ်တို့နဲ့ ဘာမျှမဆိုင် (တင်ပါ့)။
ကိုယ့် သန္တာန်မှာ သက်စောင့်သာ သူဖြစ်တယ်၊ မသေအောင် စောင့်တာသာ ဖြစ်တယ်၊ အာရုံကို ကန့်ကွက်တဲ့ သဘောနဲ့ မယူပါနဲ့၊ ကန့်ကွက်တဲ့သဘောနဲ့ မယူပါနဲ့၊ ဒါဖြင့် ဖြစ်ပျက်မဂ်ဆိုတာ သဘောကျပြီ လား၊ (သဘောကျပါပြီ) ဒါဖြင့် ပထမ အဖြေ ပြေလည်ပြီနော်၊ ဒုတိယ အဖြေ မေးရင်မေး။
ကိလေသာခြားရင် မမြင်နိုင်ပါ
အမေးပုစ္ဆာ = ကိလေသာတကယ်လို့များ ခြားသွားလို့ရှိရင် ဇောတွေပါသွားမည့် အတွက်ကြောင့် …
အဖြေ = အမြင်နိုင်ဘူး၊ ပထမ ဟာကို မမြင်နိုင်တော့ဘူး၊ ကိလေသာ အမှောင်ခိုသွားပြီ၊ (တင်ပါ့) ....
ကြားထဲ အမှောင်ဝင်သွားပြီ၊ မရေတော့ဘူး၊ ရချင်လို့ရှိရင် သူတို့ရှေ့စိတ်လုပ်ပြီး ရှုလိုက်ပါ၊ နားလည်ပြီလား (နားလည်ပါပြီ)။
အမေးပုစ္ဆာ = ဒါဖြင့် အရှင်ဘုရား သမနန္တရ, အနန္တရအနေနဲ့ကောယူလို့
ဘုရားဖြစ်ပြီးမှ မြင်တဲ့အမြင်
အဖြေ = သမနန္တရ, အနန္တရဆိုတာ ဘုရားဖြစ်ပြီးမှ မြင်တဲ့ အမြင်၊ (တင်ပါ့) ....
ခင်ဗျားတို့ ကျုပ်တို့ မြင်တဲ့အမြင် မဟုတ်ဘူး (တင်ပါ့) ...
ဘုရားဖြစ်တဲ့လုပ်စဉ်ကို ရှေ့စိတ်နောက်စိတ်နဲ့ ရှုလို့ပြောတာ၊ (တင်ပါ့)...
ဘုရားဖြစ်ပြီးမှ ရှေ့စိတ်နောက်စိတ်ဆိုတဲ့ အမြင်ဟာ ဒါ ဘုရားဖြစ်ပြီးမှ အကုန်သိပြီးမှ မြင်တဲ့အမြင်၊ ဒီအမြင် ကို မလိုက်နဲ့၊ ဘုရားဖြစ်ဖို့ရာ မူလဘူတ အမြင်ကိုလိုက်ပါ၊ အမြင်က နှစ်မျိုးရှိတယ်။
၁။ ဘုရားဖြစ်ပြီး မြင်တဲ့အမြင်ကို ပုထုဇဉ်က မရှုနိုင်ဘူး
၂။ ဘုရားဖြစ်ကြောင်း သူလုပ်နေတဲ့အမြင်ကိုတော့ ခြေရာခံလိုက်နိုင်တယ်။ ရှင်းပြီလား၊ ကဲဒါဖြင့် ပြေရောပေါ့ (တင်ပါဘုရား)။
အမေးပုစ္ဆာ = တပည့်တော်ထပ်လျှောက်လိုတာက - ဒါဖြင့်ရင် အတိတ် အာရုံကို ပြန်ယူသလို ယူနေတယ်။
ရှေ့ဝီထိနဲ့ နောက်ဝီထိလို့မှတ်
အဖြေ = အတိတ်အာရုံကိုလို့တော့ မဆိုနဲ့၊ ကြားဝီထိ တစ်ခုခုမှ မလာသောကြောင့် အတိတ်လို့ မဆိုပါနဲ့၊ ဇောဝီထိ မလာဘူး၊ ဘ၀င်တွေ လာနေတယ်၊ ဇောဝီထိလာရင် ခုနင်က ရှေ့စိတ်ဟာ အတိတ်ဖြစ်ရ မယ်၊ ဘ၀င်စိတ်လာလို့ရှိရင် အတိတ်လို့မဆိုပါနဲ့ ရှေ့ဝီထိနဲ့ နောက်ဝီထိလို့မှတ်ပါ၊ ကဲဒါဖြင့် ပြေရောပေါ့ (တင်ပါဘုရား)
အမေးပုစ္ဆာ = ဒုတိယကတော့ ဒီမဂ္ဂ၀ီထိမှာ ဒီမဂ်ပြီးတော့ ဖိုလ်, ဖိုလ် နှစ်ကြိမ်, သုံးကြိမ် ပစ္စုပ္ပန်ဖိုလ်၊ မဂ်ပါဖိုလ် - ၃ခုသာ ရှိတဲ့အတွက်ကြောင့် ဒီတရားရတဲ့ ပုဂ္ဂိုလ်တွေက အဲဒီလိုဖြစ်သွားလိုက်တာ၊ တစ်ခါထဲ မေ့သွားလိုက်တာ ဘယ်နှစ်နာရီရှိမှန်းတောင် မသိပါဘူး၊ အဲဒါ နာရီကြည့်လိုက်တော့မှ သုံးနာရီ ထိုးတယ်၊ လေးနာရီထိုးတယ်ဆိုတဲ့ဟာ မဂ္ဂ၀ီထိနဲ့ မကိုက်ဘူး ဖြစ်နေတယ်။
မဂ္ဂ၀ီထိဆိုတာ
အဖြေ = မကိုက်ဘူး၊ မဂ္ဂ၀ီထိဆိုတာသည် ဒီစိတ်တွေ အကုန်ချုပ်သွားတာ (တင်ပါ့) စိတ်နဲ့သဟဇာတ ဖြစ်တဲ့ ရုပ်လည်း ချုပ်ပါတယ်။ (တင်ပါ့) ဒါဖြင့် တိုတိုပြောကြပါစို့ ဖဿ, ဝေဒနာဆိုတာ ရုပ်နာမ်တွေ အာရုံနာမ်ရုပ်တွေဟာ အကုန်ချုပ်တယ်။ ဘာသစ္စာတုံးလို့ မေးတော့ ဒုက္ခသစ္စာ၊ ဒီမှာမြင်တဲ့အတိုင်း ဒုက္ခသစ္စာတွေ ချုပ်သွားတော့ကို ဒုက္ခ၏ချုပ်ရာ ဒီနေရာ အစားထိုးလာတာ နိဗ္ဗာန်ပေါ်လာတယ်။ နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တာက ဂေါတြဘူ၊ နောက်ကျတော့ ဂေါတြဘူချုပ်သွားတော့ နိဗ္ဗာန်ကို မဂ်ကမြင်တယ်၊ နောက်ကျတော့ ဖိုလ်ကမြင်တယ်။ နောက်ကျတော့ ဘ၀တွေကျတော့ မမြင်တော့ပါဘူး။ (တင်ပါ့) ဘ၀င်တွေကျတော့ ကံ,ကမ္မနိမိတ်ကို အာရုံပြုပါတယ် (တင်ပါ့) နောက်ပစ္စဝေက္ခဏာ ဇောပြန်လာလို့ရှိရင် မြင်ပြန်ပါတယ်၊ နိဗ္ဗာန်ကို။
အဲဒီတော့ နိဗ္ဗာန်အာရုံနဲ့ အာရမ္မဏိကနဲ့ မခွဲရဘူး။ ခွဲရင်ဒီဥစ္စာသည် မဂ်ဆိုက်၊ ဖိုလ်ဆိုက်လို့ မယူပါ နဲ့၊ အာရုံအာရမ္မဏိက ဘယ်တော့မှ မထိစေနဲ့၊ ထိရင်သေသွားမယ်၊ (တင်ပါ့) ဆိတ်ရင်သေသွားမယ် (တင်ပါ့ဘုရား) ဒါ အသေဖြစ်သွားမယ်။
အိပ်ပျော်နေတာနဲ့ အတူတူပဲ
တကယ်လို့သူသည် တစ်နာရီ၊ နှစ်နာရီကြာတယ်ဆိုတာ ကိုယ့်ဘ၀င်စိတ်တွေ သူဖြစ်တာသာ ဆိုတာ နိဗ္ဗာန်ကို မြင်တာ မဟုတ်ဘူး၊ ဘ၀င်သည် နိဗ္ဗာန်ကို မမြင်နိုင် မဂ်နဲ့ ဖိုလ်သာ၊ ဂေါတြဘူရယ်၊ မဂ်ရယ် ဖိုလ်ရယ် ဒါသာ နိဗ္ဗာန်မြင်နိုင်တယ်၊ ပစ္စဝေက္ခဏာ နောက်ကလာရင် မြင်နိုင်တယ် ကျန်တဲ့ ဘ၀င်စိတ်တွေလာနေတာ သူ နိဗ္ဗာန်ကို အာရုံပြုနေတာ မဟုတ်ဘူး။ အိပ်ပျော်နေတာနဲ့ အတူတူ၊ ရှင်းပြီလား (ရှင်းပါပြီ)။
နိဗ္ဗာန်မသိတဲ့အချိန်မရှိ
ဒါဖြင့် နိဗ္ဗာနံ ဂေါတြဘုဿ၊ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာနံ မဂ္ဂဿ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာနံ ဖလဿ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာနံ ပစ္စဝေက္ခဏဿ အာရမ္မဏ ပစ္စယေန ပစ္စယောဟု ဟောသောကြောင့် အာရုံ အာရမ္မဏိက တွဲလျက်ဖြစ်သောကြောင့် ဘယ်အချိန်ကာလမှ နိဗ္ဗာန်ကို မသိတဲ့ အချိန်မရှိ မသိတဲ့အချိန် ရှိရင်ဘ၀င်။ မှန်သွားပြီဆိုတော့ တစ်နာရီ နှစ်နာရီ မဟုတ်တော့ဘူး အမြဲသိနေတာ တစ်ခုချုပ်ပြီး တစ်ခုကသိလိုက်၊ တစ်ခုချုပ်ပြီး တစ်ခုကသိလိုက်၊ ဒါမှအမှန် ဒါပဋ္ဌာန်းပါဠိတော်၊ ပေါ်ပြီလား … (ပေါ်ပါပြီ) ကြေကောကြေကြပြီလား … (ကြေပါပြီ)။
သူပြောတာမှားတယ်
ဒါဖြင့် ကျုပ်တို့ဟာ နိဗ္ဗာန် အာရုံပြုလိုက်တာ နောက်မှ ထကြည့်တော့ တစ်နာရီလောက်ရှိတယ်လို့ သူပြောတာသည် မှားတယ်၊ မှားတော့ ဘယ့်နှယ်ကြောင့် မှားသလဲ... နိဗ္ဗာနံ ဂေါတြဘုဿဆိုတာ တစ်ကြိမ်ပဲရှိတယ်၊ နိဗ္ဗာနံ မဂ္ဂဿကော တစ်ကြိမ်ပဲရှိတယ်၊ နိဗ္ဗာနံ ဖလဿ နှစ်ကြိမ်သုံးကြိမ် ထားပါတယ်၊ အဲဒီနောက်မှာ ဘ၀င်တွေ့လာတော့ နိဗ္ဗာန်မမြင်ပါဘူး။
နောက်ကျမှ ပြန်ဆင်ခြင်တယ် ငါခုနကဟာ ဘာပါလိမ့်မတုံး ပြန်ဆင်ခြင်ပြန်တော့လည်း ပစ္စဝေက္ခဏံ နိဗ္ဗာနံ ပစ္စဝေက္ခဏဿ၊ (တင်ပါ့) အလယ်ကြားဟာ အလကား၊ အလယ်ကြား မသိတာ အလကားပဲ၊ ဘ၀င်ဖြစ်နေတယ် ရှင်းပြီလား (ရှင်းပါပြီဘုရား)။
ရေအိုးတစ်ထောင်နဲ့လောင်းသလိုဆိုတာ
ဒါဖြင့်ရင် တစ်ကိုယ်လုံးအေးသွားတာပဲလို့ဆိုတော့ ဘုန်းကြီးက ရှင်းပြပါမယ် အဲဒါ ဘုရားက ဥပရိပဏ္ဏသပါဠိတော်မှာ မပါဘဲနဲ့ အဋ္ဌကထာဆရာက ဖွင့်တယ် (မှန်ပါ) အဋ္ဌကထာဆရာက ဘာတုန်း ဆိုတော့ သီတဃဋသဟဿံ အာသိဉ္စမာနံ ၀ိယဟောတိ၊ ရေအိုးတစ်ထောင်နဲ့ လောင်းသလို အေးသွားတတ်တယ်၊ ဥပမာပြတာ၊ တကယ်အေးတာမဟုတ်ပါဘူး။
အဲဒါကို သူတို့က တကယ်အေးယူတယ်၊ အာသိဉ္စ မာနံဝိယဆိုတာ ဥပမာ၊ ရေအိုး (၁၀၀၀) နဲ့ ပူနေတဲ့အခါ နေပူထဲက လာပြီးတော့ နေတဲ့အခါ အင်မတန် အအေးတောင့်တ, နေတော့ ဖျတ်ဆို ညဥ့်သိပ်ရေ ရေအိုးတစ်ထောင်နဲ့လောင်းပြီး ချိုးလိုက်တော့ ဒီလိုအေးဘိသကဲ့သို့ ဖြစ်တတ်ပါတယ်။
မဂ်ဆိုက်တဲ့ပုဂ္ဂိုလ်များ အဲဒါ အဋ္ဌကထာ ဆရာကဖွင့်တာ၊ ပါဠိတော်က အေးတယ်လို့ မလာဘူး။ (တင်ပါ့) အဲဒါ အေးတယ်လို့ ယူနေကြတာ။
ပါဠိတော်နှင့် အဋ္ဌကထာခွဲမှတ်ပါ
အာသိဉ္စမာနံဝိယ အေးသကဲ့သို့ ဖြစ်ပါတယ်၊ တကယ်အေးတာလားဆိုတော့ မဟုတ်ဘူး ကိလေသာတွေ မရှိတာဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) ကိလေသာ မရှိတာဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) ကိလေသာ မရှိတာကို ဆိုတာပါတဲ့ အဲဒါ သမ္မာဒိဋ္ဌိ သုတ်မှာလာတယ် ဒီဥစ္စာ အဋ္ဌကထာမှာလာတာ ပါဠိတော်မှာ မပါဘူး၊ အဲဒီတော့ ပါဠိတော်နဲ့ အဋ္ဌကထာခွဲမှတ်။
ကဲ - ဒါဖြင့် ဘယ်လိုအေးမည်လဲဘုရားလို့မေးတော့ ပဋိသမ္ဘိဒါမဂ်က ဟဒယသုသီတလမဂ္ဂဒဿနေ န သန္တပဋ္ဌော၊ ပဋိသမ္ဘိဒါမဂ်က ဒါလဲအဋ္ဌကထာပဲ ဟဒယသုသီတလ မဂ္ဂဒဿနေန နှလုံး၌ ငြိမ်းအေးခြင်း လက္ခဏာရှိသော မဂ္ဂသစ္စာ ရောက်မှသာလျှင် သန္တာပဋ္ဌေ - ကိလေသာ အပူငြိမ်းအေးသည် ဟောတိ - ဖြစ်၏။
အပူမီးငြိမ်းတာကို ဆိုတာပါ
မဂ်ပေါ်မှ ၀မ်းထဲက ကိလေသာ အပူမီးငြိမ်းတယ်လို့ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) မဂ်ပေါ်လာလို့ ရှိရင် ကိလေသာ အပူမီးငြိမ်းတာ ဒါကိုဆိုတာပါ အေးတယ်လို့ဆိုတာ မဟုတ်ဘူး ကိလေသာ အပူမီးငြိမ်းသွားပြီးတော့ ငြိမ်းတာမှ နိဗ္ဗာန် ခန္ဓာကိုယ်အေးတာ မဆိုလိုဘူး။
မဆိုလိုပါဘူးတဲ့... ခန္ဓာကိုယ်အေးလို့ရှိရင် သွေးဆုတ်သွားမှာပေါ့ (တင်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ်)။
ကိလေသာဟာနာမ်ဓမ္မ
ဒီအအေးကိုဆိုတာ မဟုတ်ပါဘူး၊ ကိလေသာအပူမီးငြိမ်းသွားတာကိုဆိုတာ... ကိလေသာဟာ နာမ်ဓမ္မပါပဲ.... နာမ်ဓမ္မပင် ဖြစ်လင့်ကစား မဂ်စိတ်တို့လို ငြိမ်ငြိမ်ဆိတ်ဆိတ်က မရှိဘူး။ ပူပူလောင်လောင်ရှိတယ်၊ ပျာယာခတ်တယ်၊ ဒီပျာယာခတ်တဲ့ စိတ်တွေ ပျောက်သွားတာကို ဆိုတယ်။ ပျာယာခတ်တာကို ငြိမ်းသွားတယ်ဆိုတာပါ ငြိမ်းတာပါ အေးတယ်လို့ ယူပစ်လိုက်လို့ စင်စစ်တော့ ကိလေသာငြိမ်းတာ၊ ပေါ်ပြီလား (တင်ပါ့) တကယ် အေးတာမဟုတ်ဘူး ကိလေသာငြိမ်းတာ။
တကယ်အေးရင်ဖြင့် ခင်ဗျားတို့ (ဂတ်(စ်)) တွေ ဘာတွေ လွှတ်ရဦးမှာပေါ့ (တင်ပါ့) ဥပမာပြတာ၊ ဒါကို အဟုတ်အေးတယ် ယူပစ်လိုက်ပါတယ်။ ယခုခင်ဗျားတို့က ခင်ဗျားတို့ ကြားဖူးတာက အဲဒီလို မအေးပါ ဘူး၊ ကိလေသာ မရှိလို့ ကိလေသာက နဂိုက ငါဘုရားက ဟောထားတာ အပူဓာတ်၊ မဂ်က အအေးဓာတ်က မဂ်ဆိုက်လာလို့ရှိရင် ကိလေသာ အပူပျောက်တယ်လို့ ဟောတာ ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် တစ်ကိုယ်လုံး အေးသွားတာကို ဆိုလို့ရပါမည်လား မရဘူးတဲ့၊ သို့သော်လည်း တစ်ခုစဉ်းစား ပါလို့ ခင်ဗျားတို့ကို သတိပေးလိုက်တယ်။ ပူတာကို ပူမှန်းသိတဲ့ပုဂ္ဂိုလ်မှ အေးတာ အေးမှန်းသိတယ် (တင်ပါ ဘုရား) ကိလေသာက ပူနေတာ။
ငြိမ်းမှုနဲ့အေးမှုတခြားစီ
ခင်ဗျားတို့က အစိုးရအလုပ်လုပ်တယ်၊ ဥပမာ - မောင်သက်မောင်ကလည်း အရောင်းအ၀ယ် လုပ်တယ်၊ အစရှိသည်တို့ကို လုပ်နေတော့ ၀မ်းထဲမှာ ရှုပ်ပွေနေတာပဲ၊ ဂနာမငြိမ်ဘူး အဲဒီ ဂနာမငြိမ် တာတွေ ပျောက်တာကို အေးတယ်လို့ဆိုတာပါ၊ ကိလေသာငြိမ်းတာကို အေးတယ်လို့ဆိုပါတယ်၊ ငြိမ်းမှုနဲ့ အေးမှုဟာ တခြားစီ၊ ငြိမ်းမှုကငြိမ်းမှု၊ အေးမှုက သီတတေဇော၊ ငြိမ်းမှုက မဂ်၊ မဂ်ကြောင့် ကိလေသာငြိမ်း သွားတာ၊ သဘောပါပြီလား၊ ဒါဖြင့် ဒုတိယ အဖြေပြီးရောပေါ့၊ (တင်ပါ့ဘုရား)။
အမေးပုစ္ဆာ = တတိယတော့ တပည့်တော်ကို အဲဒါနဲ့ အရှင်ဘုရား ခုနက သံယုတ်ပါဠိတော်မှာ မေးတဲ့လူရှိတယ်၊ ပုဏ္ဏားက ဘုရားလာမေးတယ်-
အရှင်ဘုရား အတ္တရှိပါသလား၊ အတ္တရှိပါတယ်လို့ ငါမဟောဘူး၊
ဒါဖြင့် အနတ္တရှိပါသလား၊ အနတ္တရှိတယ်လို့ ငါမဟောဘူး၊
ဘုရားကနှစ်ခုစလုံး ပယ်ချလိုက်တယ်၊
ဒါနဲ့အရှင် အာနန္ဒာက အနားမှာရှိတယ်၊ အရှင်ဘုရား အတ္တရှိသလား ဆိုတော့ မရှိဘူးဟောလိုက်တယ်၊
နို့ အနတ္တမရှိဘူးလား ဆိုလို့ရှိရင်လည်း မရှိဘူးလို့ ဟောလိုက်တော့ မခက်ဘူးလားဘုရား?
ပုဂ္ဂိုလ်ငဲ့ဟောရတာ
အဖြေ = အနတ္တတွေပဲ (တင်ပါ့) ဟုတ်တယ်တဲ့ကွ၊ ငါ ဝေနေယျဇ္ဈာသယလိုက်ပြီး ဒီပုဏ္ဏား အယူလွဲသွားမှာ စိုးလို့ အတ္တရှိသလားဆိုရင် သဿတဒိဋ္ဌိဘက်ပြေးလိမ့်မယ်၊ ဒါဖြင့် အနတ္တသာရှိသလားဆိုတော့ အနတ္တရှိ တယ်လို့ ဆိုလိုက်ပြန်ရင်လည်း အနတ္တဆိုတာ ဘာမှမရှိဘူး ပျောက်ကွယ်သွားတာဆိုတာ အနတ္တဆိုတာ ဘာမှ မရှိဘူး ပျောက်ကွယ်သွားတာဆိုတာ အဲဒီတော့ဥစ္ဆေဒဒိဋ္ဌိဘက်ပြေးလိမ့်မယ်၊ အဲဒါကြောင့် သဿတ ဥစ္ဆေဒ ဒီနှစ်ခုလွတ်အောင် ငါဖြေလိုက်ခြင်းဖြစ်တယ်၊ ပေါ်ပြီလား (တင်ပါ့)။
အဲဒီ သံယုတ်ပါဠိတော် ... ဒါဖြင့် စင်စစ် ပုဂ္ဂိုလ်ကို မငဲ့ဘဲနဲ့ ပုဏ္ဏားဥာဏ်ကို ဘုရားက မချိန်ဘဲနဲ့ နိဗ္ဗာန်ရောက်ကြောင်း ဟောမယ်ဆိုရင် အနတ္တရှိတယ်ဟောရမယ်၊ အတ္တရှိတယ်လို့ မဟောရဘူး ရှင်းပြီလား (ရှင်းပါပြီဘုရား)။
အမေးပုစ္ဆာ = နောက်ဆုံးလျှောက်လိုတာက - ဒီမဂ်ရပြီးတဲ့ ပုဂ္ဂိုလ်များဟာ တပည့်တော်တို့လို သာမန်လူ အနေနဲ့ စားသောက်နေထိုင်တဲ့အခါကြတော့ ဒိဋ္ဌိကြီးတန်းလန်းကြီးနဲ့ပါနေတာပေါ့ဘုရား
မဂ်ရပြီးတဲ့ ပုဂ္ဂိုလ်ကတော့ သူလည်း စားသောက်နေလို့ရှိရင် မဆင်ခြင်လို့ရှိရင် တပည့်တော်တို့နဲ့ မထူးဘူးလို့ ဒီလို အောက်မေ့ပါတယ်။
ရောဂါပျောက်ပြီးတဲ့ပုဂ္ဂိုလ်
အဖြေ = ဒါက ဒီလို ရောဂါ မပျောက်သေးတဲ့ ပုဂ္ဂိုလ်က မတည့်တာ စားတာတစ်မျိုး၊ ရောဂါပျောက်တဲ့ ပုဂ္ဂိုလ်က မတည့်တာ စားတာ တစ်မျိုးဒီလို ထူးခြားပါတယ်။
ရောဂါပျောက်ပြီးသား ပုဂ္ဂိုလ်က မတည့်တာစားတာ သူ့မှာ အစာကြေတယ်၊ ဟို မပျောက်သေးတဲ့ ပုဂ္ဂိုလ်က ရောဂါထ,တယ်၊ ဒီလိုကွာသွားပါတယ်၊ သူ့မှာ ဒိဋ္ဌိပြုတ်ပြီးသားပါ၊ သမုစ္ဆေဒပယ်ပြီးသားပါ၊ ဒီလိုကွာသွားပါတယ်၊ သဘောပါပြီလား။
ဒိဋ္ဌိ, ၀ိစိကိစ္ဆာ, သီလဗ္ဗတ ပရာမာသလို ပယ်ပြီးသားဖြစ်ပါတယ်၊ နေပုံ ထိုင်ပုံက ချို (ဂျို) မပေါက်ပါ ဘူး၊ သို့သော် ခင်ဗျားနောက် ဘုန်းကြီးအကြောင်း ညီညွတ်ရင် သောတာပန်မှာ ပေါ်တဲ့ (၇) စိတ်ကို ကျုပ်အထက်ကနေပြီးတော့ ရေးပေးပါဦးမယ် (တင်ပါ့ဘုရား)။
သာဓု … သာဓု … သာဓု။
(Dhammaransi မှကူးယူဖော်ပြပါသည်။)
Subscribe to:
Posts (Atom)