မြန်မာနှစ်ဆန်း(၁)ရက်နေ့ တောင်ရောက်လို့ နှစ်သစ်တစ်နှစ်ကူးခဲ့ပြန်ပါပြီ။ နှစ်ဆန်းရက်ရောက်တိုင်း မှတ်မှတ်ယယ
မလေးနဲ့ အတူ ရွှေထီးတော်၊ စိန်ဖူးတော်မြတ်ကို စိန်စစ်စစ်နဲ့  တင်လှူခဲ့ကြတဲ့ မင်္ဂလာဒုံ၊ ပျဉ်းမပင်က အာယုဒီဃ ပျိုးဥယျာဉ်စာသင်တိုက်နှင့်ပရဟိတဘုန်းတော်ကြီး ကျောင်းတိုက်ထဲမှာ တည်ထားကိုးကွယ်တော်မူထားတဲ့ “ချမ်းသာအောင်”စေတီတော်မြတ်ရဲ့ ဗုဒ္ဓပူဇနိယပွဲတော်နေ့  ကျင်းပနေတဲ့ နှစ်သစ်ကူးမင်္ဂလာနေ့ လေးမို့  လှူဒါန်းခဲ့ကြတဲ့ ကုသိုလ်လေးတွေ ပြန်လည်သတိရစွာရှိနေမိပါတယ်…ဒါတင်မက အာယုဒီဃပျိုးဥယျာဉ်စာသင်တိုက် ပဓါန၊ နာယက ဆရာတော်ကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအရိယ၀ံသ စောင့်ရှောက်ထားတဲ့ နယ်စပ်နဲ့ တောင်တန်း ဒေသက ရှင်မပြုရသေးတဲ့ ကလေးငယ်လေးတွေအားလုံးကို ရှင်ပြု၊ ရဟန်းခံအလှူ လှူခဲ့ကြတာတွေပါ ပြန်ပြောင်းသတိရ နေမိရင်း မလေး ထပ်တူဝမ်းသာသတိရစေဖို့  နှစ်သစ်မင်္ဂလာနေ့ အမှတ်တရ ရေးဖြစ်ဖို့ အားအင်ဖြစ်လာရပါတော့တယ်…
ပြုပြုသမျှကုသိုလ်အားလုံးအတွက် သာဓု၊ သာဓု၊ သာဓုပါ မလေး…. ထိုကုသိုလ် တို့ ရဲ့ စွမ်းအားသတ္တိတွေကြောင့် မလေး သည့်ထက်၊ သည့်ထက် မြတ်သာသနာတော်ကြီး အတွက် လှူဒါန်းနိုင်ပါစေ။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ တို့ နှင့်ပြည့်စုံ ပါစေကြောင်း ဆုမွန်များ တောင်းဆုပြုပေးလိုက်ပါကြောင်းပါ….
မောင်ဓါတု(မြတ်သာသနာ)
No comments:
Post a Comment